ချီလီအသင်းထွက်ပြီး တောင်အမေရိကမှ ၃ သင်း ကွာတားဖိုင်နယ်ရောက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ (၂၈) ရက်၊ ၂၀၁၀။ တနင်္လာနေ့

၂၀၁၀ ကမ္ဘာ့ဖလားဘော်လုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်တဲ့ တိုက်အလိုက် နိုင်ငံတွေကတော့ ဥရောပတိုက်က ၁၃ နိုင်ငံ၊ အာဖရိကတိုက်က ၆ နိုင်ငံ၊ တောင်အမေရိကတိုက်က ၅ နိုင်ငံ၊ မြောက်အမေရိကတိုက်က ၃ နိုင်ငံ၊ အာရှတိုက်က ၃ နိုင်ငံ၊ သြစရေးလျနဲ့ နယူးဇီလန် စသည့် နိုင်တို့ပဲဖြစ်ပါတယ်။




တောင်အမေရိက ၅ နိုင်ငံအနက် ချီလီအသင်း ၁ သင်းကတော့ ၂၀၁၀ ကမ္ဘာ့ဖလားမှ ပထမဦးဆုံး ထွက်ခွါရတဲ့ အသင်းပဲဖြစ်ပြီးတော့၊ အသင်း ၃ သင်းမှာ ရှုံးထွက်ပွဲစဉ်ကို အသာအယာနဲ့ ကျော်လွား၍ ကွာတားဖိုင်နယ်သို့ အန္တရာယ်မရှိ ချီတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးတဲ့ တောင်အမေရိကမှ တသင်းကတော့ ပါရာကွေးအသင်းပဲဖြစ်ပါတယ်။ ၎င်းကတော့ ၂၉ ရက်နေ့မှာ အာရှတိုက်က ကျန်ရှိနေသေးတဲ့ ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်တယ်။

ဂျပန်အသင်းက ပါရာကွေးကို နိုင်အောင်ကစားနိုင်ရင် ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ကစားနိုင်မည့် အာရှတိုက်က အသင်းတစ်ပဲဖြစ်ပြီး၊ အာဖရိကတိုက်မှ အသင်း ၆ သင်းကတော့ ကာနာ ၁ သင်းသာ ဆက်သွားနိုင်ပါတယ်။

၁၆ သင်းရှုံးထွက်ပွဲစဉ်ကို အောင်မြင်ပြီးတဲ့ ဥရောပနိုင်ငံကအသင်းတွေကတော့ ဂျာမနီနဲ့ နယ်သာလန် နှစ်သင်းဖြစ်ပြီး၊ ကျန်ရှိနေသေးတဲ့အသင်းတွေကတော့ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမည့် စပိန်နဲ့ ပေါ်တူဂီတို့ပဲ ဖြစ်တဲ့အတွက် သေချာတာ တစ်ခုကတော့ ဥရောပနိုင်ငံက ၃ သင်း တက်နိုင်မည့်ဖြစ်ပါတယ်။

ဘရာဇီးနဲ့ ချီလီယှဉ်ပြိုင်တဲ့ ဒီရှုံးထွက်ပွဲတော့ သန်မာ ကြံ့ခိုင်တဲ့ ချီလီကစားသမားနဲ့ ဘော်လုံးအရည် အချင်းကြွယ်ဝပြီးတော့ ဘောနည်းပညာကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ဘရာဇီးအသင်းတို့ အပြန်အလှန် တိုက်စစ်ဆင်ကစားတဲ့ပွဲမှာ ပရိတ်သတ်တွေအတွက် ရင်တထိပ်ထိပ်နဲ့ဖြစ်ခဲ့ကြပါလိမ့်မယ်။

ပထမပိုင်းအစမှာ ဘရာဇီးအသင်းက ချီလီကွင်းဘက်ကို အရှိန်အဟုန်မြင့် ဖိအားပေးကစားပြီးတော့ ဂိုးသွင်းခွင့်တွေ များစွာရခဲ့ပြီး ချီလီ ဂိုးသမား အကြိမ်ကြိမ် ကာကွယ် ဖမ်းဆီး ပုတ်ထုတ်ခဲ့ရပါတယ်။ ချီလီအသင်းကလဲ တချက် တချက် သန်ပြန်ထိုးစစ်နဲ့ ဘရာဇီးအသင်းကို ခြိမ်းခြောက်ခဲ့ပါတယ်။

ပထမပိုင်း ၃၄ မိနစ်မှာ ညာစွန်နောက်တန်း ကစားသမား မိုင်ကွန် ကန်တင်တဲ့ တောင့်ကန်ဘော ကနေ နောက်တန်းကစားသမား ဖြစ်တဲ့ ကျောနံပါတ် ၄ Juan မှ ခေါင်းတိုက်ပြီး ဘရာဇီးအသင်းမှ ဦးဆောင်ဂိုး တစ်ဂိုး စတင်ရရှိပါတယ်။

နောက်ထပ် ၃၇ မိနစ်မှာပဲ ချီလီရဲ့ထိုးစစ်မှ အန်ထွက်လာတဲ့ဘောကို ရိုဘင်ဟိုမှ ဘယ်ဘက်ကနေသန်ပြန် စွဲတက်လာပြီး အလယ်မှ ပြေးတက်လာတဲ့ ကားကားကိုထိုးပေးလိုက်ပြီး၊ ကားကားမှ ဆက်၍ ချပေးလိုက်တဲ့ဘောမှတဆင့် ညာဘက်မှ အရံသင့်နေရာယူ ပြေးတက်လာတဲ့ ကျောနံပါတ် ၉ လူးဝစ်ဖာဘီယာနို က ချီလီဂိုးတမားကို တချက်ခေါက်လှည့်ပြီးသွင်းလိုက်တော့ ဘရာဇီးမှ ဒုတိယ ထပ်ရပြန်ပါတယ်။

ဒုတိယပိုင်းပြန်စတဲ့အချိန်မှာလဲ ဘရာဇီးအသင်းမှ ဆက်တိုက် ဖိအားပေးတိုက်စစ်ဆင် ကစားရင်းနဲ့ ၅၉ မိနစ်လောက်မှာ ကျောနံပတ် ၁၁ ရိုဘင်ဟိုက ဘရာဇီးအတွက် တတိယဂိုး ပြန်သွင်းလိုက်တော့ ဘရာဇီးမှ ၃ ဂိုး ၁ ဂိုးနဲ့ အသာအယာ ဦးဆောင်ကစားနေပါတယ်။

ဘရာဇီးအသင်းမှ ကားကား၊ ရိုဘင်ဟို နဲ့ ဖာဘီယာနိုတို့ အချိတ်အဆက် မိမိ ဟန်ချက်ညီညီနဲ့ တွက်လက်လျင်မြန်တဲ့ တိုက်စစ်တွေကြောင့် ချီလီရဲ့ နောက်တန်းခံစစ်သမားတွေ မခုခံနိုင်ခဲ့ပေ။

ဘရာဇီးအသင်းက ဇူလိုင် (၂) ရက်နေ့မှာ နယ်သာလန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲ ဆက်ကစားရမှာ ဖြစ်တဲ့အတွက် အဲဒီပွဲကတော့ အကြိတ်အနယ်ဖြစ်မယ့်ပွဲပဲဖြစ်ပါတယ်။

No comments: