ပအိုဝ်းလူငယ်အတွက် နိုင်ငံရေးအမြင်

ခွန်ဆားဗွာ (ဒုံလီတန်) | ဇူလိုင် ၂၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ် | အမြင်ဆောင်းပါး

ပအိုဝ်းလူငယ်တစ်ယောက်အနေဖြင့် ယခုလက်ရှိ ဖြစ်ပျက်နေရသော အခြေအနေကို တင်ပြချင်ပါတယ်။ ပြီးပြည့်စုံတယ်လို့မထင်ပါဘူး။ နိုင်ငံရေး ပြုပြင်ပြောင်းလဲနေသော ခေတ်သစ်စနစ်သစ်မှာ ပအိုဝ်းလူငယ်များ ကိုယ်ကံကျမ္မာကိုယ်ဖန်တီးဖို့ အကောင်အထည်ဖော်ဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ ဒီလူကြီး မကောင်းဘူး ဒီပုဂ္ဂိုလ်မကောင်းဘူး ပြောနေမယ့် အချိန်မဟုတ်တော့ပါဘူး။ အဖွဲ့အစည်းကမကောင်းဘူးလို့ ပြောနေမယ့်အချိန်လည်း မဟုတ်တော့ဘူးထင်တယ်။

မိမိ၏ဒေသကျေးရွာ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်ရင် မိမိကိုယ်တိုင်ဘဲ လုပ်ဆောင်ရပါမယ်။ ငါတို့အခွင့်အရေးဆုံးရှုံးတယ်၊ ငါတို့အခွင့်အရေး ရဖို့အတွက် ဖန်တီးရပါမယ်။ ဘယ်သူက မိမိကို လာပေးလိမ့်မယ်မဟုတ်ပါဘူး။ မိမိ၏အခွင့်အရေးကို ဘယ်လို ဖန်တီးရမှာလည်း သိအောင်လုပ် တတ်အောင်သင် ပေါက်တူးပေါက်ပြားဘဲ ကိုင်တော့မယ့် အချိန်မဟုတ်တော့ပါဘူး။ ခြံအလုပ် စီးပွားရေးဘဲ လုပ်မနေပါ နဲ့လို့ မဆိုလိုဘူး။ လေ့လာပါ သုံးတတ်ပါ။ ကိုယ့်ပတ်ဝန်းကျင် ကိုယ်အခြေအနေ ကိုယ်ဘယ်နေရာ တာဝန် ထမ်းဆောင်နေလည်းဆိုတာ ပြန်ဆန်းစစ်စေချင်ပါတယ်။

ဘယ်လောက်ထိငြိမ်းချမ်းနေပြီလည်း ဘယ်လောက်ထိ တိုးတက်နေပြီလည်း ဆန်းစစ်စေချင်ပါတယ်။ ကျနော်ဖြစ်ချင်သော ပအိုဝ်းလူငယ်များ အားလုံး အသိပညာ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်သော လူနေမှုအသိုင်းအ၀န်ကို ဖြစ်ချင်ပါတယ်။ အသိပညာ အတတ်ပညာတွေ တိုးတက်မှ ကျနော်တို့ပအိုဝ်း လူနေမှု အသိုင်းအ၀န်း ငြိမ်းချမ်းသာယာမည် အမှန်ပင်ဖြစ်ပါသည်။ ဒီလိုငြိမ်းချမ်းသာယာပြီး လူနေမှုအဆင့်အတန်းမြင့်မားအောင် ကျနော်တို့ ပအိုဝ်းလူငယ်တွေအားလုံး အတူတကွ ကြိုးစားရမည်ဖြစ်ပါတယ်။

ကျနော်တို့ လူမှုအဖွဲ့အစည်း အားကောင်း မောင်းတန်ဖြစ်ဖို့လိုပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းလည်း လုပ်ဆောင်ပေးခြင်း၊ ပြည်သူတွေ အသိပညာဖွံ့ဖြိုးတိုးတက်အောင် အသိပညာပေး လုပ်ငန်းလုပ်ဆောင်ပေးခြင်း မိမိ၏ကြုံတွေ့နေရသော အခက်အခဲကို ကိုယ်တိုင်သိ ကိုယ်တိုင် အဖြေရှင်းတတ်အောင် လူငယ်များအနေဖြင့် လေ့ကျင့်သင်ယူလေ့လာ ဆည်းဖူးရမည့် တာဝန်မှာ ကျနော်တို့ လူငယ်လက်ထဲမှာ ရှိနေပါတယ်။

ဘယ်အလုပ်ဖြစ် အားပါပါနှင့် ကျနော်တို့အတူတကွ လုပ်ဆောင်မယ်ဆိုရင် ဘယ်လို အခက်အခဲရှိနေပါစေ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ ပအိုဝ်းလူငယ်များအာလုံး ကိုယ့်ကံကျမ္မာ ကိုယ်ဖန်တီးရယူရမှာ ဖြစ်ပါတယ်။ စောင့်မျော်ရတဲ့ အခြေအနေမဟုတ်တော့ကြောင်း တိုက်တွန်းနိုးဆော် လိုက်ပါတယ်။ မိမိပအိုဝ်းအနာဂတ်ကို မျိုးချစ်လူငယ်များအတွက် နေရာရှိပါတယ်။ ကျိုးစားလိုက်ရအောင်လို့ ထပ်လောင်းတိုက်တွန်းလိုက်ပါတယ်။

No comments: