ပအိုဝ်းစာ/ယဉ်အဖွဲ့ ဥပဒေလူမှုကူညီရေးအသင်းမှ ဦးစီးသည့် ဥပဒေပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ခွန်ခမ်းမြတ်(တောင်ကြီး) | ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) ဥပဒေလူမှုကူညီရေးအသင်း၏ ဥပဒေပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကို တောင်ကြီးမြို့၊ ဒဲဉ်သီးလာဗွေကွင်း ခန်းမ၌ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) မှ ဥက္ကဌ ဦးခွန်ဝင်းကို၊ အတွင်းရေးမှူး ဦးခွန်မောင်မောင်စိုး၊ ဦးခွန်လှမောင် (ခ) ပွဲစားမောင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးခွန်မင်းကျော်၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့မှ ဥက္ကဌ ဒေါ်နန်းမွံ နှင့် အဖွဲ့ဝင်များ၊ သင်တန်းဆရာ ဦးတင်ဦး (တောင်ကြီးတက္ကသိုလ် ဥပဒေပညာဌာန အချိန်ပိုင်းကထိက) နှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဗဟို) ဥက္ကဌ ဦးခွန်ဝင်းကိုမှ သင်တန်းဆင်းပွဲ အဖွင့်အမှာစကား ပြောခဲ့ပြီး၊ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) မှ ဦးခွန်မင်းကျော်၊ သင်တန်းပို့ချပေးသော ဆရာဦးတင်ဦး၊ ပအိုဝ်းအမျိုးသမီးရေးရာအဖွဲ့ မှ ဥက္ကဌ ဒေါ်နန်းမွံနှင့် ပအိုဝ်း ဥပဒေလူမှုကူညီရေးအသင်းမှ အတွင်းရေးမှူး ဦးခွန်ဇာလီ တို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဦးခွန်ဝင်းကို မှ ဆုများ ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ အားလုံးကို သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပြီးနောက် ဦးခွန်ဝင်းကိုမှ သင်တန်းဆရာ ဦးတင်ဦးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။

သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီးနောက် နေ့လည် ၁ နာရီတွင် အခမ်းအနားအစီအစဉ်ကို အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာပြီး၊ အခန်းအနားသို့ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများအား နေ့လည်စာဖြင့် တည်ခင်း ဧည့်ခံ ကျွေးမွေးခဲ့ကြောင်း သိရသည်။

No comments: