အကျင့်ပျက် အရာရှိများကြောင့် ဒေသခံ တိုင်းရင်းသားများ စိုးရိမ်စိတ်ကြီးထွားနေ



By နိရဉ္စရာသတင်းဌာန | June 14, 2012

ဆူပူ အကြမ်းဖက်မူ စတင် ဖြစ်ပွားခဲ့သော မောင်တောမြို့တွင် လုံခြုံရေး တာဝန်ယူထာသော အရာ တစ်ချို့သည် ဆူပူ အကြမ်းဖက်သူများနှင့် ဆက်သွယ်ကာ တန်စိုး လက်ဆောင်များကို လက်ခံယူနေသဖြင့် ဒေသခံ တိုင်းရင်းသားများ အကြား စိုးရိမ်စိတ်များ ကြီးထွားနေကြောင်း သတင်း ရရှိသည်။

“ အခုက မောင်တောမှာ လုံခြုံရေးတွေ တိုးမြှင့်ထားပေမယ့် ဖြစ်ပျက်သွားတဲ့ ဆူပူ အကြမ်းဖက်မူကို ပြန်ကြည့်ပြီး လူတွေက အာဏာပိုင်တွေကို လုံးဝ ယုံကြည်မူ မရှိ ဖြစ်နေပါတယ်။ အခုတစ်ခါ မောင်တောမြို့ပေါ်မှာ တာဝန်ကျနေတဲ့ အရာရှိ တစ်ချို့က အကြမ်းဖက် ဆူပူတွေဆီက ငွေကြေးနဲ့ ကြက်တို့ ဆိတ်တို့ အပါအ၀င် စားသောက်စရာတွေကို လက်ခံနေတာတွေ ရှိနေတဲ့ အတွက် ဒေသခံတွေ အကြား စိုးရိမ်စရာ ဖြစ်နေကြပါတယ်” အမည်မဖေါ်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အများစု တပ်မတော်သားများ၊ နစကများ၊ လုံထိန်းတပ်ဖွဲ့ဝင်များနှင့် ရဲအဖွဲ့ဝင်များမှာ နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ကြိုးစား ဆောင်ရွက်နေသော်လည်း တစ်ချို့ အကျင့်ပျက် ၀န်ထမ်းများမှာ ယခု ဖြစ်ပေါ်ခဲ့သော အကြမ်းဖက် ဆူပူမူကို အခွင့်အရေး တစ်ရပ် အဖြစ် မှတ်ယူကာ မိမိကိုယ်ကျိုးအတွက် အသုံးချနေသည်ဟု ဆိုသည်။

“ ကျွန်တော်တို့ ကိုယ်တိုင်မြင်ပါတယ်။ ဘော်လုံကွင်းအနီးက စာသင်ကျောင်း တစ်ခုမှာ တာဝန်ကျနေတဲ့ အရာရှိတွေ အကြမ်းဖက် ဆူပူသူတွေဆီက ကြက်တွေ လက်ခံယူတာ၊ ဖုံးနဲ့ အဆက်အသွယ် လုပ်ပြီး ငွေကြေးက အစ လက်ခံနေတာတွေကို မြင်နေရပါတယ်။ သူတို့က ဒီလို လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ ဒေသခံတွေ ဘယ်လို လုပ်ပြီး ဒီအာဏာပိုင်တွေကို ယုံကြည်လို့ ရနိုင်ပါမလဲ” ဟု စံပြရပ်ကွက်မှ ကိုယ်တိုင်မြင်တွေ့သူ တစ်ဦးက ပြောသည်။

မောင်တောမြို့နယ်တွင် လုံခြုံရေး တာဝန်ယူထားသူ တချို့ အရာရှိများ အနေဖြင့် ယခုကဲ့သို့ လာဒ်ပေး လာဒ်ယူမူများ ပြုလုပ်နေပါက မောင်တောတွင် ဖြစ်ပေါ်ခဲ့သော ဆူပူ အကြမ်းဖက်သူ အစစ် အမှန် ဦးဆောင်သူများကို အရေးယူ အပြစ်ပေးနိုင်မည့် မဟုတ်သည့် အပြင် ငွေရှိလျှင် မြန်မာနိုင်ငံတွင် ဘာမဆို လုပ်၍ ရသည်ဆိုသော အတွေးအခေါ်များကြောင့် နောက်ပိုင်းတွင်လည်း ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်လာနိုင်သည်ဟု သူက သုံးသပ် ပြောဆိုသည်။

မောင်တောမြို့နယ်တွင် ဥပဒေ စိုးမိုးမူ မရှိခြင်းမှာ လာဒ်ပေး လာဒ်ယူမူ အလွန်အကျွံ များပြားနေခြင်းကြောင့် ဖြစ်ပြီး တာဝန်ရှိသူ အာဏာပိုင်များ အနေဖြင့် ယခု ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူကို သင်ခန်းစာ မယူဘဲ ဆက်လက်၍ အကျင့်ပျက် ခြစားနေကြမည် ဆိုလျှင် မောင်တောမြို့နယ် အခြေအနေမှာ အနာဂတ်တွင်လည်း တည်ငြိမ် အေးချမ်းနိုင်ဖွယ် မရှိကြောင်း ဒေသခံများက ပြောဆိုသည်။

No comments: