ရှမ်းပြည်တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးမြို့တွင် ကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၂၅) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

Burma Centrum Nederland မှ ကြီးမှူး၍ အနာဂါတ်ရှမ်းပြည် တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို တောင်ကြီးမြို့  ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရုံးတွင် ဒီနေ့ နံနက် (၉) နာရီ အချိန်တွင် စတင်ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲကို ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Burma Centrum Nederland အစီအစဉ် ညွှန်ကြားရေးမှူး မစ္စစ်စကစ်ကီယား ကန့်စ်ထ် (Ms. Saskia Kunst) မှ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်၏ အင်္ဂါရပ် အဖြစ်အပျက်များအကြောင်းနှင့် နိုင်ငံစနစ်အကူးအပြောင်းကာလတွင် ဒေသခံမှ စွမ်းရည်များ မြင့်တင်ရန်အတွက် ပြင်ဆင်မှုများ လိုအပ်ကြောင်း၊ တက်ရောက်လာသည့် တိုင်းရင်းသားကိုယ်စားလှယ်များ ကျေးရွာမှ ရပ်မိရပ်ဖများအားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်စေလိုကြောင်း တိုက်တွန်းပြောကြားသွားသည်။

ဤအလုပ်ရုံဆွေးနွေးပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်အတွင်းရေးမှူး (၂) ဦးခွန်လာမှ မိမိသွားရောက်လေ့လာ တွေ့ မြင်ခဲ့ရသည့် ကမ္ဘောဒီးယားနိုင်ငံမှ အတွေ့ အကြုံနှင့် ခမာနီကွန်မြူနစ်အစိုးရလက်ထက်က ကမ္ဘောဒီးယား နိုင်ငံသားများ မည်ကဲ့သို့ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရပုံများကို ဓါတ်ပုံဆလိုက်နှင့်တကွ တက်ရောက်ဆွေးနွေး တင်ပြခဲ့ကြောင်း သိရပါသည်။

အနာဂါတ်ရှမ်းပြည်တိုင်းရင်းသားလူမ်ျိုးစုများ ဖွံ့ ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့  နိုင်ငံရေးပါတီမှ ကိုယ်စာလှယ်များ၊ ရှမ်းပြည်နယ်အမျိုးသမီးဖွံ့ ဖြိုးရေးအဖွဲ့ မှ ကိုယ်စာလှယ်များ၊ ကျေးရွာမှ တိုင်းရင်းသား ကိုယ်စာလှယ်များ၊ ရပ်မိရပ်ဖများ အနည်းဆုံး (၈၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဤအလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျေးရွာဒေသဆိုင်ရာ လုပ်ငန်းစဉ်စီမံချက်များကို လက်တွေ့ရေးဆွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments: