ဇွန်လ (၂၄) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-cufbi2oKyykyi32AjOihjnfEEPpC5PYfyqv05Gjfa1FZmVVzjPMbWBslSJxON3aTzNJcRunCWgCf4ZqxSVWrdkNQCNSMHQ3RCgnSGoWouhD8vfKgVFt8OxIyF4EWZBBV-lg0mE4e0WK/s200/Japan+celebrated.jpg)
ပထမပိုင်း ၄၅ မိနစ် ယှဉ်ပြိုင်ကစားရာမှာ နယ်သာလန်အသင်းကတော့ အဖရိကအတိုက်မှ ကင်မရွန်းအသင်းကို ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ နယ်သာလန်အသင်းက နှစ်ပွဲနိုင်ထားပြီး ၆ မှတ်နဲ့ အုပ်စုဗိုလ်ဖြစ်နေတဲ့အတွက် ကင်မရွန်းအသင်းကို အကယ်၍ရှုံးခဲ့သော်လည်း ၁၆ သင်း ရှုံးထွက်ပွဲစဉ်မှာ ဆက်ကစားရမှာပဲဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ၆၅ မိနစ်မှာ အီတိုး ပင်နယ်တီဖြင့် ခြေပဂိုးသွင်းပြီး ဟော်လန်နဲ့ ကင်မရွန်း တစ်ဂိုးစီ ယှဉ်ပြိုင်ကစားခဲ့ကြရင်း ၈၃ ခန့်မှာ ဟော်လန်မှ ဒုတိယ အနိုင်ဂိုးကို ထပ်သွင်းလိုက်ပါတယ်။ ကင်မရွန်းအသင်းကတော့ အုပ်စုပွဲစဉ် ၃ ပွဲစလုံး ယှဉ်ပြိုင်ကစားရာမှာ ရှုံးပွဲသတ်သတ်ဖြင့်သာ ရင်ဆိုင်ခဲ့ရတော့ ရမှတ် သုံညနဲ့သာ အုပ်စုပွဲစွဉ်ကနေ ထွက်ခဲ့ရတဲ့ အဖရိကတိုက်က နိုင်ငံအသင်းတစ်သင်းဖြစ်သွားပါတယ်။
ပထမပိုင်းအနားယူပြီး ဒုတိယပိုင်း ၄၅ မိနစ် ပြန်လည်ယှဉ်ပြိုင်ကစားတဲ့အချိန်မှာ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ဖို့အတွက် ဒိန်းမတ်အသင်းက ဂျပန်အသင်းကို ပိုမို၍ ဖိအားပေးတိုက်စစ်တွေ ဆင်လာရင်း ၈၁ မိနစ်ခန့်မှာ ပြစ်ဒဏ်ဘောကန်ပြီး ဂျပန်ဂိုးသမား ကာကွယ်ပုတ်ထုတ်လိုက်တဲ့ ဘောကို သောမတ်ဆန်က အမိအရကန်သွင်းလိုက်တော့ ဒိန်းမတ်အသင်းမှ တဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJHt68AKxT7uI5LFRpRKoWFWtVwu7XtZ6kySs-HPk_ngXWXyxspmOtSvycSxNa64lyIJdLLESppAGapuv_TkYlKwkJweHXSRsZ84iwBosI52cTVoCtl8sEj82VlgUnLfATqpYHELbWddSj/s200/Japan+team.jpg)
၁၆ သင်း Knock-Out ပွဲစဉ်မှာ အုပ်စု (E) မှ အုပ်စုဗိုလ် နယ်သာလန်အသင်းကတော့ အုပ်စု (F) မှ ဒုတိယနေရာနဲ့ တက်လာတဲ့ စလိုဗေးခီးယားအသင်းနဲ့ ဇွန်လ (၂၈) ရက်၊ တနင်္လာနေ့မှာ တွေ့ကြရပြီးတော့၊ ဂျပန်အသင်းမှာတော့ အုပ်စု (F) မှာ ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ အုပ်စုဗိုလ်ဖြစ်လာတဲ့ ဥရုကွေးအသင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ယနေ့ ဒိန်းမတ် အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့သလိုဆိုရင် ဂျပန်အတွက် ၁၆ သင်းရုံးထွက်ပြီးစဉ်မှာ အလားအလာ ကောင်းနိုင်တယ်လို့ ဆိုရမှာပါ။
၂၀၁၀ ကမ္ဘာ့ဖလားကို အာရှတိုက်က ပါဝင်ပြိုင်တဲ့ ၃ နိုင်ငံအနက် ၂ နိုင်ငံဖြစ်တဲ့ တောင်ကိုးရီးယားနဲ့ ဂျပန်ကတော့ အုပ်စုပွဲစဉ်ကို အောင်ပြီး၊ ပြိုင်ပွဲဒုတိယအဆင့် ၁၆ သင်း ရှုံးထွက်ပွဲစဉ်ကို ဆက်ကစားသွားမှာ ဖြစ်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8U5QSK20-X1rbz9twxseSHsh1GDNM9yHtaeTHGHxkHj_hPz2qTk4DiYtFwjkVVHk5yf6ISZOdHpdeLZjK0BVk2stf0zrlsDphgKzwFOx3r2svCvxxuR7qURQw2NtZViY_QJio8sXBI2zQ/s200/Camerom.jpg)
လက်ရှိ ရမှတ်နဲ့ ရဂိုးအရေအတွက်ကို ကြည့်ခြင်းအားဖြင့် အိုင်ဗရီကိုစ်အသင်းကတော့ မြောက်ကိုးရီးယားကို နိုင်အောင် ကစားနိုင်ခဲ့သော် နောက်တဆင့် တက်နိုင်ဖို့ အလားအလာ လွန်စွာနဲပါးနေပါတယ်။ ဖြစ်နိုင်ခြေ ပိုရှိတာက လက်ရှိ အုပ်စုဗိုလ်ဖြစ်တဲ့ ကမ္ဘာ့နံပါတ် (၁) ဘရာဇီးနဲ့ ဒုတိယနေရာ မှာရှိတဲ့ ပေါ်တူဂီအသင်းတို့ပဲ ဖြစ်ပါတယ်။
No comments:
Post a Comment