ကန့်လန့်ကာ နောက်ကွယ်မှ ဒီမိုကရေစီ ဟန့်တားမှု - ဆောင်းပါး

ဖိုးသောကြာ -၁၂-၆ -၂၀၁၂

မြန်မာ့ နိုင်ငံရေးမှာ အနာ၈တ် အလင်းရောင်မျှော်လင့်နေတဲ့ ပြည်သူတွေမှာ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်၊ အလုပ် လက်မဲ့ ပေါများတဲ့ ဒဏ်တွေ ပျောက်ဖို့၊ ဒီမိုကရေစီခြေလှမ်းတွေ ရှေ့ တိုး ဖို့ မျှော်လင့်နေတဲ့ အချိန်မှာ ရခိုင်ပြည်နယ် က ရိုဟင်ဂျာ အရေးဟာ "ဗူးလေးရာ ဖရုံဆင့် "ဆိုသလို သို့လောသို့ လော ၀ိဝါဒ တွေးစရာတွေ ဖြစ်နေပါပြီ။


မြန်မာပြည်မှာ တရုတ်-ဗမာ အရေး အခင်းဖြစ်နိုင်တယ်။ နိုင်ငံရေး ပြောင်းသွားရင် တရုတ်တွေ မြန်မာနိုင်ငံမှာ စီးပွါးရေး ရှေ့ အလားအလာ မကောင်းနိုင်စတဲ့ သတင်းတွေ ပေါ်ထွက် လာခဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ရှမ်းပြည်နယ် ခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ဖြစ်ထွန်းလာမယ့် အရေးမှာ တရုတ်လူမျိုးတွေ၊ စီးပွါးရေး သမားတွေ၊ ကုပ္မဏီ လုပ်ငန်းတွေအတွက်ရော အကျိုး မနစ်နာနိုင်ပါလို့ ဖြေရှင်းချက် ထုတ်ခဲ့ရ ပါသေးတယ်။

မြန်မာ ပြည်တွင်းက တရုတ် စီးပွါးရေး သမားတွေကရော၊ တရုတ်အစိုးရကရော၊ မြန်မာ အစိုးရသစ်ကပါ တရုတ်-ဗမာ အရေး အခင်း ဖြစ်မယ်လို့ စိုးရိမ်နေကြချိန်၊ ထင်ကြေးပေးနေကြချိန်၊ အချိန်ကိုက် ဆိုသလို ရိုဟင်ဂျာ အရေးအခင်း ဖြစ်ခဲ့တာပါ။

အစိုးရက သေဆုံးသူ စုစုပေါင်း (၇) ဦး၊ ဒဏ်ရာရရှိသူ (၁၇) ဦး၊ အိမ်ခြေ (၄၉၄)လုံး၊ ဈေးဆိုင် (၁၉) ခန်း၊ တည်းခိုခန်း (၁) လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဦးသိန်းစိန်က ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမိုကျယ်ပြန့်လာပြီး ပုဒ်မ ၁၄၄ အမိန့်ထုတ်ကာ ထိန်း သိမ်းသော်လည်း ဆောင်ရွက်မရတော့သည့်အတွက် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်မည်ဟု ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၄၁၃ (က) ကို သုံးမည်ဟု ဦးသိန်းစိန်၏ အရေးပေါ်ကြေညာချက် အမိန့်အမှတ် (၁/၂၀၁၂) မှာ ဖေါ်ပြထားပါတယ်။

“ဒီလို လူမျိုးစွဲ၊ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စား ချေလိုမှုတွေနဲ့ မင်းမဲ့ စရိုက်တွေ ကို ရှေ့တန်းတင်လျက် တဘက်နဲ့ တဘက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ် နေကြမယ်ဆိုရင် ရခိုင်ပြည်နယ်တွင် သာမကပိုမို ကျယ် ပြန့် ဖြစ်ပွား လာစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ဆို ပြန်တယ်။


--------------------
ဖြစ်စဉ်မှတ်တမ်းများအရ ပြန်ကြည့်ရင် အစိုးရဘက်က တရားဝင်ထုတ်ပြန်ချက်တွေမှာတော့
--မေလ ၂၈ ရက်၊ သပြေချောင်းကျေးရွာနေ မသီတာထွေး အား “အဓမ္မကျင့်၊ လူသတ်၊ ပစ္စည်းလု” မှုဖြစ်ပွားသည်။

--ဇွန်လ ၃ ရက်၊ သံတွဲ- တောင်ကုတ်ကားလမ်းဆုံတွင် လူ ၁၀ ဦးအားသတ်ဖြတ်မှု ဖြစ်ပွားသည်။

--ဇွန်လ ၅ ရက်၊ နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြား နှင့် ရေဒီယို (FM ရေဒီယိုကွန်ယက်များ)များကနေ မီးလောင် ရာ လေပင့်တဲ့ အရေးအသားအသုံးအနှုန်းများဖြင့်ထုတ်လွှင့်ရေးသားဖေါ်ပြသည်။

--ဇွန်လ ၆ ရက်၊ နေ့ တွင် အမိန့် အမှတ် (၄၃-၂၀၁၂ )ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ “၁၆ဦး စုံစမ်း စစ်ဆေးရေး ကော်မတီ” ဖွဲ့စည်း လိုက်တယ်လို့ တရားဝင် ကြေငြာခဲ့သည်။

--ဇွန်လ ၈ ရက်၊ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော် ဒေသမှ မသီတာထွေးအား အဓမ္မပြုကျင့်၊ သတ်ဖြတ်၍ ပစ္စည်းလုယူမှု ကျူးလွန်ခဲ့သည့် တရားခံများဖြစ်သည့် ကျောက်နီမော်ဒေသ ကျောက်ထရံ ကျေးရွာမှ ရော်ဖိ (၁၈ နှစ်)၊ ထက်ထက် (၂၃ နှစ်) နှင့် လူယု (၂၁ နှစ်) တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးအား ရုံးထုတ် စစ်ဆေးရာသို့ ဒေသခံ ပြည်သူ ရာဂဏန်းခန့် လာရောက် နားထောင်ခွင့် ရခဲ့သည်။

--ဇွန်လ ၈ ရက်၊နေ့ နေ့လယ်က ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဈာပန အခမ်းအနား တခုအား မြို့ပြင်ရှိ သုဿန်သို့ သွားရောက် ပို့ဆောင်ရာ သဲချောင်းကျေးရွာနှင့် ဘုမေ ကျေးရွာတို့မှ ရွာသားများသည် လူသေအလောင်း တင်ဆောင်လာသည့် မော်တော်ယာဉ်နှင့် လိုက်ပါပို့ဆောင် သူများအား လူတချို့က အုပ်စုဖွဲ့၍ ခဲများနှင့် ပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း စသည်ဖြင့် နှောင့်ယှက်ခဲ့သည်။

--ဇွန်လ ၈ ရက်၊ မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များတွင် ပုဒ် ၁၄၄ ထုတ်ပြန်သည်။

--ဇွန်လ ၉ ရက်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်း (၃၂) ဦး နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေး အဖွဲ့ တစ်ဖွဲ့ ယနေ့ မောင်တောမြို့သို့ ရောက်ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ လုပ်ဆောင်နေလျက် ရှိပါသည်။

--ဇွန်လ ၉ ရက်၊ “မောင်တောမြို့နှင့် ဘူးသီးတောင်မြို့များတွင် အခြေအနေများ မူလအတိုင်း ပြန်လည် တည်ငြိမ် အေးချမ်း လျက်ရှိ ကြောင်း” သတင်းထုတ်ပြန်သည်။

--ဇွန်လ ၁၀ ရက်၊ ရခိုင်ပြည်နယ်တစ်ခုလုံး အရေးပေါ်အခြေအနေကြေညာသည်။

--------
ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီအပေါ်မှာ-၂၀၁၂ ခုနှစ် ဇွန်လ ၆ ရက်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပ ပြုလုပ်သည့် ပြည်ပ ခရီးစဉ် အကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ရာမှာတော့ -

" ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုလို့ရှိရင် ပထမဦးဆုံး ပြဿနာ တစ်ခုဖြစ်ပြီ၊ အရေးအခင်း တစ်ခုဖြစ်ပြီ၊ ရာဇဝတ်မှု တစ်ခုဖြစ်ပြီ ဆိုကတည်းက ပီပီပြင်ပြင် မြန်မြန် ဆန်ဆန် အရေးယူ လိုက်ပြီဆိုလို့ရှိရင် ဒီပြဿနာတွေဟာ ကြီးထွား သွားစရာ မရှိဘူး။ အဲတော့ ပြဿနာ တစ်ခု မရှင်းလိုက်တာနဲ့ နောက်တစ်ခု ကြီးကြီး ကျယ်ကျယ် ပေါ်လာတယ်။ ဒါဟာ ဥပဒေပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေက ရှင်းလင်းရမဲ့ ပြဿနာ"

“ ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွားသွားအောင်လို့ လုပ်နေတာမျိုးတော့ ကျမတို့ သတိပြုပြီးတော့ ရှောင်ကျဉ်စေချင်ပါတယ်။”


ကိုကိုကြီး သဘောထားကတော့ ---
“အခု ကျွန်တော်တို့ ဖြစ်နေတဲ့ ပြဿနာဟာ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်များနဲ့ ဗုဒ္ဓဘာသာ ၀င်များ ကြားမှာ ဖြစ်ပွားနေတဲ့ ပြဿနာ မဟုတ်ဘူး။ ဒါဟာလူမျိုးရေး၊ ဘာသာရေး၊ အသွင် ဖန်တီးမယ်ဆိုရင်လည်း ဒါဟာ မရိုးမသား လုပ်ဆောင်နေတဲ့ ဖန်တီးမှုမျိုးဘဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ရခိုင်တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ခံစားနေရတဲ့ ဝေဒနာ၊ သူတို့ ခံစားမှုကိုလည်း အလေးအနက်ထားဖို့ လိုပါလိမ့်မယ်။ ကာလရှည်ကြာစွာ ကျွန်တော်တို့ သည်းခံ နေလာခဲ့တာ ရိုဟင်ဂျာ ပြဿနာပါ။

၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစား နေတဲ့အခါမှာ အတတ်နိုင်ဆုံး အငြင်းပွား စရာ ကိစ္စတွေ၊ မပြော မဖြစ်တဲ့ကိစ္စတွေကလွဲပြီး တော်တော် များများကို သည်းခံပြီး ရှောင်ရှား နေခဲ့ပါတယ်။ အခုနေမှာတော့ ရိုဟင်ဂျာနဲ့ပတ်သတ်ပြီး အတိအလင်းပြော ပါမယ်။ ရိုဟင်ဂျာသည် ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ပါဘူး။
အခုဖြစ်နေတဲ့ ဘူးသီးတောင် မောင်တော ကိစ္စသည် နယ်စပ်ကနေ တရားမ၀င် ဖြတ်ကျော်လာတဲ့ ၀င်ရောက်လာတဲ့ ရိုဟင်ဂျာများနဲ့ ပြည်ပ သွေးထိုး လှုံဆော်မှုတွေပါ ပါနေတယ်လို့မြင်တယ်။ နိုင်ငံတကာ နိုင်ငံကြီးတွေ အနေနဲ့လည်းဘဲ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေ ပြဿနာကို ကောင်းစွာ နားလည်း သိကျွမ်းခြင်း မရှိဘဲနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီးတော့ ပြောဆို နေကြတာတွေဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို တိုက်ရိုက် ထိခိုက်တယ်လို့ဘဲ ကျွန်တော်တို့ သတ်မှတ် ပါတယ်။ ” ဟု ပြောသည်။


။။။။။။။။။။။။။။။။။။
သမိုင်း ဖြစ်စဉ် စီးဆင်းမှုပြန်ကြည့်ရင် နွေရာသီ ရေရှား၊ မိုးအခါ ရေကြီးလို့ ဘင်္ဂလီတွေ သိန်းချီပြီး မြန်မာ့မြေထဲ ခိုးဝင်ကြတယ်။
လွတ်လပ်ရေးရပြီးစမှာ ဦးနုက ရွေးကောက်ပွဲမှာ မဲနိုင်ချင်တော့ သူ့ပါတီ မဲပေးမယ့် ဘင်္ဂလီတွေကို နိုင်ငံသား လက်မှတ် ထုတ်ပေးခဲ့တယ်။
ဗိုလ်ချုပ်ကြီး နေ၀င်း လက်ထက်မှာ ဘင်္ဂလီတွေ အရမ်းများလာပြီး ရခိုင်တွေနဲ့ ပြဿနာဖြစ်တော့ နဂါးနိုင်စစ်ဆင်ရေး၊ မင်းရန်အောင် စစ်ဆင်ရေး ဆိုတာတွေနဲ့ "ကုလားဆိုး သူပုန်တွေနှိမ်နင်း" ဆိုပြီး တိုက်လိုက်၊ နိုင်ငံတကာက ပြောဆို တိုက်တွန်း မှုကြောင့် ပြန်လက်ခံလိုက်နဲ့ လုပ်ဆောင်ခဲ့တာ ၁၉၇၆ ၀န်းကျင်ကသတင်းစာတွေ မှာ အထင်အရှား ရှိနေတယ်။

ယခု အခါ နိုင်ငံရေး လုပ်စားလိုသူ လူလည်ကြီးများဖြစ်တဲ့ စစ်အုပ်စု၊ လက်ဝဲနိုင်ငံရေး အုပ်စု၊ ပြည်တွင်း ဒေါ်စုလမ်းစဉ် ဆန့် ကျင်လိုသူ အုပ်စု၊ ပြည်ပက တရုတ်လိုလားသူ အုပ်စု တွေက မီးမွှေး မြှောက်ပေး လှုံ့ ဆော် လုပ်စားကြတာ တွေ့ နေရတယ်။

လုပ်စား-ရိုက်စား။ နိုင်ငံရေး လက်ဝါးကြီးအုပ် ဆရာကြီးတွေရဲ့ သမိုင်းခြေရာ နောက်ကြောင်းပြန် ကောက်ပြ ရရင်--
အီးယူနှင့် အင်္ဂလန်နိုင်ငံများတွင် လူသားချင်း စာနာမှု၊ လူ့ အခွင့်အရေး ချိုးဖောက် ဖျက်ဆီး ခံရမှုများကို ခေါင်းစဉ် တင်၍ ရိုဟင်ဂျာ အရေးအတွက် အကူအညီ အထောက် အပံ့ များရရှိရန် (၂၀၁၀၊မေ လ ၅ရက်) တွင်ပြုလုပ်သော အရှေ့ တီမော သမ္မတ ရာမို့ စ်ဟိုဆေးမှ ကြီးမှူး ကျင်းပ ပေးခဲ့သော မြန်မာ့အရေး ဆွေးနွေး ပွဲတွင် ဆော်ဒီ အာရေးဗီးယားနိုင်ငံ၊ ရီရတ်မြို့ တွင်အခြေစိုက်ထားသည့် နိုင်ငံတကာ မူဆလင်များ ပူပေါင်းဆောင်ရွက်ရေး အဖွဲ့  ချုပ် OIC နှင့်ဆက်သွယ်၍ အီးယူနှင့် အင်္ဂလန် နိုင်ငံများတွင် လူသားချင်း စာနာမှု၊ လူ့ အခွင့်အရေး ချိုးဖောက် ဖျက်ဆီး ခံရမှုများကို ခေါင်းစဉ်တင်၍ ရိုဟင်ဂျာ အရေးအတွက် အကူအညီ အထောက် အပံ့ များရရှိရန် EBO (Euro Burma Office ) တာဝန်ခံ ဦးဟန်ရောင်ဝေ၊ ကိုတင်မောင်သန်းနှင့် ဇော်ဦး ကြိုးပမ်း ခဲ့ကြပါတယ်။




ဘရပ်ဆဲလ် အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation (OIC)နှင့် ဟန်ရောင်ဝေ၏ ယူရိုဘားမားတို့ ရိုဟင်ဂျာအရေးကို ထောက်ခံ ဆွေးနွေး နေကြစဉ်ပုံ။



အာရပ်နိုင်ငံများကိုယ်စားလှယ်နှင့်ဟန်ရောင်ဝေတို့-သဘောတူ လက်မှတ် ရေးထိုး နေကြစဉ်။
(မည်သည့်အကြောင်းအရာပေါ် လက်မှတ်ရေးထိုး နေကြသည်ကို မသိနိုင်ပါ)



မြန်မာပြည်ကိုကိုယ်စားပြုသလိုလိုလက်မှတ်ရေးထိုးအပြီးဟန်ရောင်ဝေနှင့် မူဆလင်များ ကြေနပ် နေကြပုံ။



ဘရပ်ဆဲလ်တွင်မြန်မာများတွေ့ဆုံဆွေးနွေးပွဲတွင်(ဝဲမှယာ)ရိုဟင်ဂျာဥက္ကဌ နရူးအစ်စလမ်၊ ကိုတင်မောင်သန်း နှင့် ဇော်ဦး။

ဝါဒ ဖြန့်ချိရေးဘက် ကြည့်ရင်---
၁။ မြန်မာနိုင်ငံတွင်းသို့  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ခိုးဝင်လာသော ဘင်္ဂါလီ မျိုးနွယ် မူဂျာ ဟီဒင်ကုလားများကို တာဝန်အရ တာဆီး အရေးယူ ခဲ့သည့် ဗိုလ်ချုပ်ကြီးတင်ဦး(အငြိမ်းစား)ယခု အမျိုးသား ဒီမိုကရေစီ အဖွဲချုပ် ဒုဥက္ကဌ ဦးတင်ဦးအား ရိုဟင်ဂျာ အမည်ခံ ဒေါက်တာ ဝါကာအူဒင်က (RFA) ရေဒီယိုမှ နေ၍ ပုတ်ခတ် တိုက်ခိုက်သည့် အပြင် ရိုဟင်ဂျာ များကို ဘင်္ဂါလီ အနွယ်ဝင်များဟု ပြောဆို ခဲ့ခြင်းသည် စော်ကားမှု ဖြစ်သဖြင့် ဦးတင်ဦးက သူ့ အား တောင်းပန် ရမည်ဟု မိုက်ရိုင်းစွာ ပြောကြားသည်ကို ၂၀၁၂ အောက်တိုဘာလ အတွင်းက ထုတ်လွှင့်ခဲ့သည်။

၂။ မြန်မာပြည် အပြောင်းအလဲ နဲ့ ရိုဟင်ဂျာ အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ -ဦးသန်းလွင်ထွန်းက - သောကြာ, 20 ဧပြီ 2012မှာ မြန်မာပြည် အနောက်ဖက် အခြမ်းမှာ ရှိနေတဲ့ မူဆလင် ရိုဟင်ဂျာများရဲ့  လူ့အခွင့်အရေး၊ တရားဝင် နေထိုင်ခွင့်များ ရရှိရေးအရေး ကိစ္စများကိုလည်း အမေရိကန် အစိုးရ အနေနဲ့ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ တောင်းဆိုနေတဲ့ အမေရိကန် အခြေစိုက် ရိုဟင်ဂျာ အသင်းရဲ့  ခေါင်းဆောင် တဦးဖြစ်သူ Pennsylvania ပြည်နယ် တက္ကသိုလ်၊ အဏုဇိဝ ဗေဒ ဌာန ပါမောက္ခ Dr. Wakar Uddin ကို ဗွီအိုအေ မြန်မာ သတင်းဌာနမှူး ဦးသန်းလွင်ထွန်းက တွေ့ဆုံမေးမြန်း ဆွေးနွေးသုံးသပ် တင်ပြခဲ့ ပါတယ်။





  • မြန်မာပြည် အပြောင်းအလဲ နဲ့ ရိုဟင်ဂျာ အခွင့်အရေး (ဖတ်ရန်- နားထောင်ရန် နှိပ်ပါ )


  • ၃။ ဘီဘီစီကတော့ ရိုဟင်ဂျာ ပြည်နယ် ဖြစ်ထွန်းရေး အဖွဲ့ ခေါင်းဆောင် ဟာဂျီ-ထွန်းခင်၊ ရန်ကုန်သူ မွတ်ဆလင်မယ် (ဟာ၈ျီ အလောင်းအလျာ) ဝေနှင်းပွင့်သုန် တို့နဲ့ အလျဉ်းသင့်သလို ရိုဟင်ဂျာ ကြော်ငြာ သတင်းတွေ မကြာခန ထုတ်လွှင့်ခဲ့သလို ရခိုင်ပြည်နယ် ထဲမှာ ရိုဟင်ဂျာ ပြည်နယ်ကိုထည့်သွင်း မြေပုံလုပ် ဖော်ပြခဲ့ ပါတယ်။
    ထိုင်းနိုင်ငံရောက် ရခိုင် တိုင်းရင်းသားတွေက ဘန်ကောက်ရှိ ဘီဘီစီ ရုံးရှေ့မှာ ဆန္ဒ ကန့် ကွက်ခဲ့ကြတယ်။



    ။။။။။။။။။။။။။။။။
    မြန်မာ့အရေးမှာ နိုင်ငံရေးလှုပ်ရှားသူတိုင်းကို ကိုယ့်လူတွေလို့ ပြောလေ့ရှိကြပေမယ့် လက်တွေ့ လုပ်ဆောင်မှုတွေ မှာတော့ ဦးတည် ရည်ရွယ်ချက်တွေ မတူကြပါ။

    --တရုတ်၊ရုရှား နှင့် ပူးတွဲလိုသူ အနောက်အုပ်စု ဆန့် ကျင်ရေး လက်ဝဲနိုင်ငံရေးသမား
    --လက်ဝဲမဟုတ်သော်လည်း (အမေရိကန် ၊အင်္ဂလန်အား နယ်ချဲ့  အုပ်စု ဆိုကာ နိုင်ငံ မတိုးတက်ချင်နေ၊ ဒင်းတို့ မြန်မာ့ မြေပေါ် မမြင်ချင် ဆိုသည့် နိုင်ငံရေးတယူသန် မျက်ကန်း ) နာကျည်းချက်ဖြင့် လက်မခံချင်သူများ
    --ပြည်ပမှာ နှစ်ဘက်ချွန် သုံးဘက်ချွန် စားပေါက်ရ နိုင်ငံရေး အရေခြုံများ
    --အာဏာလက်မလွှတ်ချင်သူ ဗိုလ်ခုတ်၊ ဗိုလ်အုပ်၊ ဗိုလ်တုတ်၊ ဗိုလ်ယုတ်များ
    --ပြည်တွင်းမှာ စားခွင့်ရ စီးပွါးရေး လုပ်ငန်းရှင်များ--

    အထက်ဖော်ပြပါ အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတကာ(အထူးသဖြင့် အမေရိကန်နှင့် အပေါင်း အပါ ဒီမိုကရေစီ နိုင်ငံများ) နှင့် ပူးပေါင်း လုပ်ဆောင်မည့် ဒီမိုကရေစီပေါ် ပေါက်ရေးကို ကန့် လန့် တိုက်မည်၊ ဖျက်ဆီးကြမည်ဟု နိုင်ငံရေး နားလည်သူများ ခန့်မှန်း တွက်ချက် ကြသည်။


    ယခု ရိုဟင်ဂျာ အရေးသည် နအဖ၏ နောက်ပြန်လှည့်ရေးမူ တခု ဟု ထုတ်ဖော် ပြောဆိုသည် လည်း ထွက်ပေါ်နေသလို ရခိုင်ပြည်နယ် တစ်ခုလုံးအရေးပေါ် အခြေအနေ ကြေညာရတယ်ဆိုတာ“စိုးရိမ်သူတွေ” ပြောနေတဲ့ “နောက်ပြန် လှည့်မှု” ဖြစ်ပါတယ်။ နောက်ပြန်လှည့်မှုဟာ ရခိုင်ပြည်နယ်မှာ စတင်ခဲ့ပါပြီ- ဟု ထုတ်ဖော် ဖွင့်ဟချက်များ ထွက်နေသည်။

