ပဋိပက္ခသတင်းစာပညာဆိုင်ရာ ဖိုရမ်တစ်ခုကို ရန်ကုန်တွင်ပြုလုပ်

ခွန်သန်းအောင် (TGI) | ဇူလိုင် ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာသတင်းမီဒီယာများ ပဋိပက္ခသတင်းစာပညာဆိုင်ရာ နှီးနှောဖလှယ်ပွဲတစ်ခုကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅၊ ၆ ရက်နေ့တို့တွင် ရန်ကုန်မြို့၊ Park Royal Hotel ၌ ကျင်းပကြောင်း သတင်းသမားတစ်ဦးက ပြောသည်။

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း မြို့ကြီး (၁၁) မြို့တွင် နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့ IMS နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ MPC တို့သည် ပဋိပက္ခဂရုပြု သတင်းရေးသားနည်းပညာသင်တန်းများကို ပူးပေါင်းစီစဉ် ဖွင့်လှစ်ခဲ့သည်။

ပဋိပက္ခသတင်းများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်သတင်းများကို ရေးသားရာတွင် မြန်မာမီဒီယာများ စွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်၍စီစဉ်ခဲ့ဖြစ်သည်ဟု သိရသည်။

ဒေသတွင်းဖြစ်ပွားသော ပဋိပက္ခသတင်းများကိုရေးသားဖော်ပြရာမှာ မီဒီယာသမားများ ပိုမိုနားလည်လာနိုင်ရန်၊ သင်တန်းတက်ခဲ့သော မီဒီယာသမားများအချင်းချင်း အတွေ့အကြုံ ဖလှယ်နိုင်ရန်နှင့် မီဒီယာများ ပိုမိုခိုင်မာသောဆက်သွယ်ရေးကွန်ယက် တည်ဆောက်နိုင်ရန် ရည်ရွယ်၍ ပဋိပက္ခသတင်းစာပညာဆိုင်ရာနှီးနှောဖလှယ်ပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲစီမံသူ ကပြောသည်။

No comments: