တောင်ကြီး အေးသာယာကားကြီးကွင်း တိုးချဲ့ဆောက်လုပ်တဲ့အပေါ် ဂိတ်ပိုင်ရှင်များ မကျေမနပ်ဖြစ်

သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ ခု

တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာရှိတဲ့ကားကြီးကွင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ တိုးချဲ့ဆောက်လုပ်ရန် စီစဉ်နေလျှက်ရှိပြီး ဈေးဆိုင်ခန်းအသစ်များ တည်ဆောက်မယ်လို့လည်း သိရှိရပါတယ်။

ယာဉ်အရေအတွက်များပြားလာသည့်အတွက် ယင်းကဲ့သို့တိုးချဲ့တည်ဆောက်မယ် ဆိုတဲ့အစီအစဉ်ဟာ ကောင်းမွန်သော်လည်း ယာဉ်လိုင်းဂိတ်များ ပြီးစီးသွားပါက နေရာချထားရာမှာ လက်ရှိယာဉ်ပြေးဆွဲ နေကြသူများကို နေရာချထားပေးမည်ဖြစ်ပြီး ယခင်ပိုင်ရှင်ဟောင်းများအား
ပြန်လည်နေရာချထားပေးမည် မဟုတ်တော့ဟု သိရပါတယ်။

တချိန်တည်းမှာပဲ ဂိတ်အခန်းအသစ် ယူမည်ဆိုပါကလည်း (၆) လ သို့မဟုတ် တစ်နှစ်အတွင်း ယာဉ်လိုင်းအဖြစ် အသုံးမပြုပါက ပြန်လည်သိမ်းဆည်းသွားမယ်လို့ သိရတဲ့အတွက် အလွန်ပဲဝမ်းနည်း
မိတယ်လို့ ယခင်ဂိတ်ပိုင်ရှင် တစ်ဦးမှ တောင်ကြီးမီဒီယာသို့ ပြောကြားခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ယာဉ်လိုင်းမဆွဲနိုင်လို့ရပ်ထားပြီး ဂိတ်ကလေးကပဲ အရင်းအနှီးကျန်တာကို ယခုကဲ့သို့ သိမ်းဆည်းမည်ဆိုသည်မှာ အနိုင်ကျင်းခံရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်ကြီးမှာ သိမ်းမည်ဆိုသည့် စကားလုံးမှာလည်း အလွန်ဆိုးရွားကြောင်းကို ၄င်းက ဆက်ပြောပါတယ်။

မှတ်ချက်။   ။ ဤသတင်းအား တောင်ကြီးမီဒီယာတွင် ဖေါ်ပြပြီးဖြစ်သည်။

No comments: