
အဲအစီအစဉ်မှာ တိုင်းရင်းရိုးရာတင်ဆက်တဲ့အစီအစဉ်မှာ ပအိုဝ်းရိုးရာယဉ်ကျေးမှုအကဖြင့် ပါဝင်ရန်ဖျော်ဖြေတင်ဆက်ရန်အတွက် ကောင်ရွေလူမှုလုပ်ရှားဆောင်ရွက်ရေးကွန်ယက်အဖွဲ့ရဲ့ Youth Class က လူငယ်များမှ ပအိုဝ်းရိုးရာယဉ်ကျေးမှုအကတွေ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေလို့ ခွန်ခေတ်စံမှ ဆိုပါတယ်။
အဲဒီကြိုတင်ပြင်ဆင်ရာမှာ ဒေသပေါင်းစုံမှ လူငယ်များက မိမိတို့ကိုယ်တိုင်တက်ကြွစွာ ပအိုဝ်းရိုးရာ ကကွက်ကဟန် နည်းမျိုးစုံတွေကို အတူတစ်ကွ ပုံဖော်နေကြတယ်လို့ ၎င်းက ဆိုပါတယ်။
No comments:
Post a Comment