    ရိုဟင်ဂျာတို့ မီးရှို့  သောင်းကျန်းနေသည်ကို စစ်တပ်၊ ရဲတို့ထံ ဒေသခံတိုင်းရင်းသား (ရခိုင်၊သက်၊ ဗမာ) အကြောင်းကြား အကူအညီ တောင်းမှုများ ရှိပါလျှက် အကူအညီပေးမှု နှောင့်နှေး သဖြင့် ဒေသခံ တိုင်းရင်သားများ သေကြေ ၊ဆုံးရှုံးမှု များရသည်ဟု ရေဒီယို အင်တာဗျူး များတွင် ထုတ်ဖော်ပြော ဆိုကြသည်။
    အင်တာနက် စာမျက်နှာနှင့် ရေဒီယို သတင်းများအရ ခြုံငုံ သုံးသပ်ကြည့်လျှင် အကူအညီရရန်နှင့် ဆူပူသူများအား အရေးယူရန် တောင်းဆိုကြသည့် ရခိုင်တိုင်းရင်းသားအား သေနတ်နှင့် ပစ်သည့် လုံခြုံရေးတို့သည် လက်ရှိ မီးရှို့ သတ်ဖြတ် သောင်းကျန်းနေသည့် ရိုဟင်ဂျာတို့အား ပစ်ခတ် တားဆီးခြင်း မပြုသည်မှာ ဆူပူသောင်းကျန်းမှုကို ပိုမိုကြီးထွားလာအောင် လိုင်စင် ထုတ်ပေးသကဲ့သို့ ဖြစ်နေသည်။

    တောင်ကုတ်တွင် ရိုဟင်ဂျာ ၁၀ ဦးအား သတ်ဖြတ်သူများသည် နယ်မြေခံ တောင်ကုတ်သားများ မဟုတ်ဟုလည်း ထုတ်ဖော်ကြသည်။

    ရိုဟင်ဂျာအရေး ပင်မ-တရားခံများဟာ မည်သူတွေနည်း။
    ဒီပဲယင်း အဆက်အနွယ်-လိုင်စင်ရ လူသတ်သမားများ ပေလော။
    တမင်သက်သက် တိုင်းပြည်မဆူ-ဆူအောင် လုပ်ပြီး သမိုင်းလှည်းဘီး နောက်ပြန် လှည့်ကာ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ နိုင်ငံရေးမှာ နေရာ မရစေရန်၊ လုပ်ကိုင်ရ ခက်စေရန်၊ စစ်အုပ်ချုပ်ရေးဘက် ပြန်သွားရေး၊ ခြေလှမ်းဟု မြင်သူများက မြင်နေကြပြီ။

    ကုလား-ဗမာ အရေးအခင်း ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါက စစ်တပ်က ဒိုင်စား၍ စစ်တပ်က ပြန် အာဏာသိမ်းမည် ဟု ထင်ကြေး ပေးနေကြသည်။

    ဤ အချက် မှန်တော့မည်လော။

    "ကုလား အရေးလောက်ကိုလ၊ ဓါး မသွေးလောက်ပါဘု" ဟု စပ်ဆိုရေးသားခဲ့သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ မြန်မာ တိုင်ရင်းသားများကို ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီ မူဆလင်တို့၏ အနိုင်ကျင့် သတ်ဖြတ်ခံနေရသည်ကို သိမြင်ရလျှင် မည်မျှရင်ဆို့ မည်ကို -အသင်--ခန်းမှန်း နိုင်ပါမည်လော။

    -------------------------------------------------------------------------------

    မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
    ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

    ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
    မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

    မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

    စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

    ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

    လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
    အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
    အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
    ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
    www.hittaing.org
    www.hittai.org
    www.hittai.net

    No comments: