Written by ခွန်စိမ်းမောင်(တောင်ကြီး) October 2, 2012 | တောင်ကြီးတိုင်းမ်
ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
ပအိုဝ်းတိုင်းရင်းသား စာပေထိန်းသိမ်းရေးနှင့် ပြန့်ပွားရေးအတွက် ၀ါတွင်းသုံးလတွင် (လပြည့်
- လကွယ်နေ့တိုင်း) ပအိုဝ်းလူငယ်
မောင်မယ်များစုပေါင်းပြီး စာပေဗဟုသုတများ နှီးနှောဖလှယ် ဟော်ပြောပွဲတစ်ရပ်ကို ဆီဆိုင်မြို့
ဘုရားဖြူရွာ ခန်းမတွင် ဦးဆောင်ကျင်းပကြောင့် သတင်းရရှိပါသည်။
ပအိုဝ်းတိုင်းရင်းသားစာပေဗဟုသုတများနှင့်
ပြောင်းလဲတိုးတက်နေသည့် ခေတ်သစ် အတွေးအမြင်များကို အကျိုးရှိရှိ နှီးနှောဖလှယ်
ဟော်ပြောပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
အခြားနေရာတွင်လည်း ကျင်းပပြုလုပ်စေချင်ကြောင်း အခု ပအိုဝ်းတိုင်းရင်းသားစာပေ နှီးနှောဖလှယ်
ဟော်ပြောပွဲမှာ ဆီဆိုင်မြို့ရှိ ကျေးရွာပေါင်း(၂၀)ကျော်မှ
ပအိုဝ်းလူငယ်မောင်မယ်များ တက်ရောက် ပြီး
ဟော်ပြောဆွေးနွေးကြောင်း သိရပါသည်။
1 comment:
အဲဒီလိုဖြစ်ရမယ်...အားရတယ်ဗျာဖြစ်နိုင်ရင်မြန်မာပြည်ကနာမည်ကြီးစာရေးဆရာတွေကို ဖိတ်ကြားပြီး စာပေဟောပြောပွဲလေးတွေပါလုပ်ရင် ပိုပြီးအသိအမြင်တွေ တိုးပွားလာကြမှာ...
Post a Comment