ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး (ရလလဖ) ဥက္ကဋ္ဌဦးခွန်စိန်ရွှေနှင့် တွေ့ဆုံခြင်း
ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ)ကို ၁၉၂၉ ခုနှစ် ပဒေသရာဇ်ဆန့်ကျင် တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းခဲ့ပြီး ၁၉၆၃ ခုနှစ် အာဏာသိမ်း အစိုးရလက်ထက် နိုင်ငံရေးအင်အားစု များနှင့်အတူဖျက်သိမ်းခံခဲ့ရသော (ပအမဖ)အဖွဲ့အား အခြေခံ၍ ၁၉၆၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရလလဖ ဥက္ကဌ ဦးခွန်စိန်ရွှေ (ဓာတ်ပုံ - ပေါ်ပြူလာဂျာနယ်)
(၁၉၆၆ ခုနှစ်၌ ဒုတိယအကြိမ် လက်နက်ကိုင် တော်လှန်ရေး ပြန်လည်စတင်ခဲ့ပြီးနောက်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်) ၎င်းအဖွဲ့သည် ၁၉၈၈-၁၉၉၃ ခုနှစ်ကာလအတွင်း တစ်ပြည်လုံးအသွင်ဆောင်သော အမျိုးသားဒီမိုကရေစီတပ် ပေါင်းစု ဝင် ဖြစ်ခဲ့ပြီးအမျိုးသားရေးအဖွဲ့အဖြစ် အစိုးရနှင့်လက်တွဲ၍ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစီမံ ကိန်းများဆောင်ရွက်ခဲ့ကာ ၂ဝဝ၄ ခုနှစ်၌ ကျင်းပခဲ့သော အမျိုးသားညီလာခံသို့ တက် ရောက်ခဲ့သည်။ သို့ရာတွင် ၂ဝဝ၇ ခုနှစ်၌ ဗိုလ်သူရိန်ဦးဆောင်သောအဖွဲ့က လက်နက်ကိုင်တော်လှန်ရေးပြန်လည်စတင်ခဲ့ကာ ဦးခွန်ချစ်မောင်နှင့်အဖွဲ့က တရားဝင်လက်နက်ချခဲ့သည်။
ယင်းကာလ၌ပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကိုငြင်းဆန်ပြီး လက်နက်ကိုင်တပ်များလက်နက်မအပ်နှင်းသောကြောင့် ပြဿနာများ ဖြစ်ပေါ်ခဲ့သည်။ ၂ဝဝ၈ ခုနှစ်တွင်(လက်ရှိ ရလလဖ အဖွဲ့ဥက္ကဋ္ဌ) ဦးခွန်စိန်ရွှေဦးဆောင်သော အဖွဲ့ဝင်များ လက်နက်ဖျက်သိမ်းခံခဲ့ရပြီး အဖွဲ့အစည်းသည် မှတ်ပုံတင်ခြင်းမရှိဘဲ အချန်ကာလတစ်ခု အထိ မြေအောက်အဖွဲ့အစည်းအဖြစ်ရပ်တည်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် ရပ်သားအစိုးရ တက်လာပြီးနောက်အစိုးရသစ်မှ တရားဝင်ပြန်လည် ဆက်ဆံလာသောကြောင့် လက်ရှိ၌တရားဝင်အဖွဲ့အစည်း အဖြစ်ရပ်တည်လျက်ရှိကာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဆီဆိုင်မြို့နယ်နောင်ထောဝ်ရွာ၌ဌာနချုပ်နယ်မြေ၌ (၆၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆန့်ကျင် တော်လှန်ရေးနေ့ အခမ်းအနားကိုကျင်းပခဲ့ရာ ရလလဖ ဥက္ကဋ္ဌဦးခွန်စိန်ရွှေနှင့် မီဒီယာများတွေ့ဆုံမေးခဲ့သည်များ မှ ပေါ်ပြူလာနယူးစ်စာဖတ်ပရိသတ်အတွက် ပြန်လည်ဖော်ပြလိုက်ရပါသည်။
"ရလလဖအနေနဲ့ တရားဝင် ပါတီဖွဲ့ ခွင့်ရပြီလား သိချင်ပါတယ်။"
အခုလက်ရှိ ပြည်နယ်အစိုးရ က ကျွန်တော်တို့ကို ပြောပါတယ်။ ကျွန်တော်တို့က ၉၄ ခုနှစ်တုန်းက အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ကျွန်တော် တို့ကိုတရားဝင်ပါတီ တစ်ရပ် နိုင်ငံ ရေးအဖွဲ့အစည်းတစ်ရပ်လို့ အသိ အမှတ်ပြုခဲ့တယ်။ အခု ဒီအစိုးရ တက်လာတော့ ကျွန်တော်တို့ကို အဲဒီလိုအသိအမှတ်ပြုသေး လားလို့ တရားဝင် ပြန်မေးတဲ့အခါကျတော့ ပြုပါတယ်။ ကျွန်တော်တို့က အထူး ဒေသ ၁၃နယ်မြေဆိုပြီးတော့ နယ် မြေလည်း အသိအမှတ်ပြုတယ်။ အဖွဲ့အစည်းကိုလည်း အသိအမှတ် ပြုတယ်။ နိုင်ငံရေးအဖွဲ့အစည်း တစ်ရပ်အနေနဲ့လည်း အသိအမှတ် ပြုတယ်။ ဒါကြောင့်မို့လည်း ကျွန် တော်တို့ ဒီပွဲကို အစဉ်အလာအတိုင်း ပဲ ဆက်လုပ်တယ်။
"၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအရ လူ့အခွင့်အရေးကို ကာကွယ်တာ အားနည်းနေတယ် ဆိုတဲ့အချိန်မှာ ဥက္ကဋ္ဌကြီးတို့ ပါတီကို တရားဝင် အသိအမှတ်ပြုဖို့ဆိုတာ ဘယ် လောက်ထိ ခိုင်ခိုင်မာမာ ပြောလို့ ရမလဲ။"
အဲဒါ တော်တော် ပြောရခက် တယ်ဗျ။ ၂ဝဝ၈ (ဖွဲ့စည်းပုံ) ဥပဒေ ကလည်း တော်တော် ကမောက် ကမနိုင်တယ်။ အဲဒီတော့ ဒါလေး နဲ့ပတ်သက်ပြီး ကျွန်တော့်အတွေ့ အကြုံကို နည်းနည်း ပြောပြချင် တယ်။ ဘာလဲဆိုတော့ ၂ဝဝ၄ ခုနှစ်မှာ သူတို့ ညီလာခံပြန်စတယ်။ အမျိုးသားညီလာခံ။ အဲဒီအချိန်မှာ ကျွန်တော်တို့ကို ဖိတ်ကြားလို့ ကျွန် တော်ကိုယ်တိုင်ပဲ တက်ခဲ့ရပါတယ်။ တက်ပြီးတော့ အဲဒီအချိန်မတိုင်ခင် တုန်းက ထောက်လှမ်းရေး ဗိုလ် ချုပ်ခင်ညွန့် လက်ထက် ထောက် လှန်းရေးက ပြောကြတာက ဘာလဲ ဆိုတော့ ကျွန်တော်တို့က အပစ် အခတ် ရပ်စဲရေး လုပ်တော့မယ် ဆိုတဲ့ အခါကျတော့ ကျွန်တော်က ပြောတယ်။
ကျွန်တော်တို့ဒီလိုအပစ်အခတ် ရပ်စဲရေးလုပ်ရုံနဲ့ မပြီးဘူး ထင်ပါ တယ်။ ဒီတော့ နိုင်ငံရေးဆွေးနွေး မှသာလျှင်ပြည့်စုံမယ်လို့ ကျွန်တော် တော့ ယူဆတယ်။ နိုင်ငံရေးအရ ကျွန်တော်တို့ ဆွေးနွေးကြရအောင် ပါဆိုတော့ကျွန်တော်တို့က စစ်အစိုး ရပါ နိုင်ငံရေးအစိုးရမဟုတ်ပါဘူး။ အရပ်သားအစိုးရ တက်လာတဲ့ အခါကျမှ ခင်ဗျားတို့ နိုင်ငံရေးဆွေး နွေးပါ။ အခုလောလောဆယ် နိုင်ငံ ရေးဆွေးနွေးချင်တယ်ဆိုရင် ညီလာ ခံတက်ပါ။ အစတုန်းက ကျွန်တော် တို့က မတက်ဘူးလို့ တင်းခံထား တယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံလုပ်တဲ့သူဟာ သူတို့ကိုယ် တိုင်လည်း ပြောထားခဲ့တယ်။
၉ဝ ခုနှစ် ရွေးကောက်ပွဲရဲ့ ရလဒ်ကို NLD က အားလုံး သူရ သွားတယ်။ ဒါကို အာဏာမအပ်နှင်း ဘဲနဲ့ ဘာပြောလဲဆိုတော့ အနိုင်ရ တဲ့ပါတီကဖွဲ့စည်းအုပ်ချုပ်ပုံ အခြေ ခံဥပဒေကို ရေးဆွဲဖို့ပဲဆိုပြီး ပြော တယ်။ ဒါဟာ နားထောင်လို့တော့ သိပ်မကောင်းဘူးလို့ ထင်တယ်။ မှန်လည်း မမှန်ကန်ဘူး။ တကယ့် တကယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲတဲ့အခါကျတော့ သူ တို့ပဲရေးဆွဲတယ်။ြီူ ကို ဘေး ချိတ်ထားတယ်။အဲဒါကိုက မတရား ဘူးလို့ ကျွန်တော်တို့ထင်လို့ ညီလာ ခံလည်းမယုံကြည်ဘူးလို့ ကျွန်တော် တို့ တင်းခံထားပေမယ့်လို့ နိုင်ငံရေး စကားတော့ ပြောခွင့်ရမယ်ဆိုတော့ အဲဒါတော့ ကျွန်တော်တို့ ကြိုက်လုံး ဖြစ်နေတယ်။ အဲဒီဟာလေးတစ်ခု။ ဒါနဲ့တက်ဖို့ ကျွန်တော်တို့ဆုံးဖြတ် လိုက်တယ်။
ကျွန်တော်နဲ့ ကျွန်တော်တို့ ကော်မတီဝင်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူး အောင်ရွှေလတ်နဲ့ နှစ် ယောက်သွားတက်ကြတယ်။ ဟို ရောက်တော့ ညီလာခံကိုယ်စား လှယ်တွေ မိမိအမြင်ကို ပွင့်ပွင့်လင်း လင်းစာတမ်းပြုစုပြီး တင်ပြနိုင်တယ် ဆိုတော့ သိပ်ဝမ်းသာတာပေါ့။ ဒါနဲ့ သူတို့ ဘာရည်ရွယ်ချက်တွေ ရှိမှန်း ကျွန်တော်မသိဘဲနဲ့ ညီလာခံမှာ ကျွန်တော် စာတမ်းပြုစုလိုက်တယ်။
အချက်အလက်တွေကတော့ များများမပြောတော့ပါဘူးး။ ကျွန် တော်တင်ပြတဲ့ အချက်အလက်တွေ ထဲက တစ်ချက်နှစ်ချက်လောက် တော့ ကျွန်တော်ပြောပြချင်တယ်။ အဲဒီမှာ နိုင်ငံရေးဦးဆောင် အခန်း ကဏ္ဍမှာ တပ်မတော်ပါဝင်ရေးဆို တဲ့အချက်ကို ပထမထားပြီး ကျွန် တော်ရေးတယ်။ ရေးတော့သူ့ရဲ့စာ သားကိုတော့ အခုကျွန်တော်ပြော ပြရင် စာသားပြည့်စုံမှာ မဟုတ်ပါ ဘူး။ အဓိပ္ပာယ်လောက်တော့ ပြည့် စုံလိမ့်မယ်လို့ထင်တယ်။ နိုင်ငံတော် ရဲ့ အာဏာဟာပြည်သူကနေ ဆင်း သက်လာတာဖြစ်တယ်။
တစ်နိုင်ငံလုံးမှာ တည်တယ်လို့ ရေးထားတယ်။ ဒါ ကျွန်တော် သဘောကျတယ်။ ဒါပေမဲ့ နောက် တစ်ကြောင်းမှာကျ ဘာရေးထား သလဲဆိုတော့ တပ်မတော်ရဲ့ ကိုယ် စားလှယ်တွေကျတော့ စစ်ဦးစီးချုပ် ကပေးပို့တဲ့စာရင်းက အတည်ဖြစ် တယ်ဆိုတဲ့ သဘောမျိုး ပါနေ တယ်။ ကျွန်တော့်စာထဲမှာ ကျွန် တော်ရေးတယ်။ ဒီအချက်နှစ်ချက် ဟာ ဝိရောဓိဖြစ်နေတယ်လို့ ကျွန် တော်ရေးတယ်။
အဲဒီတော့ဒီနှစ်ချက်က ပဋိပက္ခ ဖြစ်နေတဲ့အတွက်ရှေ့မှာ စကားများ စရာတွေ ဖြစ်လာမယ်။ တော်တော် စကားများရမယ့်ကိစ္စတွေ ဖြစ်တယ်။ ကျွန်တော်တို့က တပ်မတော်ကို မလိုလားလို့ ပြောနေတာမဟုတ် ဘူး။ တပ်မတော်ဟာ ပြည်သူထဲက ပြည်သူမို့လို့ နိုင်ငံရေး ဦးဆောင်မှု အခန်းမှာ ပါဝင်ခွင့်ရှိပါတယ်။ အဲဒီ တော့ တပ်မတော်လည်း ပါဝင်နိုင် ရေးအတွက်ဒီဥပဒေနှစ်ခုဟာ လိုက် လျောညီထွေဖြစ်အောင် ဥပဒေ ပညာရှင်တွေအနေနဲ့ ပြန်လည်ရေး သားသင့်ကြောင်း တင်ပြအပ်ပါ တယ်ဆိုပြီး ဒီလောက်ပဲ ကျွန်တော် ရေးတယ်။
အဲဒါခေါ်ပြောခံရတယ်။ ခင် ဗျားဟာကြီးက ဘယ်လိုလုပ် ပြင် ရေးမလဲဗျတဲ့။ ဦးကျော်ဆန်းကခေါ် ပြောတယ်။ အဲဒီအချိန်တုန်းက ဦးကျော်ဆန်းက ညီလာခံအတွင်း ရေးမှူး၊ဦးသိန်းစိန်ကဥက္ကဋ္ဌ၊ ပုဂ္ဂိုလ် ရေးအရတော့ ထိတွေ့မှုများလို့လား တော့ မသိဘူး။ ရင်းနှီးမှုတော့ရှိပါ တယ်။ ဒါပေမဲ့ နိုင်ငံရေးကိစ္စနဲ့ကျ တော့ ကျွန်တော်က မရင်းနှီးချင် ဘူး။ မရင်းနှီးချင်ဘူးဆိုတာ သူတို့ရဲ့ အယူအဆတွေကို ကျွန်တော်က မလိုချင်ဘူး။ ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်လို့ ကျွန်တော့် စိတ်ထဲမှာ ပြောတယ်။ ကျွန်တော် ပြောလိုက် တာက ဘယ်လိုပြင်ရမလဲ ဆိုတာ ကျွန်တော်မသိဘူး။ ကျွန် တော် ဥပဒေပညာရှင် မဟုတ်ဘူး။ ဒါပေမဲ့ ဒီနှစ်ချက်က မတူဘူး၊ ပဋိပက္ခ ဖြစ်နေတယ်ဆိုတာ ကျွန် တော်သိတယ်။ ဒါကြောင့်မို့ ပဋိပက္ခ လည်းမဖြစ်အောင် တပ်မတော် လည်း ပါဝင်ရအောင် အဲဒီဥပဒေ ကို ပြင်မှဖြစ်မယ်။ မဟုတ်ရင် ရှေ့ မှာ စကားပြောစရာတွေ အများကြီး ဖြစ်လာမှာကို ကြိုမြင်လို့ ကျွန် တော် ပြောတာဖြစ်တယ်။ အဲဒါကို ပြင်ပါ့မယ်လို့လည်း မပြောဘူး။ ဘာမှလည်းမပြောဘူး။
နောက်ဆုံး ကျွန်တော့်စာတန်း ညီလာခံမှာ မပြောနဲ့ အစုအဖွဲ့ အတွင်းမှာတောင်မှ ကျွန်တော်တို့က အဲဒီတုန်းကအစုအဖွဲ့ရှိတယ်။ ဆွေး နွေးဖတ်ကြားခွင့်မရခဲ့ဘူး။
အဲဒါတစ်ချက်၊ နောက်တစ်ခု က ပြည်ထောင်စုတည်ဆောက်ရေး ကိစ္စ ကျွန်တော်နားလည်တာက ပြည်ထောင်စုကို ပြည်နယ်တွေက ကိုယ်စားလှယ်တွေနဲ့၊ ဗိုလ်ချုပ် အောင်ဆန်းတို့တုန်းကလည်း ဖက် ဒရယ်အနေနဲ့ စုပေါင်းပြီးတော့ ဖွဲ့ စည်းရမှာ ဖြစ်တယ်။
အဲဒီမှာက တူညီတဲ့ ကိုယ်စား လှယ်တွေ ထည့်ပေးရမှာကို အဲဒီ တော့ဒီနေရာမှာ ကျွန်တော် ပွင့်ပွင့် လင်းလင်းပြောတယ်။ ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ပြည်နယ် တွေက ကိုယ်စားလှယ်တွေနဲ့ ပြည် ထောင်စုကို ဖွဲ့စည်းရမှာ ဖြစ်တယ်။ အဲဒီတော့ခက်နေတာက ဗမာအမျိုး သားတွေမှာ ပြည်နယ်မရှိဘူး။ ဟိုး ၄၈၊ ၄၉ ကတည်းက စပြီးတော့မှ တစ်လျှောက်လုံး ဗမာပြည်နယ်ဆို တာမရှိဘူး။ အဲဒီတော့ ကြယ်ဖြူ လေး ၅ ပွင့်ရန်ထားတဲ့ ကြယ်ဖြူကြီး က ပြည်ထောင်စု။ ကျွန်တော်တို့ နားလည်တာပြောပါတယ်။ ရန်ထား တဲ့ ကြယ်ဖြူတွေက ပြည်နယ်တွေ ပေါ့။ ရှမ်း၊ ကချင်၊ ကယား၊ ဗမာဆိုပြီးရှိတယ်။ စတင် တုန်းက။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ကံကြမ္မာလို့ပဲပြောရမလားမသိဘူး။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေး ဖခင်ကြီး လုပ်ကြံခံလိုက်ရတယ်။ နောက်ပိုင်းလူတွေကလည်း လုပ် ချင်သလို လုပ်ကြတယ်။ အဲဒီတော့ ဒီနေရာမှာ အားလုံးရဲ့ ခံစားချက်က ဘာတုန်းဆိုရင် ဗမာတွေ လူလည် လုပ်တယ်ဆိုတဲ့ဟာပဲ။ အဲဒီအမြင် တွေ တော်တော်လေး ကြီးမားလာ တယ်။
အဲဒီတုန်းက ဗမာအမျိုးသား ပြည်သူတွေထဲမှာ ပြောနေတာတွေ ကြားရတာရှိတယ်။ သူတို့ပြောတာ လည်း သူတို့ဘက်က ကြည့်ရင်မှန် နေတာပဲ။ငါတို့ ဗမာတွေက ဒီတိုင်း ပြည်မှာ ၅ဝ ရာခိုင်နှုန်း ကျော်တယ်။ လူတစ်ဝက်ကျော်တယ်ဗျာ။ ကယား က လူဦးရေ ၄ သိန်းကျော်လောက် ရှိတယ်။ ပြည်နယ်ရတယ်။ ငါတို့ ဗမာတွေ ဘာကြောင့် ပြည်နယ် မရတာလဲ။ ဒါဗမာတွေဘက်က အမြင်။ ဒါရိုးရိုးသားသား မြင်တာ နော်။ ဗမာပြည်သူလူထု။ ဒါပေမဲ့ လူမျိုးစုတွေကြားထဲမှာ ဘယ်လို အသံထွက်လာလဲဆိုတော့ ဗမာ သည် ပြည်နယ်မယူတာ ပြောရ မယ်ဆိုရင် နိုင်ငံတော်ရဲ့ အာဏာကို လက်ဝါးကြီး မအုပ်နိုင်မှာစိုးလို့၊ မအုပ်ရမှာစိုးလို့၊ ပြည်နယ်မယူတာ ဒါလူလည်လုပ်တာ။အဲဒီလို ပြောကြ တာတွေရှိတယ်။ နောက် အဲဒီတုန်း က မှတ်မိကြဦးမယ် ထင်တယ်။ ပါလီမန်အစည်းအဝေးကို တိုက်ရိုက် ရေဒီယိုနဲ့ ဟိုတုန်းက ရုပ်မြင်သံကြား မရှိဘူး။ ရေဒီယိုနဲ့လွှင့်ပေးတယ်။ အသေးစိတ်ကို ဟိုမှာပြောကြဆို ကြ ငြင်းကြခုန်ကြအားလုံးကို ပြည် သူတွေက ကြားနေရတယ်။ အခြေ အနေဘယ်လိုလဲဆိုတာ အကဲခတ်မိ တာတွေအများကြီးရှိတယ်။ ဒီတော့ ပါလီမန်ထဲမှာရှိနေကြတဲ့ အာဏာ ရပုဂ္ဂိုလ်တွေ ရော အတိုက်အခံဖြစ် တဲ့ ပမညတတို့ကပါ ပြည်နယ်ယူရေး ကိစ္စကိုလက်မခံဘူး။ အဲဒီလို ငြင်း ဆန်နေ ကြတာကြာလာတော့ လူ မျိုးစုတွေဘက်က ခေါင်းဆောင် တွေက အမြင်ကပိုပြီးတော့ ဆိုးလာ တယ်။ ကျဉ်းမြောင်းတဲ့ လူမျိုးရေး ဝါဒလည်းပါချင်ရင်ပါမှာပေါ့။
ဒါပေမဲ့အဲဒီဟာက ကျွန်တော် မြင်တာတော့ သိပ်မပါနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ် အသီးသီးက တူညီတဲ့ကိုယ်စား လှယ်တွေ ရွေးရတော့မယ်။ အရေ အတွက် တူညီအောင်။ ဒီတော့ ရှမ်းပြည်နယ်က ပြည်နယ်ကြီး တစ်ခုဖြစ်တယ်။ ကယားပြည်နယ် က ပြည်နယ်အသေးတစ်ခု ဖြစ် တယ်ဆိုပြီး ကယားကသေးတော့ တစ်ယောက်ပဲယူ။ ရှမ်းကများတော့ ၁ဝ ယူဆိုပြီး အချိုးကျ သွားဝေခိုင်း နေလို့တော့ ဘယ်တော့မှ မဖြစ်ဘူး လေ။ ကယားက အမြဲရှုံးနေတော့မှာ ပေါ့။ ပါလီမန်ထဲမှာ ငြင်းကျခုန်ကြ မယ်ဆိုလို့ရှိရင် ဒါကို အဲဒီဗမာခေါင်း ဆောင်တွေက သိတယ်။ သိလို့ ပြည်နယ်ယူရင် သူလည်းတူညီတဲ့ ကိုယ်စားလှယ်တွေကို ထည့်ရမယ် ဆိုရင် လူမျိုးစုတွေကို သူတို့နိုင်မှာ မဟုတ်ဘူး။ အဲဒီ အမြင်နဲ့ပေါ့။ ဒါပေမဲ့ နိုင်ငံရေးအရကို ထည့်မစဉ်း စားဘူး။ အမှန်တကယ်ပဲ သူများ ပြောသလို လက်ဝါးကြီး အုပ်ချင် တဲ့ ဆန္ဒနဲ့ ပြည်နယ် မယူတာ ဖြစ် တယ်။ နောက်တကယ် ပြည်ထောင် စုအစိုးရ ဖွဲ့တဲ့အခါကျတော့ သူတို့ ပါတီက တကယ်ပဲ လူလည် ဝင် လုပ်နေတယ်လို့ မြင်လာတယ်။ ပြည်နယ် အရေးအခင်းတွေမှာ လည်း ဝင်ရောက်စွက်ဖက်တယ်။ ဥပမာ အနီးစပ်ဆုံး ကျွန်တော် ပြောရရင် ရှမ်းပြည်နယ် ဥက္ကဋ္ဌ ရွေးစဉ်တုန်းက ပထမရွေးတဲ့လူက ဝန်ကြီးချုပ် စိတ်ကြိုက်မဟုတ်လို့ ဖြုတ်ချခံရတယ်။ ဝန်ကြီးချုပ် စိတ်ကြိုက်လူမှ ပြည်နယ်ဥက္ကဋ္ဌ လုပ်ပိုင်ခွင့် ရှိတယ်။ အဲဒါကိုက ဒီမိုကရေစီ မဟုတ်ဘူး။
ပြဿနာက အဲဒီကနေ စတာ ပဲ။ ဒါကြောင့်မို့ မဟာလူမျိုးကြီးဝါဒ လို့ဗမာကို ဒီလိုမြင်ကြတယ်။ သို့ သော်ကျွန်တော်တို့ ရလလဖအမြင် ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကျွန်တော်တို့ ရလလဖ လက်နက် ကိုင် တော်လှန်ရေး ဒုတိယအကြိမ် ပြန်စတဲ့အချိန်၊ ပထမအကြိမ်တုန်း ကတော့ လက်နက်နဲ့ ဒီမိုကရေစီ လဲလှယ်ရေးဆိုတဲ့ နာမည်လှလှ လေးနဲ့ လက်နက်အပ်ခဲ့ရတယ်။ တကယ့်တကယ် အဲဒီလိုလက်နက် နဲ့ ဒီမိုကရေစီလဲလှယ်ပြီးတဲ့နောက် ဒီမိုကရေစီရလားဆိုတော့ မရပါ ဘူး။ မရတဲ့အပြင် အဲဒီတုန်းက ကျွန်တော်တို့ပအလဖလို့ခေါ်တယ်။ ပအလဖခေါင်းဆောင်တွေ အားလုံး အဖမ်းခံရတယ်။လက်နက်တွေ ရှာ ဖွေသိမ်းဆည်းတာလည်း ခံရတယ်။ ဖွက်ထားတဲ့ လက်နက်တွေ ရှိ သလားဆိုပြီး ရှာကြံမွှေနှောက် တာတွေ အများကြီးခံရတယ်။
အဲဒီတော့ ရှင်းရှင်းပြောရင် ကျွန်တော်တို့က ဒီမိုကရေစီ မရခဲ့ ဘူး။ ဒီတော့မဟာလူမျိုးကြီးဝါဒ ကျင့်သုံးနေတာ ဗမာလူမျိုးတွေ ထဲမှာလည်း ရှိတယ်။ တခြားလူမျိုး တွေမှာလည်း ရှိကောင်းရှိပါတယ်။ နောက် ကျွန်တော် ပြောရင်း ပါချင် ပါလာမှာပါ။ ဆိုတော့ ဗမာလူမျိုး တိုင်းလားဆိုတော့ မဟုတ်ပါဘူး။ ဗမာပြည်သူတွေမှာ လူမျိုးကြီးဝါဒ မရှိပါဘူး။ တကယ့်တကယ်ကျ တော့ အဲဒီလူမျိုးကြီး ဝါဒကိုင်စွဲ ထားတဲ့ ခေါင်းဆောင်တွေကနေ နှိပ်စက်တာကို ဗမာပြည်သူ တစ် ရပ်လုံးလည်း ကောင်းကောင်းကြီး ခံခဲ့ရတယ်။
အရပ်သား အစိုးရမတက်ခင် အထိပေါ့။ ဘုရားစူးအရပ်သား အစိုးရလို့ပဲ ပြောရမလားတော့ မသိဘူး။ ကျွန်တော်သိပ်ပြီးတော့ မပြောချင်သေးပါဘူး။ အခြေအနေ တော့ စောင့်ကြည့်နေပါတယ်။ ဒီတော့ အဲဒီမဟာလူမျိုးကြီးဝါဒဆို တာ လူမျိုးစုတွေမှာလည်း ရှိတာပဲ။ မပေါ်လွင်သေးတာပဲရှိတယ်။ မဟာ လူမျိုးကြီးဝါဒနဲ့ ပတ်သက်ပြီး အောက်ခြေအထိ ရောက်အောင် ကျွန်တော်စာတမ်း ရေးပြီးပြောတော့ ကျွန်တော့်သူငယ်ချင်း ဖထီးတစ် ယောက်က ခင်ဗျားဟာက မဟာ လူမျိုးကြီးဝါဒမဟုတ်ဘူး။ မဟာ ဗမာလူမျိုးကြီးဝါဒလို့ ပြောရမှာလို့ ပြောတယ်။ အဲဒီတော့ ကျွန်တော်က သူ့ကို ပြောတယ်။ မဟာလူမျိုးကြီး ဝါဒဆိုတာ ဗမာမှာ ရှိတယ်ပဲထား။ ဒါကို တိုက်ထုတ် တယ်ပဲထား။ မဟာဗမာလူမျိုးကြီး ဝါဒပြုတ်တော့ တခြား ဥပမာ ကရင်လူမျိုးကြီးဝါဒ တို့၊ ပအိုးဝ်လူမျိုးကြီးဝါဒတို့၊ ရှမ်း လူမျိုးကြီးဝါဒတို့ ပေါ်လာရင် ခွင့် လွှတ်မလား။ ဒါကြောင့် ကျွန်တော် ပြောတဲ့ မဟာလူမျိုးကြီးဝါဒဆိုတာ အပြည့်စုံဆုံးပဲလို့ ကျွန်တော်က အကုန်လုံးကို ပြောတာ။ အဲဒီတော့ ကျွန်တော်တင်ပြတဲ့ တင်ပြချက်က ပြည်နယ်ယူပါ။ ကျွန်တော်လည်း ပျော့ပျော့ ပျောင်းပျောင်းပဲ ရေးပါ တယ်။ ဗမာတွေ ပြည်နယ်ယူ လိုက်လို့ရှိရင် တစ်နေ့ ပြည်ထောင်စု အစိုးရကို ဖွဲ့စည်းတော့မယ် ဆိုရင် ဗမာအမျိုးသားတွေလည်း ဂုဏ် သရေရှိစွာ အဲဒီအထဲထဲမှာ ပါဝင် နိုင်ခွင့်ရမယ်။ အဲဒီလို သိက္ခာရှိရှိနဲ့ ပါဝင် နိုင်ခွင့်ရှိလာမယ်။ ခုအတိုင်း ဆိုရင်တော့ ရမယ်မထင်ဘူး။ ဒီ တော့ ပြည်နယ်ယူပါ။ အဲဒီတော့ ပြည်နယ် ဘယ်မှာယူမလဲဆိုလို့ ရှိ ရင် ပြည်နယ်တစ်ခုဟာ နယ်မြေ တစ်ဆက်တစ်စပ်တည်း ရှိရမယ် ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိတာ ကိုး။ ဒီတော့ ဗမာပြည်မှာ ပြည် နယ် ၇ ခုနဲ့ တိုင်း ၇ တိုင်းရှိတယ်။ တိုင်း ၇ တိုင်းထဲမှာ နယ်မြေတစ် ဆက် တစ်စပ်တည်း မရှိတာက တနင်္သာရီတိုင်း တစ်ခုပဲ ရှိတယ်။ ကျန်တဲ့တိုင်း ၆ တိုင်းက နယ်မြေ တစ်ဆက်တည်း ရှိတယ်။ အဲဒီဟာ ယူရင် ကျွန်တော်တော့ သဘောတူ တယ်။ ပြည်နယ် ဘယ်လောက် ကြီးကြီးယူပါ။ လူမျိုးလည်းများ တယ်လေ။ ယူပါ ကျွန်တော်သဘော တူတယ်။ ဒီလို ယူရင်ကောင်းတယ်။ နို့မဟုတ်ရင် ခုနက စကားတွေဟာ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု အခြေအနေ ပျက်ပြားမှုကို ဆိုက် ရောက်နိုင်တယ်လို့ ကျွန်တော်ပြော တယ်။ နောက်ပြီးတော့ ကျွန်တော် မရှင်းတာတစ်ခု အဲဒီထဲမှာ ထည့် ဖြည့်လိုက်တာ ရှိတယ်။ ဗမာနဲ့ မြန်မာဆိုတဲ့စကားဟာ ခုထက်ထိ မကွဲသေးဘူး။ လူတွေ နားလည် မှုထဲမှာ မရှင်းသေးဘူး။
နောက်ပြီး တော့ မြန်မာနဲ့တိုင်းရင်းသား ဆိုတဲ့ စကားလည်း ကျွန်တော် မရှင်းဘူး။ ဘာလို့လဲဆိုရင် ဗမာကိုပဲ မြန်မာ လိုလို။ တစ်တိုင်းပြည်လုံးမှာ နေ ထိုင်တဲ့ လူတွေအားလုံးပဲ မြန်မာ လိုလို အဲဒါသူတို့ ရည်ရွယ် ချက်ရှိ တယ်။ ကျွန်တော်တောထဲမှာ က တည်းကကို အများကြီးသိရ တယ်။ အဲဒီတော့ ကျွန်တော် နားလည်တဲ့ လူမျိုးစုဆိုတာ မြန်မာအပါအဝင် ဖြစ်တယ်။ တိုင်းပြည်ဟာ မြန်မာပဲ ခေါ်ချင်ခေါ်၊ ဗမာပဲခေါ်ချင်တာခေါ် အကုန်လုံးသဘော တူတယ်။ အရင်တုန်းက ဗမာပြည်လို့ ခေါ်တာ ကိုလည်း ကျွန်တော် လက်ခံတယ်။ ဘာမှ ပြဿနာမရှိဘူး။ လူမျိုး တစ်မျိုးနဲ့တစ်မျိုး သဘောထား မှန်ဖို့ပဲ အရေးကြီးတယ်။
အခု ယဉ်ကျေးမှု ဆိုကရေး တီးပြိုင်ပွဲ ပြိုင်ကြတာက မြန်မာ့ ယဉ်ကျေးမှုပါ။ တခြားတိုင်းရင်းသား ယဉ်ကျေးမှုတွေ မပါပါဘူး။ ဆွဲသွင်း တော့ ကယားပြည်နယ် ကိုယ်စား လှယ်၊ ကရင်ပြည်နယ်ကိုယ်စား လှယ်၊ ကချင်ပြည်နယ် ကိုယ်စား လှယ်လို့ ပြောသာပြောနေတာ တကယ်ပြိုင်တော့ ကချင်ယဉ်ကျေး မှု မပါပါဘူး။ ကရင်ယဉ်ကျေးမှု မပါပါဘူး။ ဒါတွေဟာ တခြားလူမျိုး တွေရဲ့ယဉ်ကျေးမှု ပျောက်ကွယ် အောင် လုပ်နေတာဖြစ်တယ်။
ဗမာ ယဉ်ကျေးမှုအပေါ်မှာပဲ အာရုံပြုလာအောင် နောက်တစ်ခုက စာပေယဉ်ကျေးမှု ကန့်သတ်ပိတ် ပင်ထားတာ။ အဲဒါဟာ လူမျိုးစုတွေ ပျောက်ကွယ်အောင် လုပ်တာ။ စေတနာမမှန်ဘူး။ ရှင်းရှင်း ပြောရ ရင် အဲဒါဘာလဲ။ လူမျိုးကို ဝါးမျိုဖို့ ကြိုးစားနေတာလို့ ကျွန်တော် မြင်တယ်။ ဒါ မလုပ်ကောင်းဘူး။ ဒီတိုင်းပြည်ထဲမှာ တစ်မြေတည်း နေပြီးတစ်ရေတည်း သောက်ပြီး နေကြတဲ့ သူတွေအချင်းချင်း အဲဒီလို နည်းမျိုးစုံနဲ့ အနိုင်ကျင့်နေ တာတော့ မကောင်းဘူးလို့ ကျွန်တော်မြင်တယ်။
နောက် ဗမာနဲ့ တိုင်းရင်းသား၊ ကျန်တဲ့ လူမျိုးစုတွေကို တိုင်းရင်း သားလို့ ခေါ်ရင် ဗမာဟာ နိုင်ငံ ခြားသားလား။ မေးစရာ မေးခွန်း က ထွက်လာတယ်။ ကျွန်တော်တို့ က တိုင်းရင်းသားလို့ကို မခံယူပါ ဘူး။ လူမျိုးစုပါ။ ကျွန်တော်တို့ဟာ ဗမာပြည်ထဲက ပအိုးဝ်လူမျိုးစု၊ ခင် ဗျားတို့ဆိုရင် ဗမာပြည်သား ဗမာ လူမျိုးစု၊ အကုန်လုံး လူမျိုးစုတွေ ချည်းပဲ။ ဒါကို ကျွန်တော်တို့ လက် ခံချင်တယ်။ အဲဒီလို ခံယူချင်တယ်။ ကျွန်တော် အဲဒီလိုတင်ပြတယ်။ ပယ်ချခံရတယ်။ ကျွန်တော်ပြော တာက ပါတီစုံ ဒီမိုကရေစီ တည် ဆောက်ရေး သူတို့ ပြောတယ်။ ဆိုတော့ ဒီမိုကရေစီဆိုတာ ဘာ လဲ။ ကျွန်တော်တို့ ပြည်သူတွေ နားမလည်သေးဘူး။ ဒီမိုကရေစီ ဆိုတာကို ကျွန်တော်တို့ အနေနဲ့ ကျတော့ ကျွန်တော်တို့ နားလည် ထားတဲ့ ဒီမိုကရေစီ တစ်မျိုး ဖြစ် နေတယ်။
ဥာဏ်လင်းအောင်
Popular Myanmar News Journal
No comments:
Post a Comment