အချိန်တန်ပြီ ပအိုဝ်းတစ်မျိုးသားတို့ နှိုးထကြလော့

အမြင်ဆောင်းပါး | ခွန်ကျော်စွာ | စက်တင်ဘာ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ပုထုဇဉ်လူသားတိုင်းဖြစ်ကြတာမို့ အတိတ်ကာလကဖြစ်ပျက်ခဲ့သမျှ - အတ္တအကျိုး၊ လောကအကျိုး၊ မာန်မာဏအကျိုးများ ရှိခဲ့ကြသော်လည်း ယခုအချိန်မှာ - သင်ပုန်းချေသင့်ပါပြီ ကလာကာ - စီးခြားထားခဲ့ကြပါ တော့လို့ ဦးစွာအကြံပေးပါရစေခင်ဗျား။

ယခုလက်ရှိ ကျွန်တော်တို့အမျိုးသားရေး ဘယ်လောက်ထိနိမ့်ကျနေလဲ ဘယ်အခြေအနေ ဘယ်အဆင့်ရောက် နေသလဲဆိုတာလည်း သိကြမှာပါ။ အထက်အောက် - လုပ်ဖော်ကိုင်ဖက် - လူထုအတွင်းတွေမှာလည်း စေးမကပ်ကြတော့ပါဘူး၊ အဖွဲ့အစသည်းအနေနဲ့လည်း အမျိုးမျိုး အဖွဲ့ဖွဲ့တွေနဲ့ ဒေသအရလည်း အမျိုးမျိုးစီးခြားနေတဲ့ အခြေအနေ ရောက်နေပါပြီ။ ခေါင်းမလုံတဲ့ အိမ်လို၊ ခေါင်းဆောင်မရှိတော့တဲ့ အခြေအနေမျိုးလိုဖြစ်နေတာ အမှန်ပါဘဲ။ ဒီလိုသာဆိုရင် ရှေ့ဆက်ရမဲ့ခရီး၊ မတွေးဝံ့စရာပါဘဲဗျာ။ ပြည်သူလူထုတွေလည်း ပြန့်ကြဲနေကြပါပြီ။ ဘယ်သူ့စကားနားထောင်၊ ဘယ်သူ့နောက်လိုက်ကြရမလဲ၊ မသိတော့ပါဘူး။ သေသေချာချာတွေးကြပါတော့။

မိမိတို့ရဲ့ဘဝသက်တမ်းလည်း ဇရာဘက်ရောက်ပြီး မာရဏဘက်သို့ နီးနေကြပါပြီ။ လောဘတွေဒေါသ တွေလည်း သုံးစွဲခံစားနေကြရပြီးဖြစ်ပါတယ်။ ချမ်းသာစွာလည်း နေနေကြပါပြီဗျာ။

ကျန်ရှိနေသေးတဲ့ ဘဝရှေ့ရေးကို အမျိုးသားရေးအတွက် သန့်သန့်ရှင်းရှင်းနဲ့ ဖြူစင်တဲ့စိတ်ထားကို မွေးမြူကြပြီး လုပ်ဆောင်ကြရင် ယခုဘဝရော နောင်သံသရာမှာပါ အကျိုးရလာဒ်ကောင်းရရှိကြမှာကို တွေးမိ ကြပါတော့ဗျာ။ စဉ်းစားကြပါတော့ဗျာ။ အမျိုးသားရေးတစ်ခုတည်းကိုသာ စဉ်းစားပြီး သမိုင်းသစ်ကို ရေးကြစို့ပါ ဗျာ။ အတိတ်ကို အတိတ်မှာထားကြပါတော့။ ဘယ်လောက်ဆိုးဆိုး ဘယ်လောက်တေတေ ဘယ်လောက်မိုက် မိုက် ယုတ်မာတဲ့စိတ်- လူယုတ်မာသာ မဖြစ်ရင်ပြီးတာပါပဲ။ အမျိုးသားအရေး တွေးမိရင် ရင်လေးမိလို့ပါဗျာ။ ရှက်စရာလည်း အလွန်ကောင်းနေပါပြီ။ ပတ်ဝန်းကျင်လူမျိုးစုတွေကို တွေးကြည့်ပြေးကြည့်ပါ။ နှိုင်းယှဉ်ကြပါလို့ ပြောချင်ပါတယ်။ ဒို့ပအိုဝ်းတွေ တသွေးတသံတည်း ဖြစ်ဖို့လိုပါပြီ အချိန်မရှိတော့ပါဘူး။

ဒါကြောင့် အသိပညာရှင် အတတ်ပညာရှင်များ ခင်ဗျား သီးခံခွင့်လွှတ်ခြင်း များစွာဖြင့် အချိန်မရှိတော့တဲ့ အတွက် အမျိုးသားရေးကို အကြံဥာဏ်ပေးခြင်း ကိုယ်တိုင်ပါဝင်ခြင်းများဖြင့် ဆောင်ရွက်ပေးကြပါတော့ လက်တွဲကြပါတော့လို့ အနူးအညွှတ်တောင်းဆိုလိုက်ပါတယ် ခင်ဗျား။ ဒီမိုကရေစီခေတ်ကြီးကို ဒို့လူမျိုး တရပ်လုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လက်တွဲချီတက်ကြပါစို့လား ခင်ဗျား။ အဓိဌာန်ပြုကြပါစို့ လားခင်ဗျား။ အချိန်မရှိတော့တာမို့ အမြန်ဆုံး လက်တွဲဖော်ဆောင်ကြပါတော့လို့ အကြိမ်ကြိမ် အသိပေးနှိုး ဆော်လိုက်ရပါသည်ခင်ဗျား။

တကြော့ပြန် အားမာန်

ငါမအိုသေး အမျိုးသားရေးကို
ကိုယ်စွမ်းဥာဏ်စွမ်း သဒ္ဒါ ပန်းဖြင့်
တလှမ်းနှစ်လှမ်း ဝိုင်းကာထမ်းမည်
စုစည်းညီစွာ ရောက်ရှိလာပြီ
ဝိုင်းစို့ဝန်းစို့ ဗျို့ ကိုယ့်လူတို့။

No comments: