ခွန်မေးလို့ (တောင်ကြီး)၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

IRI အဖွဲ့သည် အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်တွင် ရုံးချုပ်အဖြစ်အခြေစိုက်ထား၍၊ နိုင်ငံပေါင်း (၆၀) ကျော်တွင် ရုံးခွဲလေးများ ဖွင့်လှစ်ထားပါသည်။ မြန်မာနိုင်ငံတွင် USAID ၏ ရံပုံငွေအထောက်အပံ့ဖြင့် ၂ နှစ်ကျော် ပါတီစွမ်းရည်မြင့်တင်ရေး သင်တန်းများ ပို့ချခဲ့ပြီး၊ မကြာမှီ ကာလတွင် ခေါင်းဆောင်မှုပညာ သင်တန်းကို ၃ လ တစ်ကြိမ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများ IRI မှ ၀န်ထမ်း ကိုအောင်မျိုးဦး aungmyo@iri.org ထံဆက်သွယ်၍ သင်တန်းလျှောက်လွှာများ တောင်းခံနိုင်ပြီး။ အသက် (၃၅) နှစ်အောက် အမျိုးသားနှင့် အမျိုးသမီးများအတွက် ပို့ချသွားမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးမှုပုံစံနည်းပညာကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ရောက်သည်အထိ ပို့ချသွားမည်ဟု စတိဖ် မှ သင်တန်းတွင် အသိပေးတင်ပြခဲ့ကြောင်း သိရသည်။
ယင်းသင်တန်းသို့  ဒေသခံနိုင်ငံရေးပါတီများ အနည်းဆုံး (၇) ပါတီမှ သင်တန်းသား အနည်းဆုံး (၁၂၀) ခန့် တက်ရောက်လေ့လာခဲ့ပြီး ညနေ (၄) နာရီအချိန်ခန့်တွင် အဆုံးသတ်ကြောင်း သိရသည်။

1 comment:
That's good for our public. We ought do like this early, but it isn't late yet.
Post a Comment