ပဲန်နယ်တီလွဲချော်မှုဖြင့် ဂျပန်အသင်းအိမ်ပြန်ရ


တောင်ကြီးတိုင်းမ်
ဇွန်လ (၂၉) ရက်၊ ၂၀၁၀။ အင်္ဂါနေ့
 
၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပထမဆုံး ပဲန်နယ်တီအဆုံးအဖြတ်နဲ့ ပေးရတဲ့ပွဲပဲဖြစ်ပါတယ်။

ကစားချိန် မိနစ်ပေါင်း ၁၂၀ ယှဉ်ပြိုင်ရာမှ အချင်းချင်းဂိုးမသွင်းနိုင်ကြပဲ ပဲန်နယ်တီအဆုံးအဖြတ်နဲ့ နောက်တန်းကစားသမား ကျောနံပါတ် ၃ ကာမနိုရဲ့ ပဲန်နယ်တီကန်ချက်လွဲချော်ခဲ့မှုဖြင့် ဂျပန်အသင်းမှ ဥရုကွေးအသင်းကို ၅ ဂိုး ၃ ဂိုးနဲ့ ရှုံးနှိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ခွဲခွါလိုက်ရပါတယ်။



နှစ်သင်းစလုံးမှ ၅ လုံးစီကန်သွင်းရာတွင် ပါရာကွေးအသင်းက တလုံးမှမလွဲပဲ အကုန်လုံးဝင်အောင် ကန်သွင်းနိုင်ပြီး ဂျပန်အသင်းက တတိယအလုံးမြောက် ကျောနံပါတ် ၃ နောက်တန်းကစားသမား ယူအီချီ ကာမနိုအားစိုက်ကန်သွင်းရာ ဂိုးပေါက်မတည့်ပဲ အပေါ်ဘားတန်းကိုထိပြီး လွဲချော်ခဲ့ခြင်းဖြစ်ပါတယ်။

ပါရာကွေးအသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်မြောက် ပါဝင်ကစားနိုင်ခဲ့သည့်အနက် ယခုတစ်ကြိမ်သာ ကွာတားဖိုင်နယ်အဆင့် ရောက်ခဲ့ရခြင်းဖြစ်ပါတယ်။

ပြိုင်ပွဲပထမပိုင်း မိနစ် ၂၀ လောက်မှာ ပါရာကွေးရဲ့ကန်ချက်မှ ကံကောင်းထောက်မမှုကြောင့် ဂိုးသမားကာကွယ်မှုကြောင့် ဂျပန်အသင်းမှ စောစီးစွာ ဂိုးမပေးခဲ့ရပေ။ ပထမပိုင်းမှာ ပါရာကွေးမှ ဖိအားပေးကစားပြီး ဂျပန်အသင်းမှ အန္တရာယ်ကြီးတဲ့ သန်ပြန်ထိုးစစ်တွေ ဆင်လာပြီး ကျောနံပါတ် ၈ မှ ပဲန်နယ်တီဧရိယာအပြင်ကနေ ကန်သွင်းလိုက်တဲ့ဘောကို ဂိုးအပေါ်ဘားတန်းထိပြီး ဂိုးမရပဲဖြစ်သွားပါတယ်။

ဂျပန်ရဲ့သန်ပြန်ထိုးစစ်မှ ၃၉ မိနစ်လောက်မှာ ကျောနံပါတ် ၈ ဒါဆုကီ မတ်ဆူအီက အလယ်မှစွဲတက်၍ ထိုးပေးလိုက်တဲ့ဘောကို ဘယ်ဘက်က အရံသင့်ပြေးတက်လာတဲ့ ကျောနံပါတ် ၁၈ ဟွန်ဒါ ကန်သွင်းလိုက်တဲ့ အလုံးမှာ ဂိုးပေါက်မတည့်ပဲ ညာဘက်သို့ လွဲချော်သွားလို့ အခွင့်အလမ်းကောင်းတစ်ခုကို လက်လွတ်ရှုံးခဲ့ရပါတယ်။

နှစ်သင်းလုံးက ခြေတွေညီနေသလိုလိုရှိပေမယ့် တိုက်စစ်နဲ့ အခွင့်အလမ်းဖန်တီးမှုတွေကတော့ ဂျပန်ဘက်က အနည်းငယ်သာနေတယ်လို့ ဆိုရပါမယ်။ ပထမပိုင်းကတော့ အပြန်အလှန်ထိုးစစ်တွေ ဆင်နိုင်ခဲ့သော်လည်း ဂိုးသွင်းတဲ့အခွင့်အလမ်းတွေ သိပ်မရခဲ့ကြတဲ့အတွက် တဂိုးမှ မသွင်းနိုင်ခဲ့ကြပဲ ၀ - ၀ နဲ့သာ ပြီးသွားပါတယ်။

ဒုတိယပိုင်း တပိုင်းလုံးမှာလဲ ဂျပန်အသင်းမှ ခြေအသာနဲ့ အပြန်အလှန်ထိုးဖေါက်ကစားခဲ့ပြီး နှစ်သင်းစလုံးမှ ထိရောက်တဲ့ဂိုးသွင်းခွင့် မရခဲ့ကြပဲ ဂိုးမဲ့နဲ့သာ ဒုတိယပိုင်း ၄၅ မိနစ် ထပ်ကုန်ဆုံးသွားခဲ့ပါတယ်။

ပုံမှန်ကစားချိန် မိနစ် ၉၀ ပြီးဆုံးပြီး နောက်မိနစ် ၃၀ အချိန်ပိုထပ်ကစားပါတယ်။ ပါရုကွေးဘက်မှ ဖိအားပေးတိုက်ခိုက်လာတော့ ၉၇ မိနစ်လောက်မှာ ဂျပန်နောက်တန်းကို ထိုးဖေါက်ပြီးတော့ ကန်သွင်းခဲ့တဲ့အတွက် ဂျပန်ဂိုးသမား အကြီးအကျယ် ကာကွယ်ပုတ်ထုတ်ခဲ့ရ ပြန်ပါတယ်။ မိနစ် ၁၀၀ လောက်မှာလဲ ဒုတိယအကြိမ် ပါရာကွေးဘက်မှ အကြီးအကျယ်ခြိမ်းခြောက်လာပြန်ပါတယ်။

တဖန် ဂျပန်ဘက်မှ ပါရုကွေးကွင်းဘက် ပြန်လည်ထိုးနက် တိုက်ခိုက်လာပြီးတော့ ဂိုးသွင်းဖို့ကြိုးစားခဲ့သော်လည်း အားလုံးပေါင်း ကစားချိန် ၂ နာရီအတွင်း ဂိုးမဲ့နဲ့ ကွင်းလယ်တိုင်က ပြိုင်ပွဲကို အဆုံးသတ်ပြီး၊ ပဲန်နယ်တီကန်ပြီး အဆုံးအဖြတ်နဲ့ ပါရုကွေးအသင်းမှ ဂျပန်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်သို့ ဆက်ကစားသွားမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့ တောင်အမေရိကတိုက် နိုင်ငံမှ ၅ သင်းအနက်၊ ဥရုကွေး အသင်း ၁ သင်းသာ ကျကျန်ခဲ့ပြီး၊ ၄ သင်းမှာ ကွားတားဖိုင်းနယ်သို့ တက်ရောက်နိုင်ပြီ ဖြစ်တဲ့အတွက် ၁၆ အသင်း ရုံးထွက်ပွဲစဉ်အပြီးမှာ အောင်မြင်မှုအရှိဆုံးတိုက်ပဲ ဖြစ်ပါတယ်။

ဒီနေ့ ဒုတိယပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားကြမည့် စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ကတော့ ကြည့်လို့ကောင်းမယ့်ပွဲပါ။ နှစ်သင်းစလုံး တိုက်စစ်အားကောင်းပြီးတော့ ခြေတွေသိပ်မကွာကြပါဘူး။ နိုင်တဲ့အသင်းကတော့ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဇူလိုင်လ ၃ ရက်နေ့မှာ ပါရာကွေးအသင်းနဲ့ တွေ့ရမှာဖြစ်တယ်။

No comments: