ပအိုဝ်းအဖွဲ့အစည်းများ တောင်ကြီးမြို့တွင် စုပေါင်းဝါဆိုသင်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကျင်းပ

ခွန်မေးလို့ (တောင်ကြီး) | ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို) မှ ကြီးမှူး၍ တောင်ကြီးမြို့ရှိ ပအိုဝ်းအမျိုးသားဂေဟာတွင် အဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်င်္ကန်းနှင့် ဘုရားအနေကဇာတင်ပွဲကို ဇူလိုင်လ ၂၈ ရက်နေ့  နံနက် (၆) နာရီတွင် ပူဇော်ကျင်းပခဲ့ကြောင်း သိရသည်။

ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်းသည် မြတ်စွာဘုရား၏သားတော်များဖြစ်သည့် ရဟန်းသံဃာတော်များကို အလွန်မွန်မြတ်သည့် ဗုဒ္ဓဘာသာသူတော်စင်အပေါင်းတို့ ၏ ဘာသာရေးထုံးတမ်းဓလေ့ဖြစ်ပြီး၊ ၀ါတွင်းကာလတွင် ရဟန်းသံဃာတော်များ သီလစောင့် သာသနာပြုရာတွင် သင်္ကန်းတော်လုံလောက်မှု ရှိစေရန် ဤကဲ့သို့  နှစ်စဉ်ဝါဆိုလတွင် ၀ါဆိုသင်္ကန်းကပ်လှူပူဇော်ရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းအမျိုးသမီးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းဝင်းကြည် က ပြောသည်။

ဤအဋ္ဌမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲသို့  ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ ပအိုဝ်းအမျိုးသားနှင့် အမျိုးသမီးအဖွဲ့ အစည်းများ၊ ပအိုဝ်းလူမှုအဖွဲ့အစည်းများ၊ ပအိုဝ်းဂီတ အနုပညာရှင်များ အပါအ၀င် ပအိုဝ်းရပ်မိရပ်ဖများ အနည်း ဆုံး (၂၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိသည်။


No comments: