ရှမ်းပြည်နယ် တောင်ကြီးတွင် EITI နှင့်ပတ်သက်ပြီးဆွေးနွေးပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2014 | တောင်ကြီးတိုင်းမ်

ပြည်နယ်၊ တိုင်းအလိုက် EITI (Extractive Industry Transparency Initiative) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် CSO များ၏ အခန်း ကဏ္ဍမြင့်တက်လာစေရန်၊ CSO များကEITI ကိုသိရှိလာနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကိုဒီဇင်ဘာ ၂၂ ရက် တောင်ကြီးမြို့ Classic ခန့်မတွင် ကျင်းပ ကြောင်းသိရသည်။

EITI နှင့်ပတ်သက်ပြီးCSO များအတွက်ကောင်းကျိုးများပါတယ်၊ နိုင်ငံတော်လည်းအရပ်ဘက်လူ့အဖွဲ့ အစည်းကိုအသိမှတ်ပြုလာမယ် EITI လုပ်ငန်းစဉ်မှာအရပ်ဘက်လူ့အဖွဲ့အစည်းမပါလို့မရဘူး၊ ဒီအတွက်နိုင်ငံ တော်က အရပ်ဘက်လူ့အဖွဲ့အစည်းကဏ္ဍကိုမြင့်တင်ပေးနိုင်တယ် အစိုရအတွက်လည်းကောင်းကွက်ဖြစ်လာ မယ်၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ အစိုးရနှင့် ကုမ္ပဏီသုံးပွင့်ဆိုင်ပူးပေါင်းပြီးဆောင်ရွက်ရမယ်၊ လူထုအတွက် ကုမ္ပဏီတွေက ဥပဒေမဲ့လုပ်ရပ်နည်းသွားမည် ဥပဒေနှင့်အညီိလုပ်ဆောင်မှသာလျှင် ဒီဥပဒေနှင့်လူထုကိုကာ ကွယ်နိုင်မည်ဒါကလူထုအတွက်ကောင်းကျိုးအတွက်ဖြစ်လာတယ် ဒါကြောင့်အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် လူထုတစ်ရပ်လုံးပူးပေါင်းပါဝင်နိုင်ဖိုလုပ်အပ်တယ်ဟု ရှမ်းတောင်ယာယီ ဦးဆောင်အဖွဲ့ ရှမ်းပြည်မျိုးဆက်အင် အားစု ကိုမိုးကပြောသည်။

ကျွန်တော်တို့နိုင်ငံအစိုးရကိုယ်တိုင် EITI ကိုဝင်ချင်စိတ်ပေါက်တာကိုနည်းနည်းသံသယရှိတယ် ဒီ EITI ဝင်လာပြီဆိုတော့အရပ်ဘက်လူ့အဖွဲ့အစည်းပါဝင်နိုင်ဖို့အရေးကြီးလာတာကိုအစိုးရသိရမယ်၊ ဒါပေမဲ့ သူတို့သတ်မှတ်ထားသောအရပ်ဘက်လူ့အဖွဲ့အစည်းမှာ မိခင်နှင့်ကလေးတို့၊ အမျိုးသမီးရေးရာတို့ဖြစ်ဖို့ များ တယ်၊ ကျွန်တော်တို့ဒီပွဲအရေးကြီးတာက EITI အဖွဲ့ဝင်ထဲမှာ အရပ်ဘက်လူ့အဖွဲ့အစည်း ဘယ်လောက်အရေး ကြီးလဲ၊ သူတို့သတ်မှတ်သောအရပ်ဘက်လူ့အဖွဲ့စည်းမဟုတ်ဘဲ ကျွန်တော်တို့ဒေသဖွဲ့စည်းထားသောအရပ် ဘက်အဖွဲ့စည်းကိုအသက်ဝင်လာဖို့အရေးကြီးတယ်၊၂၀၀၅ ခုနှစ်မှာဘိန်းပပျောက်ရေးလုပ်နေတယ်၊ယခု ၃ နှစ် ကြာEITI ဝင်လာမည်ဆိုတော့ဝင်မလာခင် ကျွန်တော်တို့တိုင်းပြည်ကို ရှိသမျှတူးယူသွားမှာကိုစိုးရိမ်တယ်၊ ဒီ ကြားမှာ ချိုင့်ခွက်ကြီးဖြစ်သွားမှာ စိုးရိမ်တယ် နောင်လာနောက်သားသယံဇာတမကျန်မှာလည်းစိုတယ် ဟု ၈၈ မျိုး ဆက်နှင့်ပွင့်လင်းအဖွဲ့အစည်း ရှမ်းပြည် ကိုနေမျိုးကပြောသည်။

သဘာဝသယံဇာတသတ္တုတူးဖော်ရေးလုပ်ငန်းမှာ အစိုရ၊ ကုမ္ပဏီနှင့်အရပ်ဘက်လူ့အဖွဲ့အစည်းသုံးပွင့် ဆိုင်လုပ်ဆောင်မယ်ဆိုတော့ ခေတ်အဆက်ဆက်အရပ်ဘက်လူ့အဖွဲ့အစည်းဘာမှမသိခဲ့ရဘူး ပိုမိုပွင့်လင်း လုပ်ဆောင်ဖို့တော့ လက်ရှိအသင်းဖွဲ့ဥပဒေ၊ မီဒီယာဥပဒေ၊ ရပ်ကျေးဥပဒေတွေ စည်းနှောက်မှုရှိနေပါသေး တယ် EITI ကချုပ်ခြယ်မှုမရှိပေမယ့် အခြားဥပဒေများချုပ်ခြယ်မှုရှိနေတာကိုသတိပြုရမယ်၊ အခွန် ပေးဆောင် ခြင်းပွင့်လင်းမြင် သာမှုရှိရမယ် ဒါကောင်းကျိုးပါ၊ နိုင်ငံတော်သမ္မတက၂၀၁၂ ဒီဇင်ဘာကတည်းကEITI အဖွဲ့ ဝင်ဖြစ်လိုကြောင်းကိုကြေငြာချက်ထုတ်ပြီးဖော်ဆောင်လာတဲ့ဟာကို ၈ လကြာမှာဘယ်အဖွဲ့အစည်းမှမသိရဘူး အစိုးရနှင့် ဆက်နွယ်သော အရပ်ဘက်အဖွဲ့စည်းက အနည်းကျဉ်းသာသိရပြီး ကျယ်ကျယ်ပြန့်ပြန့်မသိကြဘူး၊ EITI ကိုထဲထဲဝင်ဝင်မသိရတာ ဆိုးကျိုးတခုပါ ဟုကရင်နီသမဂ္ဂအဖွဲ့ ကိုကျော်ထင်အောင်ကပြောသည်။

No comments: