မှတ်ရန် = ယခုဆောင်းပါးအား ၂၀၁၅ ခု အောက်တိုဘာလ ၅
ရက်မှ တောင်ကြီးတိုင်းမ်စာမျက်နှာတွင် ဖေါ်ပြခဲ့ပြီး
မဖတ်ရသေးသောသူများဖတ်ရှုနိုင်ရန် ပြန်လည်တင်ပြလိုက်ခြင်းဖြစ်ပါသည်။
ရေးသားတင်ပြသူ = ခွန်ဆန်ကီ
ဖြားဗွာလှဖေသည် ၁၉၁၀ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်
ဘီလင်းမြို့နယ် ညောင်ပလ္လင်ကျေးရွာအုပ်စု သံပရာဆိပ်ရွာနေ ဦးဖိုးဒွန်း
ဒေါ်နန်းတို့မှ ဖွားမြင်သော သားသမီး (၃)ဦးအနက် အငယ်ဆုံးသားဖြစ်သည်။ ၁၉၃၂
ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် B.Sc Hons သိပ္ပံဂုဏ်ထူးတန်းဘွဲ့ကို လည်းကောင်း၊ ၁၉၃၆ ခုနှစ်တွင်
အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်တွင် BL ဥပဒေဘွဲ့ကိုလည်းကောင်း
ဆွတ်ခူးရရှိခဲ့သည်။
၁၉၃၉ နောက်ပိုင်းတွင်
ဝန်ကြီးဟောင်းတစ်ဦးဖြစ်သော တနင်္သာရီအမျိုးသားအဖွဲ့ခေါင်းဆောင် စောဖိုးချစ်
ဦးစီးတည်ထောင်သည့်တပ်ဖွဲ့၊ လွှတ်တော်ဒုဥက္ကဌဟောင်း ဖြားဗွာလှဖေ
ဦးစီးတည်ထောင်သည့်တပ်ဖွဲ့ စသည်ဖြင့် ကိုယ်ပိုင်စစ်တပ်ဖြင့် ဖွဲ့စည်းထားကြသည်။
ဖြားဗွာလှဖေသည် ထိုအချိန်တွင် ဒေါက်တာဘမော်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုတို့
ဦးစီးတည်ထောင်ခဲ့ကြသော မြန်မာ့အမျိုးသားတပ်ဦးကြီးဖြစ်သည့် ဗမာ့ထွက်ရပ်ဂိုဏ်းခေါ်
နယ်ချဲ့တော်လှန်ရေး တပ်ပေါင်းစုကြီးနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်သည်။
၁၉၄၂ တွင် ဂျပန်စစ်သေနာပတိ ဂျင်နာရယ် အီးဒါက
ဖွဲ့စည်းပေးသော မြန်မာပြည်အုပ်ချုပ်ရေးအဖွဲ့ကို ဖြားဗွာလှဖေက
ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၄၃
ခုနှစ် မတ််လ (၂၃)ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးဆွေးနွေးရန်အတွက်
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖြားဗွာလှဖေသည် ဂျပန်နိုင်ငံ တိုကျိုမြို့သို့
သွားရောက်ခဲ့ကြသည်။
၁၉၄၃ ခုနှစ် သြဂုတ်လ (၁)ရက်နေ့တွင်
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ပြည်အစိုးရ ပေးသော ရွှေရည်စိမ်
မြန်မာ့လွှတ်လပ်ရေးမှ ဒေါက်တာဘမော်ဦးဆောင်သော အစိုးရအဖွဲ့တွင် ဖြားဗွာလှဖေ သည်
သစ်တော်နှင့် သတ္တုတွင်းဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကို ခံရသည်။ ၁၉၄၅ ခုနှစ် ဧပြီလ
(၂၂)ရက်နေ့တွင် မဟာမိတ်များ တန်ပြန်ထိုးစစ်ဆင်ခြင်းကြောင့် ဦးလှဖေသည်
ဂျပန်စစ်တပ်များနှင့်အတူ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ဆုတ်ခွာခဲ့ရသည်။
၁၉၄၆ ခုနှစ် မတ်လ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ
ကျင်းပသော ရှမ်းပြည်လက်မှုပြပွဲအမည်ခံ ပထမပင်လုံညီလာခံသို့ ဖိတ်ကြားထားသည့် ဖဆပလ
ကိုယ်စားလှယ်များအနက် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဖြားဗွာလှဖေ တို့တက်ရောက်ခဲ့သည်။
ထိုညီလာခံမှ ရှမ်းပြည်လွှတ်မြောက်ရေးအဖွဲ့ ရပလမှ ပအိုဝ်းကိုယ်စားလှယ်များ
ဖြစ်ကြသော ဦးဖြူ၊ ဖြားနန္တာဟိန်၊ ဗိုလ်ဟိန်မောင် ဆက်သွယ်မိပြီး
၎င်းညီလာခံအပြန်တွင် သထုံဆီဆိုင်စော်ဘွားစဝ်ခွန်ကြည်သို့ သွားရောက်တွေ့ဆုံခဲ့သည်။
ထိုနောက် ၁၉၄၆ ခုနှစ် ဇွန်လတွင် ဖြားဗွာလှဖေသည် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို
သထုံမြို့ရှိ ညောင်ဝိုင်းဘုန်းကြီးကျောင်းတွင် ဖွဲ့စည်းထူထောင်ခဲ့သည်။
ဖြားဗွာလှဖေသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ
(၃)ရက်မှ (၁၃)ရက်ထိ ကျင်းပပြုလုပ်သော ပင်လုံညီလာခံတွင် ကရင်ကိုယ်စားလှယ်အဖြစ်
တက်ရောက်ခဲ့သည်။ ထိုနောက် ၁၉၄၇ ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ကေအဲန်ယူကို
ပြန်လည်ဖွဲ့စည်းရာ ဖြားဗွာလှဖေက ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသည်။
၁၉၄၈ ခုနှစ် ဖြားဗွာလှဖေ ပါဝင်ဦးဆောင်သော
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ဦးဆောင်သော
သထုံခရိုင်ပအိုဝ်းအမျိုးသားဆန္ဒပြပွဲတစ်ရပ်ကို သထုံမြို့ မော်ကျော့ရပ်၊
ရေကျော်ဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ပြီး (၁)
ပအိုဝ်းလူမျိုးတို့အား တောင်သူလူမျိုးခေါ်ခြင်းကို နောက်နောင်တွင်
ပအိုဝ်းလူမျိုးဟု ခေါ်ဆိုရေးသားရန်။ (၂) ပအိုဝ်းလူမျိုးအား တပ်ရင်း
(၂)ရင်းဖွဲ့စည်းပေးရန် စသည်အဆို နှစ်ရပ်ကို တောင်းဆိုခဲ့သည်။
နိုင်ငံတော်အစိုးရလည်း ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ခေါ်ဆိုခြင်းအား
နောက်နောင်တွင် ပအိုဝ်းလူမျိုးဟု ခေါ်ဆိုရေးသားရန်အဆိုကို အသိအမှတ်ပြုကြောင်းနှင့်
တပ်ရင်း (၂)ရင်းဖွဲ့စည်းခြင်းမှာ နိုင်ငံတော်တွင် စစ်တပ်ရှိပြီးဖြစ်၍
မဖြစ်နိုင်ကြောင်း စစ်မှုဝင်ရောက်ထမ်းလိုပါက စီစဉ်ပေးမည်ဟု ပြန်ကြားခဲ့သည်။
ဖြားဗွာလှဖေသည် ၁၉၄၈ ခုနှစ် သြဂုတ်လ
(၃)ရက်နေ့တွင် တော်လှန်ရေးလုပ်ရန် တောခိုပြီး ကေအဲန်ယူခေါင်းဆောင်များ၊
ကေအဲန်ဒီအိုတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး သထုံခရိုင်ကို စတင်သိမ်းပိုက်ခဲ့သည်။
၁၉၄၉ တွင် ဖြားဗွာလှဖေသည် ကေအဲန်ဒီအိုတပ်ဖွဲ့များနှင့်အတူ ရှမ်းပြည်နယ်သို့
ရောက်ရှိခဲ့သည်။ ရှမ်းပြည်နယ်တွင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊
အမျိုးသားစာပေနှင့် ယဉ်ကျေးမှု စသည်တို့ ခေတ်နောက်ကျကျန်ခဲ့သည်ကို မြင့်တင်ရန်
စိတ်အားထက်သန်ခဲ့သည်။
၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင်
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပအလဖ)ကို ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ ထိုနောက်
ဖြားဗွာလှဖေသည် အုတ်လုပ်ငန်းကို ရင်းနှီးမြှုပ်နှံရန် မော်လမြိုင်ဘဏ်နှင့်
ရန်ကုန်ဘဏ်တွင် မိမိပိုင်ဆိုင်သော ငွေ (၁၅)သိန်းကို လူယုံတစ်ဦးအား ထုတ်ယူစေခဲ့သည်။
ထိုငွေများဖြင့် ကေအဲန်ယူထံ တပ်ရင်း(၃)ရင်းစာ လက်နက်များဝယ်ယူပြီး ပအလဖ တပ်ဖွဲ့ကို
စနစ်တကျ ဖွဲ့စည်းခဲ့သည်။ ၁၉၅၀ တွင် ပအလဖ ရဲဘော်များ အလင်းဝင်ခဲ့သည်ကို
ဖြားဗွာလှဖေက တောတွင်း၌ ကျန်ခဲ့သည်။ ၁၉၅၁ တွင် ပအလဖ အလင်းဝင်ခေါင်းဆောင်
ဗိုလ်ချန်ဇုံအား ပုဒ်မ(၅)ဖြင့် (၅)လခန့်ကြာ ဖမ်းဆီးထောင်ချခြင်းခံရသည်။ ထိုနောက်
ဗိုလ်ချန်ဇုံသည် တောတွင်းတွင် ကျန်ရှိနေသည့် ဖြားဗွာလှဖေနှင့်
ပြန်လည်ပူးပေါင်းပြီး လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဖြင့် ဆက်လက်လှုပ်ရှားခဲ့သည်။
၁၉၅၈ ခုနှစ် မေလ (၅)ရက်နေ့တွင်
ပဒေသရာဇ်စနစ်ဆိုးချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ ပအိုဝ်းအခွင့်အရေးရရှိရေးအတွက်
ဖြားဗွာလှဖေ ဦးဆောင်သော ပအလဖ ရဲဘော် ၁၃၃၃ ဦးနှင့်အတူ လက်နက်နှင့်
ဒီမိုကရေစီလဲလှယ်ရေးကို တောင်ကြီးမြို့ ၂၁၂ ကွင်းတွင် ပြုလုပ်ခဲ့သည်။
၁၉၆၀ ခုနှစ်တွင်
ပြည်လုံးကျွတ်ပါလီမန်ရွေးကောက်ပွဲ၌ ရွေးကောက်ခံရသော
ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ)အမတ် (၃)ဦးအနက် ဖြားဗွာလှဖေသည်
ညောင်ရွှေမြို့နယ် အရှေ့ဘက် မဲဆန္ဒနယ်မြေတွင် ရွေးကောက်တင်မြောက်ခြင်းခံရသည်။ ၁၉၆၁
ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကြီးမြို့၌ ကျင်းပသော ပြည်နယ်များညီညွှတ်ရေးညီလာခံအား
ဖြားဗွာလှဖေတက်ရောက်ပြီး ထိုနှစ် နိုဝင်ဘာလတွင် ရှမ်းပြည်အနေဖြင့်
ပြင်ဆင်ညှိနှိုင်းသည့် ဖက်ဒရယ်မူဝါဒကို ပအမဖ အမတ်များဖြစ်သော ဖြားဗွာလှဖေ၊
ဦးကျော်စိန်နှင့် ဦးဖြူတို့လည်း ပါဝင်ခဲ့သည်။
၁၉၆၃ ခုနှစ် ဇွန်လ (၁၁)ရက်နေ့တွင်
တော်လှန်ရေးကောင်စီအစိုးရက တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် စကားကမ်းလှန်းခဲ့သည်။ ထိုနောက် ၁၉၆၃
ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သခင်ကိုယ်တော်မှိုင်းက
နာယကအဖြစ်လည်းကောင်း၊ ဖြားဗွာလှဖေက ဥက္ကဌအဖြစ်လည်းကောင်း ပြည်သူ့ကော်မတီကို
ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီသည် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့ ညနေပိုင်းတွင်
ရန်ကုန်မှ ၂၂ မိုင်ဝေးသော ထောက်ကြန့်တွင် (၆)ရိုင်ဆန္ဒပြပွဲကို လူထု
(၁)သိန်းကျော်တက်ရောက်ပြီး ဖြားဗွာလှဖေနှင့် သခင်ကိုယ်တော်မှိုင်းတို့
အသီးသီးမိန့်ခွန်းမြွှတ်ကြားခဲ့ကြသည်။ ပြည်သူ့ကော်မတီက
တောတွင်းလက်နက်ကိုင်ကိုယ်စားလှယ်များနှင့် အစိုးရတို့တွေ့ဆုံရာတွင်
အောင်မြင်ရေးအတွက် အနိမ့်ဆုံးလိုအပ်ချက် အောက်ပါ (၅)ချက်ကို တင်ပြခဲ့သည်။
(၁) နှစ်ဦးနှစ်ဘက်ထိုးစစ်တိုက်စစ်များကို
ကမ်းလှမ်းသည့်အချိန် တွေ့ဆုံဆွေးနွေးသည့်ကာလ၊ ဆွေးနွေးပွဲပျက်ပြီး
လုံလောက်သောအချိန်ကာလအထိ (ပစ်ခတ်) ရပ်စဲရေး။
(၂) ဗဟို-ဗဟိုချင်း အပြီးဆွေးနွေးရေး
(၃) ရန်ကုန်တွင် ဆွေးနွေးရေး
(၄) တောတွင်းကိုယ်စားလှယ်များ လွတ်လပ်ခွင့်နှင့်
လုံခြုံမှုပေးရေး
(၅) အပြန်အလှန်တင်ပြချက်ကို
ပြည်သူတို့အားအသိပေးရေး တို့ဖြစ်သည်။
ထိုနောက် ၁၉၆၄ တွင် ဖြားဗွာလှဖေသည်
တော်လှန်ရေးကောင်စီစစ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရပြီး ၁၉၇၁ ခုနှစ်တွင် ထောင်မှ
ပြန်လွတ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မှ ပြန်လည်ထွက်ခွာလာပြီး
တော်လှန်ရေးနယ်မြေသို့ ပြန်ရောက်ရှိခဲ့သည်။ ၁၉၇၄ တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ
လွတ်မြောက်ရေးတပ်ဦးတွင် ဥက္ကဌတာဝန်ကို ဆောင်ရွက်ခဲ့သည်။ ၁၉၇၅ ခုနှစ် စက်တင်ဘာလ
(၂၄)ရက်နေ့ (တော်သလင်းလဆုတ်- ၅ ရက်နေ့) တွင် တောင်ကြီးမြို့နယ် ပန်တွန်ရွာ၌
လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ထိုနောက် ၁၉၇၆ ခုနှစ် ဇန္နဝါရီလတွင်
ဆီဆိုင်မြို့နယ် လုံးဒါဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်သော
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပီအဲန်အို) ပထမအကြိမ်ညီလာခံတွင် ကန့်ကွက်သူမရှိ
တညီတညွတ်တည်းဖြင့် ဆန္ဒပေးကြရတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး ဖြားဗွာလှဖေ
