ရန်ကုန်တွင် ကုန်းကျော်တံတားတည်ဆောက်ပြီးသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ဆက်ဖြစ်နေဆဲ

ခွန်ရာဇာ (တောင်ကြီး) | ဇူလိုင် ၁၀ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းကုန်းကျော်တံတားတည်ဆောက်ပြီး အသုံးပြုနေသော်လည်း ပြည်လမ်းမကြီးသာ အဆင်ပြေပြီး လှည်းတန်းမီးပွိုင့်တွင် ကားပါကင်နှင့် စည်းကမ်းမဲ့ ယာဉ်မောင်းများကြောင့် ကျန်လမ်းများ ယာဉ်ကြောပိတ်ဆို့မှု ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၆ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

အင်းစိန်လမ်းနှင့် လှည်းတန်းဈေးလမ်းတွင် ယာဉ်ပိတ်ဆို့မှု အများဆုံးဖြစ်ကြောင်း၊ အဓိကပြဿနာမှာ ကား ပါကင်ထိုးခြင်း၊ ခွင့်ပြုချက်မရှိ လမ်းဘေးဈေးသည်များနှင့် စည်းကမ်းမဲ့ယာဉ်မောင်းသူများတို့ဖြစ်ကြောင်း၊ လှည်းတန်းဈေးလမ်းတွင် လေလံတင်ထားသော ကားပါကင်ထိုးခြင်းကို နိုင်ငံတော်က ဖြုတ်လိုက်သော်လည်း မည်သူ့အဖွဲ့နှင့် မည်သူ့ခွင့်ပြုချက်ကြောင့် လုပ်ဆောင်နေသည်ကို မသိကြောင်း။ ထိုသို့ကျူးလွန်လုပ်ဆောင် သည်ကို ဖမ်းဖို့ဥပဒေမပေး၍ ဖမ်းလို့မရကြောင်း၊ ယင်းပြဿနာကို မီဒီယာများက ဝိုင်းဝန်းဆောင်ရွက်ပေးမှ အဆင်ပြေနိုင်ကြောင်း၊ ရုံးတက်ချိန်၊ ရုံးဆင်းချိန်၊ ရုံးပိတ်ချိန်နှင့် ကျောင်းတက်ကျောင်းဆင်ချိန်တွင် အဖြစ်များ ဆုံးဖြစ်ကြောင်း လှည်းတန်းမီးပွိုင့်ရှိ တာဝန်ကျသော ယာဉ်ထိန်းရဲတဦးက ပြောသည်။

“ယခု လှည်းတန်းစင်တာ မဖွင့်ခင်တောင်မှ ထိုသို့ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေပါတယ်။ လှည်းတန်းစင်တာ ဖွင့်ပြီးတဲ့နောက်မှာ ဘယ်လိုဖြစ်မည်ကိုမခန့်မှန်းနိုင်ပါ၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်အောင် စီမံကိန်းရှိပါတယ်။ သို့ ပေမဲ့ အကောင်အထည်ဖော်နိုင်ဖို့ ရှိမရှိမသေချာသေးဘူး၊ အဓိကမှာ နည်းပညာပိုင်းဆိုင်ရာ မြင့်တင်ပေးဖို့နဲ့ ယာဉ်ထိန်များကို လုပ်ပိုင်ခွင့်ပါဝါတွေသာရှိလျှင် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်လိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လှည်းတန်းမီးပွိုင့်တွင် ယာဉ်သွားလမ်း ငါးလမ်းရှိကြောင်း၊ ပြည်လမ်းနှစ်လမ်း၊ အင်းစိန်လမ်း၊ လှည်းတန်းလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့ဖြစ်ကြောင်း ကုန်ကျော်တံတားသည် ပြည်လမ်းမကြီးအတွက်သာ အဆင်ပြေစေပြီး ကျန်လမ်းများ ဆက်လက်ပိတ်ဆို့ခြင်း ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။



No comments: