
သစ်ပင်များသွားစိုက်ရာတွင် တုန်ခမ်းကျောင်းဆရာတော် ဦးအာလောကသည် သစ်ပင်စိုက်ရန် လိုအပ်သောနေရာကို လိုက်ပါပြသပြီး ”သစ်ပင်စိုက်ခြင်းဟာ တောတောင်တွေကို စိမ်းလန်းစေတယ်၊ ရာသီဥတုကောင်းမွန်ဖို့အတွက် တောတောင် စိမ်းလန်းဖို့ အရမ်းလိုအပ်တယ်၊ ဒါကြောင့် သစ်ပင်စိုက်ပျိုးတာဟာ ကောင်းတယ်“ ဟု ဆရာတော်က မိန့်ကြားသည်။
ဟိုပုံး ပရဟိတလူငယ်များ၊ ဒို့ချစ်တဲ့ကမ္ဘာလူငယ်အဖွဲ့များနှင့် စခွီရွာသူရွာသားများ အားလုံးဝိုင်းဝန်း ပါဝင်ဆောင်ရွက်ကြပြီး စုစုပေါင်းအပင် ငါးရာကျော်ကိုစိုက်ပျိုး ခဲ့သည်။ စိမ်ပန်းပင်၊ ရေတမာပင်၊ ထင်းရူးပင်နှင့် အော်ရေးရှားပင်များ ဖြစ်သည်။
သစ်ပင်စိုက်ပျိုးသော လူငယ်အဖွဲ့တို့သည် ဇူလိုင်လ ၁၄ ရက်နေ့မှာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရုရှားရေကန်အနီး ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ဇူလိုင်လ ၁၉ ရက်နေ့မှာ အင်းလေးဒေသ သလဲဦးကျေးရွာတွင်လည်းကောင်း နေရာအသီးသီးကို ယခုလအတွင်းတွင် စိုက်ပျိုးသွားခဲ့သည်ဟု ဒို့ချစ်တဲ့ကမ္ဘာလူငယ်များ ဦးဆောင်သူ ကိုဆို က ပြောသည်။
No comments:
Post a Comment