ကွယ်လွန်သည့် တော်သလင်းလဆုတ် (၅)ရက်နေ့ကို ပအိုဝ်းအာဇာနည်နေ့အဖြစ်
ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။
ရေးသားတင်ပြသူ - ခွန်ဆန်ကီ | အောက်တိုဘာ ၅၊ ၂၀၁၅ | တောင်ကြီးတိုင်းမ်
By ခြန္ခ်န္ကီ | ေအာက္တိုဘာ ၅၊ ၂၀၁၅ | ေတာင္ႀကီးတိုင္းမ္
ျဖားဗြာလွေဖသည္ ၁၉၁၀ ခုႏွစ္ မတ္လ ၂၄ ရက္ေန႔တြင္
ဘီလင္းၿမိဳ႕နယ္ ေညာင္ပလႅင္ေက်းရြာအုပ္စု သံပရာဆိပ္ရြာေန ဦးဖိုးဒြန္း ေဒၚနန္းတို႔မွ
ဖြားျမင္ေသာ သားသမီး (၃)ဦးအနက္ အငယ္ဆုံးသားျဖစ္သည္။ ၁၉၃၂ ခုႏွစ္တြင္
ရန္ကုန္တကၠသိုလ္တြင္ B.Sc Hons သိပၸံဂုဏ္ထူးတန္းဘြဲ႕ကို လည္းေကာင္း၊ ၁၉၃၆
ခုႏွစ္တြင္ အဂၤလန္နိုင္ငံ၊ လန္ဒန္တကၠသိုလ္တြင္ BL ဥပေဒဘြဲ႕ကိုလည္းေကာင္း ဆြတ္ခူးရရွိခဲ့သည္။
၁၉၃၆ ခုႏွစ္မွစ၍ သထုံခရိုင္အေနာက္ျခမ္းမွ
ဥပေဒျပဳလႊတ္ေတာ္သို႔ ကရင္အမတ္အျဖစ္ လည္းေကာင္း၊ ၁၉၃၇ တြင္ ေဒါက္တာဘေမာ္ ဦးေဆာင္ေသာ
အစိုးရလက္ထက္တြင္ ပါလီမန္လႊတ္ေတာ္ ဒုတိယဥကၠဌအျဖစ္ လည္းေကာင္း တင္ေျမာက္ျခင္းကို
ခံရသည္။ ၁၉၃၉ မွ ၁၉၄၂ အထိ ျပည္သူ႔လႊတ္ေတာ္ တရားေရးဆိုင္ရာအတြင္းဝန္အျဖစ္
ခန႔္အပ္ျခင္း ခံရသည္။
၁၉၃၉ ေနာက္ပိုင္းတြင္ ဝန္ႀကီးေဟာင္းတစ္ဦးျဖစ္ေသာ
တနသၤာရီအမ်ိဳးသားအဖြဲ႕ေခါင္းေဆာင္ ေစာဖိုးခ်စ္ ဦးစီးတည္ေထာင္သည့္တပ္ဖြဲ႕၊
လႊတ္ေတာ္ဒုဥကၠဌေဟာင္း ျဖားဗြာလွေဖ ဦးစီးတည္ေထာင္သည့္တပ္ဖြဲ႕ စသည္ျဖင့္
ကိုယ္ပိုင္စစ္တပ္ျဖင့္ ဖြဲ႕စည္းထားၾကသည္။ ျဖားဗြာလွေဖသည္ ထိုအခ်ိန္တြင္
ေဒါက္တာဘေမာ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဦးႏုတို႔ ဦးစီးတည္ေထာင္ခဲ့ၾကေသာ
ျမန္မာ့အမ်ိဳးသားတပ္ဦးႀကီးျဖစ္သည့္ ဗမာ့ထြက္ရပ္ဂိုဏ္းေခၚ နယ္ခ်ဲ႕ေတာ္လွန္ေရး
တပ္ေပါင္းစုႀကီးႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့သူ တစ္ဦးျဖစ္သည္။
၁၉၄၂ တြင္ ဂ်ပန္စစ္ေသနာပတိ ဂ်င္နာရယ္ အီးဒါက
ဖြဲ႕စည္းေပးေသာ ျမန္မာျပည္အုပ္ခ်ဳပ္ေရးအဖြဲ႕ကို ျဖားဗြာလွေဖက
ကူးသန္းေရာင္းဝယ္ေရးႏွင့္ စက္မႈလက္မႈဝန္ႀကီးအျဖစ္ ခန႔္အပ္ျခင္းခံရသည္။ ၁၉၄၃ ခုႏွစ္
မတ္္လ (၂၃)ရက္ေန႔တြင္ ျမန္မာနိုင္ငံလြတ္လပ္ေရးေဆြးေႏြးရန္အတြက္
ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ ျဖားဗြာလွေဖသည္ ဂ်ပန္နိုင္ငံ တိုက်ိဳၿမိဳ႕သို႔
သြားေရာက္ခဲ့ၾကသည္။
၁၉၄၃ ခုႏွစ္ ၾသဂုတ္လ (၁)ရက္ေန႔တြင္
ဒုတိယကမၻာစစ္အတြင္း ျမန္မာနိုင္ငံကို ဂ်ပန္ျပည္အစိုးရ ေပးေသာ ေရႊရည္စိမ္
ျမန္မာ့လႊတ္လပ္ေရးမွ ေဒါက္တာဘေမာ္ဦးေဆာင္ေသာ အစိုးရအဖြဲ႕တြင္ ျဖားဗြာလွေဖ သည္
သစ္ေတာ္ႏွင့္ သတၱဳတြင္းဝန္ႀကီးအျဖစ္ ခန႔္အပ္ျခင္းကို ခံရသည္။ ၁၉၄၅ ခုႏွစ္ ဧၿပီလ
(၂၂)ရက္ေန႔တြင္ မဟာမိတ္မ်ား တန္ျပန္ထိုးစစ္ဆင္ျခင္းေၾကာင့္ ဦးလွေဖသည္
ဂ်ပန္စစ္တပ္မ်ားႏွင့္အတူ ရန္ကုန္ၿမိဳ႕မွ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ဆုတ္ခြာခဲ့ရသည္။
၁၉၄၆ ခုႏွစ္ မတ္လ ၂၀ ရက္မွ ၂၈ ရက္ေန႔အထိ
က်င္းပေသာ ရွမ္းျပည္လက္မႈျပပြဲအမည္ခံ ပထမပင္လုံညီလာခံသို႔ ဖိတ္ၾကားထားသည့္ ဖဆပလ
ကိုယ္စားလွယ္မ်ားအနက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ ျဖားဗြာလွေဖ တို႔တက္ေရာက္ခဲ့သည္။
ထိုညီလာခံမွ ရွမ္းျပည္လႊတ္ေျမာက္ေရးအဖြဲ႕ ရပလမွ ပအိုဝ္းကိုယ္စားလွယ္မ်ား ျဖစ္ၾကေသာ
ဦးျဖဴ၊ ျဖားနႏၲာဟိန္၊ ဗိုလ္ဟိန္ေမာင္ ဆက္သြယ္မိၿပီး ၎ညီလာခံအျပန္တြင္
သထုံဆီဆိုင္ေစာ္ဘြားစဝ္ခြန္ၾကည္သို႔ သြားေရာက္ေတြ႕ဆုံခဲ့သည္။ ထိုေနာက္ ၁၉၄၆ ခုႏွစ္
ဇြန္လတြင္ ျဖားဗြာလွေဖသည္ ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ကို သထုံၿမိဳ႕ရွိ
ေညာင္ဝိုင္းဘုန္းႀကီးေက်ာင္းတြင္ ဖြဲ႕စည္းထူေထာင္ခဲ့သည္။
ျဖားဗြာလွေဖသည္ ၁၉၄၇ ခုႏွစ္ ေဖေဖာ္ဝါရီလ (၃)ရက္မွ
(၁၃)ရက္ထိ က်င္းပျပဳလုပ္ေသာ ပင္လုံညီလာခံတြင္ ကရင္ကိုယ္စားလွယ္အျဖစ္
တက္ေရာက္ခဲ့သည္။ ထိုေနာက္ ၁၉၄၇ ခုႏွစ္ ဧၿပီလ (၆)ရက္ေန႔တြင္ ေကအဲန္ယူကို
ျပန္လည္ဖြဲ႕စည္းရာ ျဖားဗြာလွေဖက ဒုဥကၠဌအျဖစ္ ခန႔္အပ္ျခင္းခံရသည္။
၁၉၄၈ ခုႏွစ္ ျဖားဗြာလွေဖ ပါဝင္ဦးေဆာင္ေသာ
ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ဦးေဆာင္ေသာ
သထုံခရိုင္ပအိုဝ္းအမ်ိဳးသားဆႏၵျပပြဲတစ္ရပ္ကို သထုံၿမိဳ႕ ေမာ္ေက်ာ့ရပ္၊
ေရေက်ာ္ဘုန္းႀကီးေက်ာင္းဝင္းအတြင္းတြင္ က်င္းပျပဳလုပ္ၿပီး (၁)
ပအိုဝ္းလူမ်ိဳးတို႔အား ေတာင္သူလူမ်ိဳးေခၚျခင္းကို ေနာက္ေနာင္တြင္ ပအိုဝ္းလူမ်ိဳးဟု
ေခၚဆိုေရးသားရန္။ (၂) ပအိုဝ္းလူမ်ိဳးအား တပ္ရင္း (၂)ရင္းဖြဲ႕စည္းေပးရန္ စသည္အဆို
ႏွစ္ရပ္ကို ေတာင္းဆိုခဲ့သည္။ နိုင္ငံေတာ္အစိုးရလည္း ပအိုဝ္းလူမ်ိဳးကို
ေတာင္သူလူမ်ိဳးဟု ေခၚဆိုျခင္းအား ေနာက္ေနာင္တြင္ ပအိုဝ္းလူမ်ိဳးဟု
ေခၚဆိုေရးသားရန္အဆိုကို အသိအမွတ္ျပဳေၾကာင္းႏွင့္ တပ္ရင္း (၂)ရင္းဖြဲ႕စည္းျခင္းမွာ
နိုင္ငံေတာ္တြင္ စစ္တပ္ရွိၿပီးျဖစ္၍ မျဖစ္နိုင္ေၾကာင္း စစ္မႈဝင္ေရာက္ထမ္းလိုပါက
စီစဥ္ေပးမည္ဟု ျပန္ၾကားခဲ့သည္။
ျဖားဗြာလွေဖသည္ ၁၉၄၈ ခုႏွစ္ ၾသဂုတ္လ
(၃)ရက္ေန႔တြင္ ေတာ္လွန္ေရးလုပ္ရန္ ေတာခိုၿပီး ေကအဲန္ယူေခါင္းေဆာင္မ်ား၊
ေကအဲန္ဒီအိုတပ္ဖြဲ႕မ်ားႏွင့္ ပူးေပါင္းၿပီး သထုံခရိုင္ကို စတင္သိမ္းပိုက္ခဲ့သည္။
၁၉၄၉ တြင္ ျဖားဗြာလွေဖသည္ ေကအဲန္ဒီအိုတပ္ဖြဲ႕မ်ားႏွင့္အတူ ရွမ္းျပည္နယ္သို႔
ေရာက္ရွိခဲ့သည္။ ရွမ္းျပည္နယ္တြင္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊
အမ်ိဳးသားစာေပႏွင့္ ယဥ္ေက်းမႈ စသည္တို႔ ေခတ္ေနာက္က်က်န္ခဲ့သည္ကို ျမင့္တင္ရန္
စိတ္အားထက္သန္ခဲ့သည္။
၁၉၄၉ ခုႏွစ္ ဒီဇင္ဘာလ (၁၁)ရက္ေန႔တြင္
ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ (ပအလဖ)ကို ဖြဲ႕စည္းလႈပ္ရွားခဲ့သည္။ ထိုေနာက္
ျဖားဗြာလွေဖသည္ အုတ္လုပ္ငန္းကို ရင္းႏွီးျမႇုပ္ႏွံရန္ ေမာ္လၿမိဳင္ဘဏ္ႏွင့္
ရန္ကုန္ဘဏ္တြင္ မိမိပိုင္ဆိုင္ေသာ ေငြ (၁၅)သိန္းကို လူယုံတစ္ဦးအား ထုတ္ယူေစခဲ့သည္။
ထိုေငြမ်ားျဖင့္ ေကအဲန္ယူထံ တပ္ရင္း(၃)ရင္းစာ လက္နက္မ်ားဝယ္ယူၿပီး ပအလဖ တပ္ဖြဲ႕ကို
စနစ္တက် ဖြဲ႕စည္းခဲ့သည္။ ၁၉၅၀ တြင္ ပအလဖ ရဲေဘာ္မ်ား အလင္းဝင္ခဲ့သည္ကို
ျဖားဗြာလွေဖက ေတာတြင္း၌ က်န္ခဲ့သည္။ ၁၉၅၁ တြင္ ပအလဖ အလင္းဝင္ေခါင္းေဆာင္
ဗိုလ္ခ်န္ဇုံအား ပုဒ္မ(၅)ျဖင့္ (၅)လခန႔္ၾကာ ဖမ္းဆီးေထာင္ခ်ျခင္းခံရသည္။ ထိုေနာက္
ဗိုလ္ခ်န္ဇုံသည္ ေတာတြင္းတြင္ က်န္ရွိေနသည့္ ျဖားဗြာလွေဖႏွင့္
ျပန္လည္ပူးေပါင္းၿပီး လက္နက္ကိုင္ ေတာ္လွန္ေရးလမ္းစဥ္ျဖင့္ ဆက္လက္လႈပ္ရွားခဲ့သည္။
၁၉၅၈ ခုႏွစ္ ေမလ (၅)ရက္ေန႔တြင္
ပေဒသရာဇ္စနစ္ဆိုးခ်ဳပ္ၿငိမ္းေရး၊ ဒီမိုကေရစီေရး၊ ပအိုဝ္းအခြင့္အေရးရရွိေရးအတြက္
ျဖားဗြာလွေဖ ဦးေဆာင္ေသာ ပအလဖ ရဲေဘာ္ ၁၃၃၃ ဦးႏွင့္အတူ လက္နက္ႏွင့္
ဒီမိုကေရစီလဲလွယ္ေရးကို ေတာင္ႀကီးၿမိဳ႕ ၂၁၂ ကြင္းတြင္ ျပဳလုပ္ခဲ့သည္။
၁၉၆၀ ခုႏွစ္တြင္
ျပည္လုံးကၽြတ္ပါလီမန္ေရြးေကာက္ပြဲ၌ ေရြးေကာက္ခံရေသာ
ျပည္ေထာင္စုပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ပအမဖ)အမတ္ (၃)ဦးအနက္ ျဖားဗြာလွေဖသည္
ေညာင္ေရႊၿမိဳ႕နယ္ အေရွ႕ဘက္ မဲဆႏၵနယ္ေျမတြင္ ေရြးေကာက္တင္ေျမာက္ျခင္းခံရသည္။ ၁၉၆၁
ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေတာင္ႀကီးၿမိဳ႕၌ က်င္းပေသာ ျပည္နယ္မ်ားညီညႊတ္ေရးညီလာခံအား
ျဖားဗြာလွေဖတက္ေရာက္ၿပီး ထိုႏွစ္ နိုဝင္ဘာလတြင္ ရွမ္းျပည္အေနျဖင့္
ျပင္ဆင္ညႇိႏွိုင္းသည့္ ဖက္ဒရယ္မူဝါဒကို ပအမဖ အမတ္မ်ားျဖစ္ေသာ ျဖားဗြာလွေဖ၊
ဦးေက်ာ္စိန္ႏွင့္ ဦးျဖဴတို႔လည္း ပါဝင္ခဲ့သည္။
၁၉၆၃ ခုႏွစ္ ဇြန္လ (၁၁)ရက္ေန႔တြင္
ေတာ္လွန္ေရးေကာင္စီအစိုးရက ေတာတြင္းလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံးကို
ျပည္တြင္းၿငိမ္းခ်မ္းေရးတည္ေဆာက္ရန္အတြက္ စကားကမ္းလွန္းခဲ့သည္။ ထိုေနာက္ ၁၉၆၃
ခုႏွစ္ ဇြန္လ(၂၆)ရက္ေန႔တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ သခင္ကိုယ္ေတာ္မွိုင္းက
နာယကအျဖစ္လည္းေကာင္း၊ ျဖားဗြာလွေဖက ဥကၠဌအျဖစ္လည္းေကာင္း ျပည္သူ႔ေကာ္မတီကို
ဖြဲ႕စည္းခဲ့သည္။ ထိုေကာ္မတီသည္ ၁၉၆၃ ခုႏွစ္ နိုဝင္ဘာလ(၈)ရက္ေန႔ ညေနပိုင္းတြင္
ရန္ကုန္မွ ၂၂ မိုင္ေဝးေသာ ေထာက္ၾကန႔္တြင္ (၆)ရိုင္ဆႏၵျပပြဲကို လူထု
(၁)သိန္းေက်ာ္တက္ေရာက္ၿပီး ျဖားဗြာလွေဖႏွင့္ သခင္ကိုယ္ေတာ္မွိုင္းတို႔
အသီးသီးမိန႔္ခြန္းႁမႊတ္ၾကားခဲ့ၾကသည္။ ျပည္သူ႔ေကာ္မတီက
ေတာတြင္းလက္နက္ကိုင္ကိုယ္စားလွယ္မ်ားႏွင့္ အစိုးရတို႔ေတြ႕ဆုံရာတြင္
ေအာင္ျမင္ေရးအတြက္ အနိမ့္ဆုံးလိုအပ္ခ်က္ ေအာက္ပါ (၅)ခ်က္ကို တင္ျပခဲ့သည္။
(၁) ႏွစ္ဦးႏွစ္ဘက္ထိုးစစ္တိုက္စစ္မ်ားကို
ကမ္းလွမ္းသည့္အခ်ိန္ ေတြ႕ဆုံေဆြးေႏြးသည့္ကာလ၊ ေဆြးေႏြးပြဲပ်က္ၿပီး
လုံေလာက္ေသာအခ်ိန္ကာလအထိ (ပစ္ခတ္) ရပ္စဲေရး။
(၂) ဗဟို-ဗဟိုခ်င္း အၿပီးေဆြးေႏြးေရး
(၃) ရန္ကုန္တြင္ ေဆြးေႏြးေရး
(၄) ေတာတြင္းကိုယ္စားလွယ္မ်ား လြတ္လပ္ခြင့္ႏွင့္
လုံျခဳံမႈေပးေရး
(၅) အျပန္အလွန္တင္ျပခ်က္ကို ျပည္သူတို႔အားအသိေပးေရး
တို႔ျဖစ္သည္။
ထိုေနာက္ ၁၉၆၄ တြင္ ျဖားဗြာလွေဖသည္
ေတာ္လွန္ေရးေကာင္စီစစ္အစိုးရ၏ ဖမ္းဆီးျခင္းကို ခံရၿပီး ၁၉၇၁ ခုႏွစ္တြင္ ေထာင္မွ
ျပန္လြတ္လာခဲ့သည္။ ၁၉၇၂ ခုႏွစ္ ဇြန္လတြင္ ရန္ကုန္မွ ျပန္လည္ထြက္ခြာလာၿပီး
ေတာ္လွန္ေရးနယ္ေျမသို႔ ျပန္ေရာက္ရွိခဲ့သည္။ ၁၉၇၄ တြင္ ရွမ္းျပည္လူမ်ိဳးေပါင္းစုံ
လြတ္ေျမာက္ေရးတပ္ဦးတြင္ ဥကၠဌတာဝန္ကို ေဆာင္ရြက္ခဲ့သည္။ ၁၉၇၅ ခုႏွစ္ စက္တင္ဘာလ
(၂၄)ရက္ေန႔ (ေတာ္သလင္းလဆုတ္- ၅ ရက္ေန႔) တြင္ ေတာင္ႀကီးၿမိဳ႕နယ္ ပန္တြန္ရြာ၌
လူႀကီးေရာဂါျဖင့္ ကြယ္လြန္ခဲ့သည္။
ထိုေနာက္ ၁၉၇၆ ခုႏွစ္ ဇႏၷဝါရီလတြင္
ဆီဆိုင္ၿမိဳ႕နယ္ လုံးဒါဘုန္းႀကီးေက်ာင္း၌ က်င္းပျပဳလုပ္ေသာ
ပအိုဝ္းအမ်ိဳးသားအဖြဲ႕ခ်ဳပ္ (ပီအဲန္အို) ပထမအႀကိမ္ညီလာခံတြင္ ကန႔္ကြက္သူမရွိ
တညီတညြတ္တည္းျဖင့္ ဆႏၵေပးၾကရတြင္ ပအိုဝ္းအမ်ိဳးသားေခါင္းေဆာင္ႀကီး ျဖားဗြာလွေဖ
ကြယ္လြန္သည့္ ေတာ္သလင္းလဆုတ္ (၅)ရက္ေန႔ကို ပအိုဝ္းအာဇာနည္ေန႔အျဖစ္
ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့ၾကသည္။
No comments:
Post a Comment