ပအိုဝ်း (PNA) ပြည်သူ့ စစ်မှ တောင်ကြီး-လွိုင်ကော် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်-ဋ္ဌာနေမှ အရှေ့နေ၀န်းကုမ္ပဏီအမည်ဖြင့် တောင်ကြီး-ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ကို တောင်ကြီးမြို့ ၊ ကန်ကြီး (ဂနိုင်ရေး) ရက်ကွက် PNA ဋ္ဌာနချုပ်ရုံး၌ ယနေ့ နံနက် (၆း၃၀) နာရီခန့်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဤခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်လိုင်းသစ်သည် လေအေးစက်တပ်ဆင်ထားပြီး ထိုင်ခုံ ၅၃ ခုံပါဝင်၍ ခရီးသည်တစ်ဦးလျှင် ၅၀၀၀ ကျပ်ဖြင့် ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ပထမဆုံး အဆင့်မြင့် လေအေးစက်ပါသည့်ကားဖြင့် ခရီးသည်များခရီးသွားရာတွင် အဆင်ချောမွေ့အောင် ပြင်ဆင်ထားပေးကြောင်း ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည့် PNA ပြည်သူ့စစ်-ဋ္ဌာနေ ကွပ်ကဲရေးမှူးချုပ် ဗိုလ်မှူးကြီးခွန်လာမှ ဆိုပါသည်။

ထို့အတူ ကရင်နီ (ကယား) ပြည်နည် လွိုင်ကော်မြို့တွင်လည်း တစ်ရက်တည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွင့်လှစ်ခဲ့ကြောင်း ၄င်းမှ ဆိုပါသည်။

No comments: