စစ်တွေမြို့ ဗျိုင်းဖြူရွာ အခြေအနေစိုးရိမ်ရေမှတ်အမြင့်ဆုံးသို့ရောက်ရှိ

 Written by The Voice Monday, 11 June 2012

လူမျိုးရေး အသွင်ဆောင်သော အကြမ်းဖက်မှုများကြောင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ယမန်နေ့က ထွက်ပြေးလာသော ဘင်္ဂလီ ဆူပူအကြမ်းဖက်သူ များနှင့် ဗျိုင်းဖြူရွာအနီး သံတော်လီ ကျေးရွာမှ ဘင်္ဂါလီများစုပေါင်းကာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို မီးရှို့ရန် စီစဉ်နေကြကြောင်း ဒေသခံများက ဇွန်လ ၁၁ နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။


အဆိုပါ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့့၀င်များ မရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း၊ ယခုအခါ အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသား အမျိုးသားများသာ ကျန်ရှိပြီး အမျိုးသမီးနှင့် ကလေးငယ်များမှာ စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် တိမ်းရှောင်ခိုလှုံနေကြသော ရခိုင်းတိုင်းရင်းသားဒုက္ခသည် သုံးထောင်ခန့်မှာ စားနပ်ရိက္ခာ ပြတ်တောက်နေကြောင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

အဆိုပါဒုက္ခသည်များမှာ ဘဂါလီများက မီးရှို့ဖျက်ဆီးခြင်းခံခဲ့သော စစ်တွေမြို့ ကန်တော်ကြီးရပ်ကွက်၊ ေ၀သာလီရပ်ကွက်၊ ဓည၀တီရပ်ကွက်၊ လမ်းမတော်ရပ်ကွက်၊ အနောက်စံပြရွာ၊ မင်းဂံရွာ၊ ဗျိုင်းဖြူရွာ၊ နာဇီရွာ စသည့်ရွာများမှ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ရခိုင်တိုင်းရင်းသားဒုက္ခသည်များမှာ ရေနှင့် စားနပ်ရိက္ခာ များ လာရောက် လှူဒါန်းမည့်သူ မရှိသောကြောင့် ဒုက္ခရောက် လျက်ရှိကြောင်း သတင်းရရှိသည်။

နေအိမ်မီးလောင်မှုများနှင့် ဆူပူ အကြမ်းဖက် မှုများ ဖြစ်ပွား နေသောကြောင့် ကျေးရွာ များမှ စစ်တွေမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာရင်း လမ်းခရီးတွင် ပျောက်ဆုံး၊ သေဆုံးသွားသော ကလေးငယ်များ ရှိကြောင်း ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

" ထွက်ပြေးလာရင်း လမ်းမှာ ပျောက်တဲ့ကလေးတွေ၊ သေတဲ့ကလေးတွေ အများကြီးပဲ။ ပျောက်တာနဲ့ သေတာက နာဇီရွာနဲ့ ဗျိုင်းဖြူရွာက ကလေးတွေ အများဆုံးပဲ" ဟု ဗျိုင်းဖြူရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်တွေမြို့ ကမ်းနားလမ်း မိဇံရပ်ကွက်နေ အကြမ်းဖက်ဆူပူလှုပ်ရှားမှုတွင် မပါ၀င်သေးသော ဘင်္ဂါလီ ၁၀၀ကျော်ကို ရခိုင်တိုင်းရင်းသားများက လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ဇွန်လ ၁၁ ရက်နေ့တွင် လွှဲအပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

" မနေ့တုန်းက သွေးပူနေတဲ့ ရခိုင်တွေ သတ်မှာကြောက်လို့ ဘင်္ဂါလီ ၁၀၀ကျော်ကို ထိန်းထားတယ်။ ဒီနေ့က ဘယ်လိုမှ ထိန်းလို့မရတော့လို့ လုံခြုံရေးလက်ထဲကို အပ်လိုက်တာ"ဟု မိဇံရပ်ကွက်တွင် နေထိုင်သည့် ရခိုင်အမျိုးသားတစ်ဦးက ပြောကြားသည်။

စစ်တွေမြို့အနီးရှိ အနောက်ဖရုံကာကျွန်းအနီးတဝိုက်၌ ဘင်္ဂါလီလူမျိုးများ ခိုအောင်လျက် ရှိပြီး ညပိုင်တွင် စစ်တွေမြို့သို့ တိတ်တဆိတ်တက်ကာ မီးရှို့လေ့ ရှိကြောင်း၊ မီးရှို့ပြီးနောက် စက်လှေများဖြင့် ပြန်လည်ထွက်ပြေးသွားလေ့ရှိကြောင်း စစ်တွေမြို့၊ ကမ်းနားလမ်းနေ ပြည်သူများမှ သတင်းပေးပို့ခဲ့သည်။ စစ်တွေရှိ ပြည်သူများမှာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသဖြင့် ညပိုင်းအချိန် အခွင့် ကောင်းယူ၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဆောင်ရွက်လေ့ရှိသောကြောင့် အကြမ်းဖက်မီးရှို့မှုများ ထပ်မံ မဖြစ်ပွားစေရေး အတွက် တပ်မတော်(ရေ)မှ လုံခြုံရေးတာ၀န်များ ထမ်းဆောင်လျက် ရှိရာ အနောက်ဖရုံကာ ကျွန်း၊ စကေးပြင်ကျေးရွာတွင် ဘင်္ဂါလီလူမျိုး (၁၀၀၀)ဦးခန့် တွေ့ရှိရကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွ အကြမ်းဖက်မှုများကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များမှ ရခိုင်တိုင်းရင်းသားများသည် စိုးရိမ်ထိတ်လန့်ပြီး ရသေ့တောင်မြို့သို့ စက်လှေများဖြင့် ရောက်ရှိလျက် ရှိရာ အဆိုပါမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်းက ရေးသားဖော်ပြထားသည်။
အဆိုပါ ရခိုင်တိုင်းရင်းသားများကို တာ၀န်ရှိသူများက ရသေ့တောင် မြို့နယ်အတွင်း မေယုခန်းမ တွင် ၅၀၆ ဦး၊ အလိုတော်ပြည့်ကျောင်းတိုက်တွင် ၂၆၇ ဦး၊ စုစုပေါင်း ကျား/မ၊ ကလေး/လူကြီး (၇၇၃)ဦး နေရာချထားပေးကာ စားနပ်ရိက္ခများ၊ ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေမြို့တို့တွင် ဆူပူအကြမ်းဖက်မှုများကြောင့် နေအိမ်များမီးရှို့ခံရကာ ထွက်ပြေးတိမ်းရှောင်နေရသော ရခိုင်တိုင်းရင်းသားများကို လှူဒါန်းလိုပါကဦးစံကျော်လှ (ရခိုင်တိုင်းရင်းးသားများ တိုးတက်ရေးပါတီ စစ်တွေမြို့ဗဟိုဌာန) ဖုန်း ၀၉၈၅၀၀၈၁၆ ၊ရခိုင်တိုင်းရင်းးသားများ တိုးတက်ရေးပါတီ ( ရန်ကုန်ဗဟိုဌာနခွဲ၊ မလွှကုန်းလမ်း၊ တာမွေ၊ ကျောက်မြောင်း) ဖုန်း ၀၉၇၃၀၄၄၉၂၇ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဇွန်လ ၁၀ ရက်နေ့ ၁၀၅၀ နာရီမှ ဇွန်လ ၁၁ ရက် ၀၈၃၀ နာရီထိစစ်တွေမြို့နယ် နောက်ဆုံးရ သတင်းများ(နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦး၏ Facebook စာမျက်နှာတွင် လွန်ခဲ့သော မိနစ်ပိုင်းအတွင်း ရေးသားဖော်ပြထားချက်)

 

ဇွန်လ ၁၀ ရက်၊ ၁၂၀၀ မှ ၁၃၀၀ နာရီထိ တရားသီးစုပိုက်သယ် ကုလားရွာ၊ ဘင်္ဂါလီလူမျိုး () ဦးမှ ၄င်းတို့၏ နေအိမ်များကို မီးရှို့၊ ဘေးအိမ် () လုံးသို့ မီးကူး၊ မီးသတ်ကား()စီးမှ ငြိမ်းသတ်။ (ဗလီ လုံး၊ ဘင်္ဂါလီလူမျိုးနေအိမ်(၁၀)လုံး ပျက်စီး)
ဇွန်လ ၁၀ ရက်၊ ၁၂၂၅ နာရီ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံ၊ ရခိုင်တိုင်းရင်းသား()ဦး (မစိုး ရိမ်ရ) ဒဏ်ရာဖြင့် ရောက်ရှိလာ။

No comments: