ဝရမ်းအမိန့်စာထုတ်ပြီးအိမ်ပေါ်မှနှင်ထုတ်ခံရ၍မိသားစုဒုက္ခရောက်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၁၅ ရက်၊ ၂၀၁၄ ခု၊ တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု ကောင်ရွေးရွာရှိ ဦးစံမြ (ကွယ်လွန်) ၏ နေအိမ်တွင် ကလေး နှစ်ယောက်ရှိ ချွေးမဒေါ်နန်းပေး မိသားစုနေထိုင်သည်ကို ဝရမ်းထုတ်ပြီး PNA စစ်သား ၈ ယောက်က အိမ်ပေါ်မှပစ္စည်းများကို ပစ်ချပြီး မောင်းထုတ်ကြောင်း ဧပြီ ၁၃ ရက်နေ့တွင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်တွင် ဦးစံမြ၏နေအိမ်သည် ၁၉၉၆ ခုနှစ်တွင် PNO ဗဟိုမှ ပေးထားသောမြေဖြစ်ပြီး၊ ၂၀၀၄ ခုနှစ် တွင်ဦးစံမြက ဆုံးပြီး၊ ၎င်းမြေအိမ်အမွေကို သားဖြစ်သူမောင်ချမ်းသာကို ပေးအပ်ကာ ဇနီးနှင့်ကလေး နှစ်ယောက်အတူ နေထိုင်ကြောင်း၊ မောင်ချမ်းသာ ထောင်ကျခံရချိန်တွင် ချွေးမဖြစ်သူ ဒေါ်နန်းပေနှင့် သူမ၏ကလေနှစ်ယောက် (သမီးတစ်ယောက်၊ သားတစ်ယောက်) နှင့်အတူ နေထိုင်ကြောင်း သိရသည်။

ဧပြီ ၅ ရက်နေ့တွင် ဗိုလ်မှူး ခွန်မြင့်အောင်က ဝရမ်းအမိန့်စာပို့လာကာ၊ ဧပြီ ၁၁ ရက် နေ့တွင် အသနားခံစာပြန်လည်ပေးပို့ခဲသော်လည်း၊ ဧပြီ ၁၂ ရက် ညနေ ၅ နာရီအချိန်တွင် PNA စစ်သားမှ လက်နက်ဖြင့်ချိန်းခြောက်ကာ အိမ်ပေါ်မှအတင်းအဓမ္မဆင်းခိုင်း၍ ပစ္စည်းများကို ထုတ်ပြီး အိမ်ပေါ်မှ ပစ်ချကြောင်း သိရသည်။

ဒေါ်နန်းပေ၏ မိသားစုသည် လုံးကောင်ပရဟိတဘုန်းကြီးကျောင်းတွင် လျက်ရှိခေတ္တမှီခိုနေရပြီး၊ ဗိုလ်မှူးစံလွင်ထံ သွားရောက်တိုင်ကြားသော်လည်း ဖြေရှင်းပေးခြင်း မရှိကြောင်း၊ ၎င်းအမှုကို တရားဥပဒေနှင့် အညီ ဖြေရှင်းပေးစေလိုကြောင်း၊ လင်ယောက်ျား ပြန်လွတ်လာမှသာ အမှုကို ဖြေရှင်းရန် တောင်းပန်သော်လည်း မရကြောင်း၊ အိမ်ပေါ်မှ နှင်ချခံရသူ ဒေါ်နန်းပေးက ပြောသည်။

”ဒီလိုလက်နက်နဲ့ ခဏခဏလာခြိမ်းခြောက်တာ ၅ ကြိမ်လောက်ရှိပြီ၊ အဖိုးဦးစံမြစိုက်ထားတဲ့ သစ်ပင် များကိုလည်း အကုန်ခုတ်ပစ်တယ်၊ တစ်ခါးကိုသော့နဲ့ ချိတ်ပိတ်တာ အကြိမ်ကြိမ်ဘဲ။ သူတို့သားအမိက သွားနေစရာမရှိလို့ပေတေပြီး နေနေရတယ်” ဟု ဒေါ်နန်းပေး၏ အဒေါ်တစ်ယောက်က ပြောသည်။

”အဲဒါက ဦစံမြကိုပေးထားတာ ဗိုလ်မှူးမြင့်အောင်ရဲ့ လက်မှတ်ထိုးထားတာရှိတယ်၊ ဦးစံမြ၏ဇနီး ဒေါ်နန်းမိလည်း ရှိနေသေးတယ်၊ တရားရုံးမှာလည်း ကျမ်းကြိမ်ထားတာ နန်းပေးကို ညှိခိုင်းသော်လည်း မညှိဘူး၊ ဖါမွိုန်းမှာ ပေးထားတဲ့အကွက်ကို ရောင်းလိုက်တယ်၊ ယခု အဖဦးစံမြရဲ့ မြေကွက်ကို လေးပုံတစ်ပုံလည်း ရောက်လိုက်ပြီ၊ ဒေါ်နန်းမိက လာနေဖို့ နန်းပေးက ပေးမနေဘူး သဘောမတူဘူး” ဟု PNA မှ ဗိုလ်မှူးကြီးခွန်လာက ပြောသည်။

ပြဿနာဖြစ်ပွားရာနေရာတွင် တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု၊ ကောင်ရွေးရွာ တောင်ကြီး ကျောက်သလုံး လမ်းမဘေး မြေကွက် မျက်နှာစာ ပေ ၁၃ဝ၊ အနံ့ ၁၆ဝ ပေရှိကြောင်း၊ လူသားချင်း စာနာထောက်ထားမှုဖြင့် တရားမျှတအောင် လုပ်ဆောင်ပေးရန်နှင့် ယခုနေစရာမရှိ၍ သမီးဖြစ်သူလည်း ပညာရေးကို ထိခိုက်နိုင်ကြောင်း၊ မိမိနေသောနေအိမ်ကို ပြန်လည်နေထိုင်လိုကြောင်း ဒေါ်နန်းပေးမှ ဆိုသည်။

5 comments:

Unknown said...

အဖွဲ့အစည်းများ အဖွဲ့ပိုင်ပစ္စည်းဆိုပြီ ရမ်းကားပြန်သိမ်းယူထားတာ သူတို့ခေါင်းဆောင်ပိုင် ပစ္စည်းအားလုံးကိုလည် စီစစ်ပြီး အဖွဲ့ပိုင်ဆိုပြီး ပြန်သိမ်းကြပါ။ ပြီးတော့ ပိုင်ဆိုင်မှုအလိုက် နိုင်ငံတော်ကို အခွန်ပေးကြပါ။ သေနတ်ပြပြီ မိန်းမများကို ခြိမ်းခြောက်တဲ့ အကျင့်ကို ဥပဒေများနဲ့ လူမှုရေးရှိဖို ဆုံးမဖိုအချိန်တန်ပြီ။

Unknown said...

သတင်း​ခေါင်းစဉ်​ကလွှဲ​နေတယ်​ထင်​တယ်​​နော်​။ ​အောက်​နားမှာပါတာ​တော့ ​ချွေးမကအပိုင်​စီးပြီး ​ယောက္ခမကို​တောင်​ ​ပေးမ​နေဘူးဆို​တော့ ​ချွေးမအလွန်​မဟုတ်​လား။ အဖွဲ့​ပေးတာက ဦးစံမြဆို​တော့ ဦးစံမြဆုံးရင်​ မြန်​မာ့ဓ​လေ့ထုံးတမ်းဥပ​ဒေအရ ဇနီးဖြစ်​သူကပိုင်​တယ်​​လေ။ ခုကျ​တော့ စာ​ရေးသူရဲ့ တဖက်​သားအ​ပေါ် မုန်းတဲ့စိတ်​ထား၊ သိက္ခာချရပြီး​ရောဆိုတဲ့စိတ်​ထား​ကြောင့်​ တဖက်​အဖွဲ့အစည်းကို ထိခိုက်​​စေမှာ​ပေါ့။ ဒါဟာ သတ်းသမားတ​ယောက်​ထားရမယ့်​ စိတ်​မဟုတ်​ဘူးလို့ထင်​ပါတယ်​။ ခွန်​ရာဇာရဲ့ ​ဆောင်းပါး ၉၀ရာခိုင်​နှုန်းဟာ PNO ကို တိုက်​ခိုက်​တာဆို​ပေမယ့်​ ​သေချာ​တွေးရင်​ ပအိုဝ်းအမျိုးသား​တွေကို ​သွေးကွဲ​စေမယ်​ဆိုတာ ​သေချာ​တွေးမိဖူးရဲ့လား။ PNO ကို လူတိုင်းကြိုက်​ဖို့မလို​ပေမယ့်​ အမြဲတိုက်​ခိုက်​​နေတာက ​အောက်​တန်းကျလွန်းတယ်​ထင်​ပါတယ်​။ ခွန်​ရာဇာကြိုက်​တဲ့ ​ကောင်​​ရွေတို့၊ ပအမဖ တို့၊ PNLO တို့ကို စိတ်​တိုင်းကျ ကြိုက်​လို့ရပါတယ်​။ ​ရွေး​ကောက်​ပွဲကျရင်​ မဲ​ပေးနိုင်​ပါတယ်​။ ကိုယ့်​အဖွဲ့ မဲနိုင်​ဖို့ အထက်​တန်းကျကျ နိုင်​ငံ​ရေးအရ စည်းရုံးသင့်​ပါတယ်​။ တဖက်​အဖွဲ့အ​ပေါ် လူထုအမုန်းပွား​အောင်​ လုပ်​ပြီးမှ ကိုယ့်​အဖွဲ့နိုင်​တယ်​ဆိုရင်​​တော့ ဒါက ​အောက်​တန်းကျတဲ့ နိုင်​ငံ​ရေးလို့မြင်​ပါတယ်​။ ကျ​နော်​သည်းမခံနိုင်​ဆုံးက ပအိုဝ်း​တွေ​သွေးကွဲသွားမှာကိုပါ။ ခုပဲ ပအမဖ နဲ့ PNLO ထပ်​​ပေါ်လာ​တော့ လူမျိုးကြီးဝါဒ အခြေ ခံတဲ့ ပါတီကြီး ၃ ခုကတော့ ကြို ပြီး ​အောင်​ပွဲခံ​နေ​လောက်​ပါပြီ။ ဒါ​ပေမယ့်​ ခွန်​ရာဇာက အဲဒီပါတီ​တွေဆီက ​ထောက်​ပံ့​ကြေးရ​နေရင်​​တော့လည်း ဒါဟာ ကျ​နော်​တို့ ပအိုဝ်း​တွေရဲ့ ကံဆိုးမှုလို့ပဲ မှတ်​ယူပါ​တော့မယ်​။ ခွန်​ရာဇာတို့လို ပညာတတ်​ပအိုဝ်းလူငယ်​​တွေ ပအိုဝ်းအမျိုးသားများရဲ့အကျိုး လမ်းလွှဲမလိုက်​ပဲ ​စေတနာသန့်​သန့်​နဲ့ ​ဆောင်​ရွက်​နိုင်​ပါ​စေလို့ ဖိုးတီသား ဆန္ဒပြုပါတယ်​။ ​အောင်​မြင်​ပါ​စေ