တောင်ကြီးမြို့၌ ပအိုဝ်းခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစု သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ (၁၇) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦအောင်ခမ်းထီနှင့်မိသားစုမှ ကြီးမှူး၍ ပအိုဝ်းအမျိုးသားအားလုံး ဆင်းရဲ ဒုက္ခမှ လွှတ်ကင်းပြီး နိဗ္ဗာန်ချမ်းသာသို့ ရောက်ရန်ရည်စူး၍ ရဟန်းသံဃာတော်များအား သိက္ခာထပ် ၀ါဆိုသင်္ကန်းကပ် အလှူမင်္ဂလာတော်ပွဲကို တောင်ကြီးမြို့ အေးစေတီကျောင်းတိုက်၌ ယနေ့ ဇူလိုင်လ ၁၆ ရက် နံနက် (၉) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းသိက္ခာထပ် ၀ါဆိုသင်္ကန်းကပ်အလှူ မင်္ဂလာပွဲတော်တွင် အေးစေတီဆရာတော်မှ နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ဟောကြားတော်မူပြီး၊ ပအိုဝ်းအမျိုးသားတို့ မှ စည်းစည်းလုံးလုံးဖြင့် အမျိုးသားရေးလုပ်ငန်းများကို လုပ်ဆောင်ကြရာတွင် စိတ်စေတနာဖြင့် ဦးဆောင်လုပ်ဆောင်သွားရန် သြ၀ါဒမိန့် ကြားခဲ့သည်ဟု သိရသည်။

ပအိုဝ်းလူမျိုး၏ လူဦးရေ ၉၉ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည့်နည်းတူ၊ ဗုဒ္ဓဘာသာ အထူးပွဲတော်များဖြစ်သည့် ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ တပေါင်းလပြည့် နေ့ စသည့် အလှူဒါနပွဲတော်များကို ပအိုဝ်းဒေသများတွင် စည်စည်ကားကားကျင်းပလေ့ရှိကြကြောင်း၊ ဤသိက္ခာထပ် ၀ါဆိုသင်္ကန်းကပ်အလှူမင်္ဂလာပွဲတော်သို့ တက်ရောက်လာသည့် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသမီး ၀ိသာခဓမ္မစင်္ကြာအဖွဲ့ ကို ဦးဆောင်သည့် ဒေါ်နန်းရွှေဥမှ ပြောသည်။

ဤသိက္ခာထပ် ၀ါဆိုသင်္ကန်းကပ်အလှူမင်္ဂလာပွဲတော်သို့  ပအိုဝ်းရဟန်းသံဃာတော်များ၊ ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီနှင့် မိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ပအိုဝ်းရပ်မိရပ်ဖများနှင့် ကျေးရွာမှ ပအိုဝ်းအမျိုးသား လူထုများ အနည်းဆုံး (၁၅၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းသိက္ခာထပ် ၀ါဆိုသင်္ကန်းကပ်အလှူမင်္ဂလာပွဲတော်တွင် ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ခွန်လာမှ ပအိုဝ်းသွေးလှူရှင်အဖွဲ့သို့  သွေးလှူရှင်လုပ်ငန်း လုပ်ဆောင်ရန်အတွက် ကျပ်ငွေ (၅) သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။



No comments: