ဇွန်လ ၁၄ ရက်၊ ၂၀၁၀။ တနင်္လာနေ့
ရာသီဥတုဖေါက်ပြီး ရာသီဥတုအလွန်ပူးပျင်းမှု မိုးခေါင်မှုနှင့် ချောင်းရေခန်းခြောက်မှု တို့ကြောင့် ယခုနှစ် စိုက်ပျိုးရာသီတွင် တောင်ကြီးမြို့၊ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်ရှိ တောင်သူ လယ်သမားများ လယ်ယာလုပ်ငန်းများ မလုပ်နိုင်ပဲ အလုပ်လက်မဲ့ဖြစ်နေကြသည်။
တောင်းကြီးမြို့နယ်ရှိ ဖာမွန်းကျေးရွာအုပ်စု ထီးရောင်းကျေးရွာအုပ်စုတို့မှ၊ ထီဟန်းဆွေးရွာ လွယ်ကောင်းရွာ၊ ညိုမွူးရွာ၊ ထီရောင်းရွာ၊ ဆင်တွူးရွာ၊ ဖာမွန်းရွာ စသည့်ကျေးရွာများနှင့် ဟိုပုံးချိုင့်ဝန်းလွင်ပြင်ရှိ ဟိုပုံးနှင့် ဆီဆိုင်မြို့နယ်အတွင်းရှိ လယ်သမားများသည် စိုက်ပျိုးရေးလုပ်ငန်းများ ပြုလုပ်ရန် တဘက်ချောင်းကိုအဓိကမှီခိုကြသည်။

တချို့သောလယ်သမားများသည် ကောက်စိုက်ရန် ၎င်းတို့ပျိုးထားသည့်စပါးပင်များမှာ ပျိုးသက်ပြည့်သော်လည်း မိုးမရွာသဖြင့် မနုတ်နိုင်ပဲ ပျိုးထားသည့်အပင်များ ပျိုးသက်လွန်၍ အလဟဿဖြစ်ကုန်ကြသည်။ ထို့အတူ ထွန်ယက်စိုက်ပျိုးချိန်တန်သော်လည်း မထွန်ယက် မစိုက်ပျိုးနိုင်သဖြင့် အလုပ်လက်မဲ့ပြဿနာ ကြုံနေရသည်။

No comments:
Post a Comment