တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ PNO (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) ထိပ်ပိုင်းခေါင်းဆောင်များသို့ တိုက်တွန်းအကြုံပြုချက်နှင့် အိပ်ဖွင့်ပေးစာပေးပို့

မတ်လ ၂၀ ရက်၊ တောင်ကြီး

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးတက္ကသိုလ် ကျောင်း သားများသမဂ္ဂအဖွဲ့မှ PNO (ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်) နာယကကြီး ဦးခွန်အောင်ခမ်းထီနှင့် ထိပ်ပိုင်းခေါင်းဆောင်များ သို့ မတ်လ ၁၉ ရက် နေ့စွဲဖြင့် တိုက်တွန်းအကြုံပြုချက်နှင့် အိပ်ဖွင့်ပေးစာထုတ်ပြန်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးတို့သည် ညီအကိုပမာ ချစ်ခင်ရင်းနှီးစွာ အတူတကွ သာယာသော လူမှု့အသိုင်းအဝိုင်းအဖြစ်ရပ်သို့တည်လျက်ရှိပါသည်။
 
သို့ရာတွင် စစ်ကောင်စီမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေတွင် ပြည်သူလူထု၏အာဏာကို ထပ်မံလုယူပြီးအချိန်မှစ၍ ပြည်ထောင်စုဖွားတိုင်းရင်းသားတို့သည် သပိတ်မှောက်ဆန္ဒပြခြင်း၊ နောက်ဆုံး လက်နက်ကိုင်နည်းလမ်းဖြင့် တိုက်ပွဲဝင်လျက်ရှိနေ သည်ကို PNO (အသွင်ပြောင်းပြည်သူ့စစ်) ထပ်ပိုင်းခေါင်းဆောင်များ သိရှိနားလည်မည်ဟု ယူဆကြောင်း ထုတ်ပြန်ခဲ့ပါသည်။
 
စစ်ကောင်စီအုပ်စုသည် ပြည်သူလူထု၏ အသက်အိုးအိမ်၊စီးစိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ခိုးယူခြင်း၊ ခြမ်းခြောက်နိပ်စက်ခြင်း ၊ လူမဆန်စွာ သတ်ဖြတ်ခြင်းများကို ၊ ပေါ်ပေါ်တင်တင်ပြုလုပ်နေသည့်အပြင် ပြည်တွင်းစစ်၌အသုံးပြုရန် တားမြစ်ထား သည့် လေကြောင်းဖြင့်တိုက်ခိုက်နေခြင်း၊ လက်နက်ကြီးများအသုံးပြုခြင်းတို့ဖြင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် ကျူးလွန်ဆောင်ရွက်နေသည်မှာ သက်သေများအရ ငြင်းဆန်မရသည့်အထောက်ထားများဖြင့် ပြည်သူတစ်ရပ်လုံး မျက်မြင်ကိုယ်တွေကြုံတွေနေခြင်းဖြစ်ပါသည်။
 
၂၀၂၃ခုနှစ် မတ်လ ၁၁ရက်နေ့ ပင်လောင်းမြို့၊ နမ်းနိန်းကျေးရွာ ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအတွင်းစစ်ကောင်စီဖက်မှ သံဃာတော်၃ ပါးနှင့်အမျိုးသမီး ၁ ဦးအပါအဝင် ကျေးရွာနေအရပ်သားပြည်သူ ၂၂ ဦးအား ရက်စက်စွာအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်ကို သိရှိပြီး အတည်ပြုချက်တွေလဲရရှိခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီလူတစ်စုက ခေတ်အဆက်ဆက် သမိုင်းတွင်ပြုလုပ်ခဲ့ကြသည့် နည်းလမ်းဟောင်းများကို အသုံးပြု၍ ၄င်းတို့လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် လူမျိုးရေး ၊ ဘာသာရေး အဓိကရုန်းနှင့် ပဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ဆောင်ရွက်လျက်ရှိလာသည်ကို PNO ထိပ်ပိုင်းခေါင်းဆောင်များ နားလည်သိရှိပြီးဖြစ်သည်ဟု တောင်ကြီးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ကယူဆကြသည်။

အဆိုပါ ထိတွေ့တိုက်ပွဲအပေါ် PNO ပြည်သူ့စစ် ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် တစ်စုံတစ်ရာဖိအားပေး မှုကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ပအိုဝ်းတိုင်းရင်သားလူထုနှင့် တိုင်ရင်းသားလူမျိုးစုအချင်းချင်း သွေးကွဲစေ မည့်လုပ်ရပ်များအား လုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက် ၍ အကျိုးဆက်အနေဖြင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ကယန်းလူမျိုးစုနှင့် ပအိုဝ်းလူမျိုးစုအကြား မုန်းတီးရေး ဝါဒဖြန့်ချီသည့် အပြောအဆိုများအား ပျံ့နှံလျက်အသုံးပြုနေခြင်းကြောင့်မလိုလားအပ် ပြဿနာများ ၊ အမုန်းတရားများကြီးထွားနိုင်သည်ကို လူကြီးမင်းတို့ သတိပြုစေလိုကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
 
PNO ပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင်တို့အနေဖြင့် ယခုစစ်ဏာနာရှင်အမြစ်ဖြတ်တော်လှန်ရေးတွင် မပါသော်လည်း သမိုင်းတွင် မိမိတို့၏လူမျိုးစု သိက္ခာမကျဆင်းစေရန် အတွက် ယခုကဲ့သို့လုပ်ရပ်များကို ရပ်တန့်လိုက်သည်မှာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း တောင်ကြီးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့မှ အကြုံပြု ဖော်ထုတ်ခြင်းဖြစ်ပါသည်။
 
မြန်မာစစ်ကောင်စီအုပ်စုနှင့် ပအိုဝ်းလူမျိုးစု၏ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သော PNO ပြည်သူ့စစ်ထိပ်ပိုင်းခေါင်းဆောင် တို့သည် မိမိ၏ကိုယ်ကျိုးအတွက် ကိုယ့်လူမျိုးအပေါ်တွင်အမြတ်ထုတ်ခြင်း ၊ သမိုင်းတွင်မိမိတို့လူမျိုး သိက္ခာကျဆင်းစေရန် လုပ်ရပ်တို့ကို ရပ်တန့်လိုက်သည်မှာ ကောင်းမွန်သည့် ရွေးရွယ်မှု့သာဖြစ်ကြောင်း ထပ်လောင်းအကြုံပြုထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။





No comments: