ပအိုဝ်း PNLO ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးငါးဦး နေပြည်တော်တွင် တွေ့ဆုံ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO) ဥက္ကဌနှင့် အဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် ဆွေးနွေးပွဲမှ သဘောတူထားသောအချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ဝန်ကြီးငါးဦးနှင့် နေပြည်တော် သမ္မတရုံးဝန်းကြီးဌာနရုံးတွင် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း PNLO ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းတင်က ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ဝန်ကြီးငါးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဓိက ကတော့ ပြည်ထောင်စုအဆင့် သဘောတူထားတဲ့ အချက်ကို အကောင်အထည်ဖော်နိုင်ရန် ကျွန်တော်တို့ဘက်က အားနည်ချက်များနဲ့ လုပ်ထုံးလုပ်နည်းမသိတော့ အဆင်မပြေဘူး။ ပြီးတော့ ကျွန်တော်တို့ PNLO အဖွဲ့ဝင်များနဲ့ ဒေသခံပြည်သူတွေ မှတ်ပုံတင်ရရှိရန် ကူညီဆောင်ရွက်ဖို့ပါ။ အဲတာကို အခု အကောင်အထည် ဖော်နေပါပြီ။ မှတ်ပုံတင်ရရှိရေးကို သုံးလအတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်။ လုပ်ငန်းဖြစ်မြောက်အောင် အစိုးရနဲ့ လက်တွဲလုပ်ဆောင်သွားရမှာပါ” ဟု PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

ဒီနေ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ရေးရာဦးစီးဌာန ဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်နဲ့ လဝက ညွှန်ချုပ်တို့ တွေ့ဆုံပြီး PNLO ကိုယ်စားလှယ်အဖွဲ့များကို သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး သိကောင်းစရာများကို ရှင်းလင်းခဲ့ပါတယ်။ သန်းခေါင်စာရင်း စာယားများကို မှန်မှန်ကန်ကန်ရရှိဖို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ပါတယ်။ သန်းခေါင်စာရင်းနဲ့ ပတ်သက်လို့ မှတ်ပုံတင်ရှိ မရှိနဲ့ မဆိုင်ပါဘူး။ လူမျိုးစုက မိမိနာမည်ရှေ့က ဥပမာ “ခွန်” လို့ ထည့်လို့ရတယ်။ အမျိုးသမီးလည်း “နန်း” လို့ ထည့်လို့ရပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကို အတိကျရေးဆွဲနိုင်အောင် ကျွန်တော်တို့ ပအိုဝ်းအမျိုးသားအားလုံးနေရာမှာ ပြည်ထောင်စုအစိုးရနဲ့ အတူပူးပေါင်ဆောင်ရွက်ပြီးတော့ စာရင်းအတိအကျထွက်ဖို့ လိုပါတယ်။ ပအိုဝ်းလို့ ခံယူပြီး မိမိကိုယ် မိမိပြဌာန်းပြီးတော့ ဝိုင်းဝန်းဆောရွက်သွားပြီး စာရင်းထည့်သွင်းဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြီးတော့ ပြောသွားပါသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ကိုယ်စားလှယ်များဖြစ်သော ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ဗဟိုအလုပ်အမှုဆောင် ခွန်တင်ရွှေဦး၊ ဗဟိုကော်မတီဝင် ခွန်ထွန်းတင်၊ အရံဗဟိုကော်မတီဝင် ခွန်မြင့်သိန်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ရေးရာဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဦးဝင်းထွန်း၊ မီးရထားဝန်ကြီး ဦးသန်းနှင့် နယ်စပ်ရေးရာ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွေးလှတို့ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာန အမှတ် ၄ နှင့် လဝကဝန်ကြီးဌာနရုံး အစည်းဝေးခန်းမနှင့် နဝတဝန်ကြီးဌာနတို့ သုံးကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments: