
ငြိမ်းချမ်းခြင်း အနုပညာပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကတော့ ကချင်ပြည်နယ် တွင်းမှ စစ်ဘေးသင့်ပြည်သူများ၏ လူနေမှုဘ၀ ပြန်လည်မြှင့်တင်ရာတွင် တစ်ဖက်တစ်လမ်းမှ ကူညီခြင်းအားဖြင့် ကချင်စစ်ဘေးသင့်ပြည်သူများ စိတ်ဓာတ်ခွန်အားများ ရရှိစေရန်။ ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် ပတ်သက်ပြီး ဗဟုသုတရရှိစေရန်။ ပြည်သူလူထုအားလုံး လက်တွဲပြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ပါဝင်လာကြစေရန် ဖြစ်သည်ဟု ကျင်းပရေးကော်မတီမှ ဆိုပါသည်။
ငြိမ်းချမ်းခြင်း အနုပညာပြပွဲမှာ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ပြီး မိမိကိုယ့်တိုင်လည်းကောင်း၊ အနယ်နယ် အရပ်ရပ်မှ ငြိမ်းချမ်းရေး လိုလားသော မိတ်ဆွေများတို့မှ ဆက်သွယ်လှူဒါန်းနိုင်သည့် ဖုန်းနံပါတ်ကတော့ ခွန်ခေတ်စံ (09428143465) ၊ ခွန်စိုးပိုင် (09428313150)၊ ကိုစိုင်းအေး (0949358086)၊ ကိုဝင့်ထယ်ကောင်းမြတ် (0949218254)၊ ခွန်မျိုး(09428168186)၊ ကိုဇော်ဇော်ထိုက်(09428313154) တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။
ငြိမ်းချမ်းခြင်း အနုပညာပြပွဲနှင့် ဈေးရောင်းပွဲတော် မှ ရရှိသမျှ အလှူငွေများအားလုံးကို ကချင်စစ်ဘေးသင့် ပြည်သူများ အားလုံး အပြည့်အ၀ လှူဒါန်းသွားပါမည် ဟု ကျင်းပရေးကော်မတီ မှ ဆိုပါသည်။
No comments:
Post a Comment