မြန်မာနိုင်ငံရဲ့ အနောက်တံခါးကို လှည့်ကြည့်ခြင်း

Written By ခိုင်လင်း(မေဃ၀တီ) | အောက်တိုဘာ(၂၄) ၂၀၁၂

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ပန်းတိုင်ဟာ တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ ဖဲ့ထုတ်လို့ ရရင် သီးခြား နိုင်ငံဖြစ်ချင်ဖြစ်မယ်။ သို့ မဟုတ် အခြားမူဆလင်နိုင်ငံတခုနဲ့  ပူးပေါင်းချင် ပူးပေါင်းလိမ့်မယ်။ အဓိကပန်းတိုင်က တိုင်းပြည်ဖဲ့ထုတ်ရေးဖြစ်တယ်။ အဲဒီလို ဖဲ့ထုတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေးအတွက် ဘာသာရေးအဓိက ရုဏ်းဖြစ်ပေါ်ရေးဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအတွက် အရမ်းလိုအပ်တဲ့ ဗျူဟာတခုဖြစ်တယ်ဆိုတာကို ဂျွန်လက ကျနော့်ရေးတဲ့ မြန်မာနိုင်ငံရဲ့ အနောက်တံခါး တကယ်ကျိုးပျက် သွားပြီလားဆောင်းပါးမှာ ထောက် ပြခဲ့ဖူးတယ်။

ဆိုလိုတာက အဲဒီ တိုင်းပြည်ဖဲ့ထုတ်ရေးပန်းတိုင်အတွက် ဘာသာရေးအဓိ ကရုဏ်းဖြစ်ပေါ်ရေး နည်းဗျူဟာကို မဖြစ်မနေ လုပ်ဆောင်လာလိမ့်မယ်လို့  ကြိုပြောခဲ့တဲ့ အတိုင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ ဟာ ဘာသာရေးအဓိကရုဏ်းဆီကို မောင်းနှင်နေ တယ်လို့ ပြောချင်တယ်။ အဲဒီလို မောင်းနှင်တဲ့နေရာမှာ မြန်မာမွတ်ဆလင်ပညာ တတ်အချို့ နဲ့ မွတ်ဆလင်သူဌေးတချို့ ဟာ အင်အားတွေအဖြစ် နောက်ကွယ်က ကူညီ တာတွေရှိသလို ပြည်ပရောက်နေတဲ့ ခေတ်ပညာတတ် မြန်မာမွတ်ဆလင်တွေဟာလည်း ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီတွေဘက်ကရပ်ပေးတာတွေရှိတယ်။

ဆိုတော့ ဒီအခင်းအကျင်းဟာ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ အင်အားအဖက်ဖက်က တောင့်တင်းလာတဲ့တနေ့ မှာ မြန်မာမွတ်ဆလင်တွေလည်း ပေါ်ပေါ် ထင်ထင်ကြီး ရပ်လာကြပါလိမ့်မယ်။

ကနေ့  ရခိုင်ပြည်အရေးအခင်းဟာ အလွန်နက်ရှိုင်းပါတယ်။ နိုင်ငံသားအခွင့်အရေး တောင်းဆိုမှုမျိုးမဟုတ်ဘဲ နယ်မြေပိုင်ဆိုင်ရေးကို တစိုက်မတ်မတ်လုပ်လာတဲ့ခဲ့တဲ့ လုပ်ရပ်တွေကြောင့် အလွန်နက်ရှိုင်းတဲ့ပြဿနာလို့  ပြောရခြင်းဖြစ်ပါတယ်။ ညီညွတ်မှုမရှိဘူး လုပ်နည်းလုပ်ဟန်တွေ တိမ်းစောင်းသွားရင် မြန်မာနိုင်ငံရဲ့ နယ်မြေအချို့ကို စတေးရမယ့်အနေအထားပါ။

ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေအနေနဲ့  နိုင်ငံသားအခွင့်အရေး၊ လူ့ အခွင့်ရေး၊ ဘာသာရေးလွတ်လပ်ခွင့် စတဲ့ အခင်းအကျင်းတွေကို အခြေခံပြီး လုပ်ဆောင်နေခြင်းမဟုတ်တဲ့ အခြေခံပေါ်မှာ ပြဿနာရဲ့ အတိမ်အနက်ဟာ ကွဲပြားသွားရခြင်းဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရိုဟင်ဂျာ အမည်ခံဘင်္ဂလီတွေနဲ့ မြန်မာမွတ်ဆလင်အချို့ ရဲ့ သမိုင်းကို ပြောင်းပြန်လှန်ပြီး ပြောဆို ရေးသားဝါဒဖြန့် နေခြင်းများဟာ ရခိုင်၊ ကရင် ၊ မြန်မာစတဲ့တိုင်းရင်းသားတွေရဲ့ ဒေါသကို ဆွပေးနေသလို ဖြစ်စေခဲ့ ပါတယ်။ တနည်းအားဖြင့် ရခိုင်အရေးအခင်းဟာ မြန်မာနိုင်ငံရှိတိုင်းရင်းသားပေါင်းစုံကို တပ်လှန့် သလိုဖြစ်စေခဲ့ ပါတယ်။

ရခိုင်ပြည်ကလွဲပြီး မြန်မာနိုင်ငံတနံတလျားမှာ ရှိနေတဲ့ မွတ်ဆလင်တွေဟာလူ့ အခွင့်ရေး၊
ဒီမိုကရေစီရေး၊ဘာသာရေးလွတ်လပ်ခွင့်စတဲ့ တောင်းဆိုတိုက်ပွဲဝင်မှုတွေထဲမှာ
မြန်မာတိုင်းရင်းသားတွေနဲ့ အတူ တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအဆင့်မှာဘဲ ရပ်ပြီး တိုက်ပွဲဝင်ခဲ့တဲ့ အတွက် မြန်မာမွတ်ဆလင်တွေနဲ့  မြန်မာတိုင်းရင်းသား တွေ ကြီးမားတဲ့ ပြဿနာတွေမဖြစ်ခဲ့တာဖြစ်တယ်။

ထို့ အတူ ရခိုင်ပြည်ထဲမှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေ အနေနဲ့ လည်း အဲဒီလို ရပ်ပြီး တိုက်ပွဲဝင်ရင် ကြီးမားတဲ့ ပြဿနာတွေဖြစ်လာမှာမဟုတ်ဘူးလို့  ပြောရဲပါတယ်။ အဲဒီအဆင့်မှာ မရပ်ဘဲ ရခိုင်ပြည်ဟာ ရိုဟင်ဂျာလူမျိုးတွေပိုင်နက်ဖြစ်တယ်။ အိမ်ရှင်ဆိုတာ ရခိုင်တွေမဟုတ်ဘူး။ ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရဟာ ခေတ်သစ်မှာ ပြောင်းထားတဲ့ နာမည်မဟုတ်ဘူး နှစ်ထောင်ချီပြီး ဒီနာမည်နဲ့  ဒီလူမျိုးဟာ ရခိုင်ပြည်မှာ နေထိုင်လာတာဖြစ်တယ်။ ရခိုင်တွေက နောက်မှ ၀င်လာတာစသဖြင့် ပြောကြ ရေးကြပြီး ဒီအပေါ်မှာ ရပ်တည် လှုပ်ရှားဆောင်ရွက်နေခြင်းဟာ ဘယ်လိုမှ သဟဇာတ (လိုက်လျောညီထွေ) ဖြစ်လာမှာ မဟုတ်တာကတော့ သေချာပါတယ်။ တရားဥပဒေစိုးမိုးရေး ဘယ်လောက်ဘဲရှိနေနေ အထက်က တင်ပြခဲ့တဲ့ ရပ်တည်ချက်အပေါ်မှာ ရပ်ပြီး လှုပ်ရှားနေသမျှကာလပတ်လုံး ပြဿနာကတော့ ရှိနေအုံးမှာ သေချာပါတယ်။

ဆိုတော့ ဒီလှိုင်းကို စီးပြီး မျောနေတဲ့ မြန်မာမွတ်ဆလင်တွေ ပြည်တွင်းပြည်ပမှာ ရှိနေကြတယ်။ ဒါကြောင့် ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေနဲ့ အတူ ပူးပေါင်းပါဝင်နေတဲ့ မြန်မာမွတ်ဆလင်တွေကိုလည်း ပြတ်ပြတ်သားသား ဆန့် ကျင်ရပါလိမ့်မယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးတဲ့လုပ်ရပ်၊ အမျိုးသားအကျိုးစီးပွားကို ထိပါးတဲ့လုပ်ရပ်ဟာ တိုင်းပြည်ရဲ့ ရန်သူပါ။ ထို့ အတူ မြန်မာတိုင်းရင်းသားထဲကဖြစ်ရင်လည်း ရန်သူအဖြစ် သတ်မှတ်ရပါလိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်းကတော့ မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲမှာ “ကိုယ့် အမျိုးကို ချစ်ရုံနဲ့ ဒီ့ပြင် အမျိုးကိုလည်း မုန်းဖို့ မလိုဘူး၊ သို့ သော်လည်း အမျိုးအကျိုးကို လာထိတဲ့ သူတွေ ကိုတော့ အတွင်းကလူဖြစ်ဖြစ် အပြင်ကလူဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့ ဒါက ငါတို့ အမျိုးရဲ့ ရန်သူ အဖြစ်ဖြင့်သာနှိမ်နင်းခြင်းဖြစ်တယ် ၊ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး “ ဆိုပြီး မိန့် ခဲ့ဖူးတယ် ။ ကနေ့ အချိန်မှာလည်း ဒီလို ပြတ်သားရပါလိမ့်မယ်။ အမျိုးသား အကျိုးစီးပွားအပေါ်မှာ ရဲရင့် ပြတ်သားမှုမရှိဘူးဆိုရင်တော့ ကျနော်တို့ တိုင်းပြည်ရဲ့အနာဂတ်ဟာ ချောက်ကမ်းပါးထဲကို လိမ့်ဆင်းသွားမှာ သေချာပါတယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ပန်းတိုင်းဟာ နိုင်ငံသားအခွင့်အရေးမဟုတ်ဘူး။ မွတ်ဆလင် တိုင်းပြည် ထူထောင်ရေးဖြစ်တယ်။ ဒီရည်မှန်းချက်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးမတိုင်မှီကပင် ကနေ့ အချိန်ထိ ကိုင်စွဲ ထားဆဲဖြစ်တယ်ဆိုတာ သူတို့ ရဲ့လုပ်ရှားဆောင်ရွက်မှုအဆင့်ဆင့်က သက်သေပြနေတယ်။ OIC ကိုချဉ်းကပ်ပြီး သူတို့ ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်လာခဲ့တာ ကြာခဲ့ပါပြီ။

ဂျွန်လ ရခိုင်ပြည် အရေးအခင်းကို ဘာသာရေးစစ်ပွဲအဖြစ် ဖန်တီးခဲ့ခြင်းပေမယ့် မအောင်မြင်ခဲ့ပါဘူး ။ ဒီမအောင်မြင်မှုအပေါ်မှာ နောက်ထပ်ခြေလှမ်းတလှမ်းတိုးလာခဲ့တာကတော့ လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ မွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်နေပါတယ်လို့  ၀ါဒဖြန့် ခဲ့ခြင်းဟာ အောင်မြင်သင့်သလောက် နိုင်ငံတကာမှာ အောင်မြင်ခဲ့ပါတယ်။

ဒုတိယ ခြေလှမ်းဖြစ်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုခေါင်းစဉ်ရွေးချယ်ခဲ့တာဟာလည်း OIC နဲ့ ညှိပြီးလုပ်ဆောင်ခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ OIC ကလည်း ဟန်ချက်ညီညီ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအဖွဲ့ က လူမျိုးတုံးသတ်ဖြတ်ကြောင်းပြောလာချိန်မှာ အမေရိကန်ရဲ့ တုန့် ပြန်ချက်ကြောင့် ရှေ့ မတိုးလာခဲ့ ပေမယ့် OIC မြန်မာနိုင်ငံထဲဝင်ရေးကို ညင်သာစွာလှုပ်ရှားလာခဲ့တယ်။

