မဟာသန္တိသုခအရေး (သို့မဟုတ်) ဂုဏ်သိက္ခာ မာန်မာနတွေ အားပြိုင်တဲ့ ပွဲတစ်ခုလား

အမြင်ဆောင်းပါး | ရဝေသျှင် (မြိုင်နန်းမြေ)
ဇွန်လ ၂၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ခုတလော အွန်လိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး လူအများ စိတ်အ၀င်စားဆုံးနဲ့ လူပြောအများဆုံးကတော့ မဟာသန္တိသုခ သတင်းပါပဲ။ အဲဒီဖြစ်ရပ်ကြောင့် သံဃာအချင်းချင်း စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ပြောကြသလို သံဃာနဲ့ပြည်သူလဲ စိတ်ဝမ်းတွေကွဲလာနိုင်တယ်လို့ တော်တော်များများ ရေးသားကြတာကိုလဲ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေကို မမှန်ဘူးလို့တော့ ငြင်းချက်မထုတ်လိုပါဘူး။ ဒါပေမယ့် စိတ်ထဲမှာ သတိပြုမိတာက အဲဒီဖြစ်ရပ်ကြောင့် ပဋိပက္ခဖြစ်ပွားလာမှာထက် အဲဒီဖြစ်ရပ်ကို ရေးပြထားတဲ့ သတင်းအရေးအသားတွေကြောင့် ပဋိပက္ခကို ပိုပြီးတွန်းအားပေးနေတယ်လို့ ထင်မြင်မိတယ်။ မီးထက် လောင်စာက ပိုကြောက်စရာ ကောင်းတတ်လို့ပါ။ ဒီလိုပြောလိုက်တော့ တစ်ချို့က ပြောကြလိမ့်မယ်။ မဟန ဘက် ပါတယ်။ အစိုးရလက်ကိုင်တုတ် အစရှိသဖြင့်ပေါ့။

(အွိုင်း)ခေါ် PNO လူကြီးက စစ်သားခေါ်ပြီး ရွာသားကို ဖမ်းဆီးရိုက်နက်

ခွန်ရာဇာ (တောင်ကြီး) | ဇွန်လ၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စု လဲင်းနျားကျေးရွာနေ ဦးပန်း၊ ထီမန်းကျေးရွာနေ ဦးပေနှင့် ထီဟန်းထွိုင်းရွာနေ ဦးသူရိန်တို့ကိုဇွန် ၁၅ ရက်နေ့တွင် (အွိုင်) ခေါ် PNO လူကြီးက မကျေနပ်မှုတစ်ခုဖြင့် ဥပဒေမဲ့ လာရောက်ရိုက်နက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဇွန် ၁၈ ရက်တွင် စုံစမ်းသိရှိရသည်။

လူငယ် နှင့် တက္ကသိုလ်ကျောင်းသူ/သားများအတွက် လူငယ်များကယ်တင်ခြင်း ဖြစ်သော “Youth Class” အတန်း စသည်ခြင်း။

ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်သည် ၂၀၁၀ ခုနှစ်မှစတင်ပြီး တက္ကသိုလ်ကျောင်းဖွင့်ချိန် First Semester နှင့် Second Semester ကာလတွင်တက္ကသိုလ်ကျောင်းသသူ/သားများအတွက် အင်္ဂလိပ် စာနှင့် အခြားလူမှုရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေး၊ ပညာရေး ၊ နိုင်ငံခြားပညာတော်သင်အခွင့်အလမ်းများစည့် အထွေထွေ ဗဟုသုတများကို လေ့လာနိုင်ရန် Youth Class ဆိုသော ခေါင်းစဉ်ဖြင့် လူငယ်များအတွက် နေရာတစ်ခု ဖန်တီးပေးနေပါသည်။