တောင်ကြီးမြို့တွင် USIP မှ ဦးစီးပြီး တရားဥပဒေစိုးမိုးမှု အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ခွန်သန်းအောင် (TGI) | ဇူလိုင် ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျု (United States Institute of Peace (USIP) Rule of Law Center) မှ ကိုယ်စားလှယ်များဖြစ်သော Ms Susan Hayward နှင့် Ms Leanne Mc Kay တို့ဦးစီးစီစဉ်သည့် တရားဥပဒေစိုးမိုးရေး (Rule of Law) အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ၌ ရှမ်းပြည်နယ်၊ တောင်းကြီးမြို့ HeartBeat Restaurant တွင် ပြုလုပ်ကျင်းပခဲ့သည်ဟု အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် ခွန်ခမ်းကောင်က ပြောသည်။

ယခုတစ်ကြိမ်တွင် USIP အဖွဲ့၏ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ မြန်မာပြည်တရားဥပဒေစိုးမိုးမှု လေ့လာရေးခရီးစဉ်မှ စုဆောင်းရရှိသော အစီရင်ခံစာနှင့် တွေ့ရှိချက်များကို ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။ တရားဥပဒေစိုးမိုးမှု အလုပ်ရုံ ဆွေးနွေးပွဲများကို ကရင်နှင့် မွန်ပြည်နယ်ဘက်မှ ပူးပေါင်းပါဝင်သူများအတွက် မော်လမြိုင်မြို့တွင် ပြုလုပ်ပြီး၊ ရှမ်းပြည်နယ်မှ ပါဝင်သူများကို ညောင်ရွှေနှင့် တောင်ကြီးမြို့များတွင် ပြုလုပ်ပေးကြောင်း သိရသည်။

ဆွေးနွေးသွားရာတွင် ပြည်သူလူထုများသည် ဥပဒေအကြောင်းကို မသိ နားမလည်ခြင်း၊ ဥပဒေ၏ အကျိုးဆက်ကို နားမလည်ဘဲ တရားမ၀င် အပြုအမူမျိုး လုပ်ကိုင်နေခြင်းကို ဦးတည်၍ ဥပဒေအသိ ပေးသင့်ကြောင်း သိရသည်။

ထိုဆွေးနွးပွဲတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ပြည်နယ်တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ ရှမ်းပြည်နယ် လွတ်တော်ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ ဥပဒေဌာန တောင်ကြီးတက္ကသိုလ်မှ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် လူမှုအဖွဲ့အစည်းများဖြစ်သော ရှမ်းပြည်မျိုးဆက်အင်အားစု၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ၈၈မျိုးဆက်ကျောင်းသားများ၊ ကောင်ရွေလူငယ်၊ ဒီမိုလူငယ်၊ ချယ်ရီရိုးမ၊ လောကအလင်းနှင့် အခြားသောအဖွဲ့အစည်းများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။



No comments: