ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှု သင်တန်း ဆီဆိုင်တွင်ဖွင့်လှစ်

နန်းဒီမိုကရေစီ (ဆီဆိုင်) | နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကောင်ရွေပအိုဝ်းလူငယ်ကွန်ရက်အဖွဲ့မှ ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှုနှင့် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲစနစ်သင်တန်းကို နိုဝင်ဘာ ၁၄ ရက် နောင်ကျောကျေးရွာအုပ်စု ပုံးလောင်းကျေးရွာ အောင်သုခကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

RCSS/SSA အဖွဲ့မှ နမ့်စန်ဒေသတွင် အတင်းအဓမ္မ တပ်သားစုဆောင်းနေ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာ ၂၆၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် ရွာကြီးလျှင် လူ ၅ ဦး၊ ရွာသေးလျှင် ၃ ဦးဖြင့် RCSS/SSA လက်နက်ကိုင်အဖွဲ့အစည်းမှ အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်းကို နိုဝင်ဘာ ၉ ရက်နေ့တွင် ဒေသခံများပြောပြချက်အရ သိရှိရပါသည်။

ဂျူနီဗာမြို့တွင် ကလေးစောင့်ရှောက်ရေးစာချုပ် ပအိုဝ်းအဖွဲ့ (PNLO) လက်မှတ်ရေးထိုး

ခွန်သွီးပအိုဝ်းခမ်းကောင် | နိုဝင်ဘာ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆွစ်စလန်နိုင်ငံ ဂျူနီဗာမြို့တွင် ဂျူနီဗာကောအဖွဲ့မှ ပြုလုပ်သောတတိယအကြိမ်အစည်းဝေးတွင် လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း ကလေးသူငယ်စောင့်ရှောက်ရေးသဘောတူစာချုပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာ၂၃ ရက်နေ့တွင် သိရသည်။

ကြီးနိုင်ငယ်ညှင်းတဲ့တိုင်းရင်းသားတော်လှန်တော်ရေးနှင့် ပအိုဝ်းအမျိုးသားညီလာခံသို့

စါင်ဖါအောင် နှင့် ဗွေစါင်ပေ | အမြင်ဆောင်းပါး
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

စာရေးသူအနေနှင့် ဗွေစါင်ပေ နှင့် မတွေ့ဖြစ်သည်က တကြောင်း၊ သတင်းအရင်းအမြစ် ဖြစ်သော ပအိုဝ်းလူကြီးများ အလုပ်ရှုပ်နေ၍ မဆုံဖြစ်ကြသည်က တကြောင်း တို့ကြောင့် “အမျိုးသားခေါင်းဆောင်ဆိုသည်မှာ” ဆောင်းပါး နောက်ပိုင်း စာမရေး ဖြစ်ခဲ့ပါ။ ယ္ခု မြေပြန့်ဒေသ ပအိုဝ်းအမျိုးသားတို့၏ ညီလာခံဆိုင်ရာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပမည်ဟူသော ထုတ်ပြန်ကြေငြာချက်ကို ဖတ်ရှုရသဖြင့် ဤဆောင်းပါးကို အချိန်မီရေးသားရန် စိတ်ကူးရလာခြင်းဖြစ်သည်။

ငါးမန်းဂိမ်းလောင်းကစားဝိုင်း လူငယ်များဘ၀ကို ခြိမ်းခြောက်နေ

ခွန်နဂါးဗွာ | နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်


တောင်ကြီးမြို့တွင် ခေတ်စားနေသော ငါးမန်းဂိမ်းလောင်းကစားဝိုင်းသည် ဥပဒေမဲ့ဖွင့်လျစ်နေခြင်းပြီး တက္ကသိုလ်ကျောင်းသားများ၊ လက်လုပ်လက်စားပြည်သူလူထုများကို ဘဝပျက်အန္တရာယ်ပြုသော လောင်းကစားဝိုင်းများကြောင့် အိမ်ပေါင်၊ ကားပေါင်သည့်အပြင် မြို့ပြနှင့် ကျေးရွာများအတွင်း သူခိုးများ ပေါများလာသည့်အဆင့်ဖြစ်နေကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

ပြည်သူ့ရဲတပ်ဖွဲ့မှ ပစ်သတ်လိုက်သောဟိုးပုံးမြို့နယ် ကြားဖြူပါတီ ဒုဥက္ကဌဦးလုံးရွှေအား အမှုမှန်ပေါ်ပေါက်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖါလဲကျေးရွာနေ ကျားဖြူပါတီ ဟိုပုံးမြို့နယ် ဒုဥက္ကဌ ဦးလုံးရွှေသည် စက်တင်ဘာ၁၂ ရက်နေ့တွင် ဟိုပုံးပြည် သူ့ရဲတပ်ဖွဲ့ဝင်က ပစ်သတ်ကာသေဆုံးမှုကို အမှုမှန်ပေါ်ပေါက်စေရန် နိုဝင်ဘာ၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ကျားဖြူပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲကျင်းပကြောင်း သိရသည်။

ဒီမိုကရေစီအပြောင်းလဲကာလမှာ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများ စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၃ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



American cannot be bluffed by the Burmese Generals

Kanbawza Win | 3 November 2014 | Taunggyi Time

The U.S. has imposed sanctions on Burmese lawmaker and businessman linked to attacks on the country’s democratic opposition. The sanctions, announced just come days before President Barack Obama is scheduled to visit Burma, as part of a gathering of regional leaders. The sanctions will require U.S.-connected firms and individuals to freeze the assets of Aung Thaung, a current member of Burma’s lower house of parliament and former industry minister and army officer. [1]