ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဇ၀နာရာမပရိယတိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ အရှင်ကောဝိဒါဘိဝံသ ဦးစီးသော ကုသိုလ်ဖြစ် အခမဲ့ ကျန်းမာရေးဆေးခန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက်နေ့ ဆီဆိုင်မြိုံ အရိယာမဂင် မြို့လယ်ဓမာရုံတွင် ကျင်းပကြောင်း သိရသည်။
ဆီဆိုင်မြို့ ဇ၀နာရာမစာသင်တိုက် ပဓာနနာယကဆရာတော်
အရှင်ကောဝိဒဘိဝံသ ကို တွေ့ရစဉ်။
|
အထူးသဖြင့် သောတုဇန စာသင်သံဃာတော် အပါး (၄၀၀) ကျော်ရှိသည့် ဆီဆိုင်မြို့နယ်တွင် အကြီးဆုံးသော ဇ၀နာရာမပရိယတိ စာသင်တိုက် ပဓာန နာယကဆရာတော်ဘုရားကြီး၏ စေတနာဖြင့် ကျေးလက်နေတိုင်းရင်းသား ပြည်သူလူထုတို့၏ ကျန်းမာရေးပိုမိုကောင်းမွန်လာစေ ရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ကျန်းမာရေးဆေးခန်းကို အပတ်စဉ် ငါးရက်တစ်ကြိမ် ဖွင့်လှစ်ပြီး စစ်ဆေးကုသပေးနေကြောင်း သိရသည်။
No comments:
Post a Comment