ဆီဆိုင်မြို့နယ် တပ်ရင်းအမှတ် ၄၂၆ မှ စစ်ဗိုလ်တစ်ဦး အပြစ်မဲ့ရွာသားကို ထိုးကြိတ်ရိုက်နှက်

By ခွန်စိုးပေ | ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အခြေစိုက် စစ်အစိုးရခြေမြန်တပ်ရင်းအမှတ် ၄၂၆ က ဟိန်းဇာနည်ဆိုတဲ့ စစ်ဗိုလ်တစ်ဦးဟာ ဒီဇင်ဘာလ ၈ ရက်နေ့၊ ၂၀၁၂ ခုနှစ်ညနေအချိန် ထီထဲုင်ထိုးမီးရထားဘူတာမှာ ရွာသားနှစ်ဦးကို အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပုံကတော့ အဲဒီ ဒီဇင်ဘာ ၈ ရက်နေ့မှာ အက်ဒရာ (Addra) ဆိုတဲ့ လူမှုကူညီရေး အဖွဲ့ရဲ့အကူအညီအထောက်အပံ့နဲ့ ဆီဆိုင်မြို့အရှေ့တောင်ဘက်ရှိ တောင်းတပ်ကျေးရွာနဲ့ ဆီဆိုင်မြို့သို့ ဆက်သွယ်သွားတဲ့လမ်းမကို ကျေးရွာသူ/ရွာသားဝိုင်းပြီးစုပေါင်းပြီးတော့ လမ်းပြင်ခဲ့ကြပါတယ်။

အဲဒီနေ့ လမ်းပြုပြင်တာ မိုးအတော်ချုပ်မှ ပြီးတဲ့အတွက် ရွာသားများက ထော်လဂျီကားအငယ်နဲ့ ဝိုင်းစီးပြီးတော့ရေဆင်းချိုးအပြီး အပြန်လမ်းမှာ ထော်လဂျီစက်က မီးမပါတဲ့အတွက် ရွာသားအချို့က ရှေ့မီးပါတဲ့မော်တော်ဆိုင်ကယ်တွေ ထော်လဂျီရှေ့က ဦးဆောင်မောင်းပြီး
အပြန်လမ်းမှာ ဆိုင်ကယ်မီးအလင်းရောင်က ဆိုင်တစ်ဆိုင်အတွင်းမှာရှိနေတဲ့ ခြေမြန်တပ်ရင်း ၄၂၆ က ဟိန်းဇာနည် ဆိုတဲ့စစ်ဗိုလ်ကို မတော်တဆ ထိုးမိတဲ့အတွက် သူ့ကို အဲဒီလိုဆိုင်ကယ်မီးနဲ့ ထိုးမောင်းရမှာလားဆိုပြီး ရွာသားနှစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့ပါတယ်။

အဲဒီစစ်အစိုးရ ခြေမြန်တပ်ရင်း ၄၂၆ က ဟိန်းဇာနည်ဆိုတဲ့ စစ်ဗိုလ်ဟာ ထီထဲုင်ထိုးဘူတာရုံမှာ စောင့်ဖို့လုံခြုံရေးတာဝန်ကျသူဖြစ်ပြီး ဆိုင်အတွင်းမှာ အရက်အထိုင်သောက်နေစဉ် အပြင်ဘက်က ဆိုင်ကယ်မီးနဲ့ ဆိုင်အတွင်းမှာရှိတဲ့သူ့ကို မတော်တဆ ထိုးမိတော့ ဒေါသထွက်ပြီး ရွာသားကို ရိုက်နှက်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဒီခြေမြန်တပ်ရင်း အမှတ် ၄၂၆ က စစ်တပ်တွေဟာ အမြဲတမ်းအရပ်ဝတ်နဲ့ တောင်းတပ်ကျေးရွာသို့ သစ်အခွန်နဲ့ အခြားသော အကောက်အခွန်များ အမြဲလာကောက်နေကြ ဖြစ်ကြောင်းနဲ့ ရွာရောက်တိုင်းအရက်ဆိုင်မှာ အမြဲလိုလို အရက်ဝင်သောက်နေကြကြောင်း အမည်မဖေါ်လိုတဲ့ ဒေသခံရွာသားများက ပြောခဲ့ပါတယ်။

2 comments:

ဝေးခွန်သိန်း said...

လူချင်းမဆန်လိုက်တာဗျာ အားလုံးရူတ်ချကြပါ

khun lay said...

ဝိုင်းသိပ် လိုက်ရမှာ အဲလိုဗိုလ်တွေကို..
ပြည်သူထမင်းစားပြီး ပြည်သူ့ကို ပြန်စော်ကားတာ..