မြန်မာနိုင်ငံလူထုရဲ့ နိုင်ငံရေးနိုးကြားမှုကြောင့် မြန်မာပြည်တွင်း ၀င်ရောက်ရေးအစီအစဉ် မအောင်မြင်ခဲ့ခြင်းအပေါ်မှာ နောက်ထပ် ခြေလှမ်းတလှမ်း ရှေ့ ဆက်လှမ်းလာခဲ့တာကတော့ ကနေ့ ဖြစ်ပျက်နေတဲ့ အောက်တိုဘာ ရခိုင်ပြည်အရေးအခင်းဖြစ်ပါတယ်။

ဆိုတော့ ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ လုပ်ဆောင်ချက်တွေဟာ စနစ်တကျ ဗျူဟာဆွဲပြီး လုပ်ဆောင်လာခြင်းဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီလို ဗျူဟာဆွဲပြီး လုပ်ဆောင်မှုတွေထဲမှာ မိမိအိမ် မိမိမီးရှို့ ထွက်ပြေးရေး ၊ မိမိဗလီ မိမိ မီးရှိုးရေးနည်းဗျူဟာတွေလည်း ပါမှာကတော့ သေချာပါတယ်။ ကိုယ့်အိမ်ကို မီးရှို့ ပြီး နိုင်ငံတကာမှာတော့ အစိုးရနဲ့ ရခိုင်တွေပေါင်းပြီး မီးရှို့ နေပါတယ်လို့  ဟန်ချက်ညီညီလုပ်ဆောင်လိမ့်မယ်ဆိုတာ တွေးသိနိုင်ပါတယ်။

မဟာဗျူဟာတခုအောင်မြင်ရေးအတွက် နည်းဗျူဟာအရ မိမိစခန်းကို မီးရှို့ ခြင်းဟာ ဆန်းကြယ်ခြင်းမဟုတ်ပါဘူး။ အပေါ်ယံကြည့်ရင် မိမိနေတဲ့အိမ်ကို မိမိကိုယ်တိုင်မီးရှို့ ခြင်းဟာ မဖြစ်နိုင် ဆိုပေမယ့် ယနေ့ နိုင်ငံတကာမှာ မိမိလုပ်ရပ်အောင်မြင်ရေးအတွက် မိမိအသက်ကိုပင် စတေးပစ်နေခြင်းတွေက မဖြစ်နိုင်ဘူးဆိုတာကို ချေဖျက်နိုင်ပါတယ်။ မိမိအသက်တောင် စတေးရဲသူတွေအတွက်ကတော့ မိမိနေတဲ့ အိမ်ကို မီးရှို့ ခြင်းဟာ ကလေးကစားစရာလိုဖြစ်နေမှာပါ။

ဆိုတော့ ၂၀၁၂ ဂျွန်နဲ့ အောက်တိုဘာ ရခိုင်ပြည်အရေးအခင်းဟာ သာမည အရေးအခင်းမဟုတ်ဘဲ မြန်မာနိုင်ငံလွတ်လပ်ရေးအကြိုကာလကပင် အဆင့်ဆင့်လှုပ်ရှားလာတဲ့လှုပ်ရှားမှုဆိုတာ သိထားဖို့ လိုအပ်ပါတယ်။

ဒီနေရာမှာ ၂၀၀၉ ခုနှစ်က သုတေသနစာတမ်းဖတ်ပွဲမှာ သမိုင်းသုတေသနဌာနရဲ့ ညွန်ကြား ရေးမှူးဦးမြင့်သိန်းစာတမ်းဟာ ကနေ့  ဖြစ်ပျက်နေတဲ့ ရခိုင်ပြည်အရေးအခင်းကို ကြိုတင် ဟောကိန်းထုတ်ထား သလိုဖြစ်နေပါတယ်။ ဦးမြင့်သိန်းရဲ့ “ရခိုင်ဒေသအတွင်းသို့  မွတ်ဆလင်များဝင် ရောက်လာခြင်းနှင့် နိုင်ငံရေး လှုပ်ရှားမှုအဆင့်ဆင့် “ စာတမ်းရဲ့ ကောက်နှုတ်ချက်နဲ့  ဒီဆောင်းပါးကို အဆုံးသတ်ချင်ပါတယ်။“

“ယနေ့ ဖြစ်ပေါ်နေသော ရိုဟင်ဂျာလှုပ်ရှားမှုသည် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ဟန်ချက်ညီညီ လှုပ်ရှားနေသကဲ့သို့ မွတ်ဆလင်နိုင်ငံများနှင့်လည်း ဟန်ချက်ညီညီ လုပ်ရှားနေခြင်းဖြစ်သည်ကို တွေ့ ရသည်။ ယခင်က ပေါ်ပေါက်ခဲ့သည့် မူဂျာဟစ်လှုပ်ရှားမှုသည် ဂျေဟိုက်လှုပ်ရှားမှု (ဘာသာရေးစစ်ပွဲ) လှုပ်ရှားမှုအဖြစ် လှုပ်ရှားနေခြင်းဖြစ်ရာ ၄င်းအဖွဲ့ သည် လုံးဝပျက်သုဉ်းသွားခြင်း မဟုတ်ဘဲ အသွင်တမျိုး အမည်တမျိုးဖြင့် ပြန်လည်လှုပ်ရှားနေခြင်းပင် ဖြစ်သည်။ ထို့ အတူ ဘာသာရေးသင်တန်းများ၏ အချက်အခြာဖြစ်သော အာဖဂန်နစ္စတန်နှင့်လည်း ဆက်သွယ်ကာ သင်တန်းများတက်ရောက်ခြင်း၊ ဘာသာရေးစစ်သည်များအဖြစ် သွားရောက်ခြင်းများရှိသည်ကို တွေ့ ရသည်။ ထိုင်းနိုင်ငံတောင်ပိုင်း မွတ်ဆလင်ခွဲထွက်ရေးလှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေပြီး ရိုဟင်ဂျာလှုပ်ရှားမှုသည် လိုအပ်သည့်နေရာတွင် ဘာသာရေးစစ်သည်များအဖြစ် ၀င်ရောက် ထမ်းဆောင်နေခြင်းဖြစ်ရာ အဆိုပါအဖြစ်မှန်ကို သိမှသာလျှင် နိုင်ငံတကာအတွက် အန္တရာယ်ဖြစ်ကြောင်းသိရှိနိုင်မည်ဖြစ်သကဲ့သို့  မိမိနိုင်ငံအတွက်လည်း ထိုအန္တရာယ်ကို မည်သို့ ဖြေရှင်းရ မည်ကို နားလည်နိုင်မည်ဖြစ်သည်။မည်သို့ ဆိုစေ ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်ရေးနှင့် ၄င်းတို့ ၏ နိုင်ငံရေးရည်မှန်းချက်သည် ၁၉၅၁ ခုနှစ်က စတင်မြစ်ဖျားခံခဲ့သော အလယ်သံကျော်ညီလာခံ၏ ဆုံးဖြတ်ချက်များကို အခြေခံလမ်းစဉ်အဖြစ် ချမှတ်ကာ ဆက်လက်လှုပ်ရှားနေခြင်းဖြစ်ကြောင်းတွေ့ ရှိရသည်။ “

ခိုင်လင်း(မေဃ၀တီ)
အောက်တိုဘာ(၂၄) ၂၀၁၂ (၁း၄၆ နံနက်)

3 comments:

khine min said...

this is right.we protest from bingale muslims terrorists.we must save our father land arakan.we are arakanese.we save from unhuman muslims bingale and misbelieve people.get out bingale muslims terrorists from our arakan land.

khine min said...

this is right.we protest from bingale muslims terrorists.we must save our father land arakan.we are arakanese.we save from unhuman muslims bingale and misbelieve people.get out bingale muslims terrorists from our arakan land.

HkunPa.O said...

I do not understand about အလယ်သံကျော်ညီလာခံ. I would like to advice that you should not use about it. Because almost readers do not know about it. But you can use if you attached with ABOUT အလယ်သံကျော်ညီလာခံ.

With best regards,
Hkun Htoon Tauk
PNLO
Washington DC