ဘန်းယဉ်ရဲစခန်းတွင် ရဲဘော်စုဆောင်းရေးပြုလုပ်

စင်လေခမ်း (နောင်မွန်) | မေလ ၂၂ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်ရဲစခန်းမှ ရဲအရာရှိများနှင့်ရဲအဖွဲ့ဝင်များသည် ဘန်းယေဉ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်ရဲဘော်များနည်းပါးနေသဖြင့် နောင်မွန်ကံသာဦး လူငယ်များအား ကံသာဦးဘုန်းကြီးကျောင်း၌ ရဲဘော်စုဆောင်းရေးလုပ်ငန်းကို ၂၀၁၄ မေလ ၁ ရက်နေ့တွင် ပြုလုပ်ကြောင်း သိရသည်။

ဘန်းယဉ်ရဲစခန်းတွင် ရဲဘော်မရှိသလောက်နည်းနေသည့်အတွက်ကြောင့် အလုပ်အကိုင် များပြုလုပ်ရာတွင် အခက်အခဲများကြုံတွေ့နေရသဖြင့် ရဲဘော်စုဆောင်းလုပ်ငန်းများလိုက်၍ ပြုလုပ်နေရသည်ဟု ရဲလင်းမောင်က ပြောသည်။

ယခုအခါတွင် မူးယစ်ဆေးဝါးများ၊ ဘိန်းစိုက်ပျိုးမှု အလွန်များပြားလာသည်နှင့်ပတ်သက်၍ ရဲများ၏အလုပ်အကိုင် များပြားလာကြောင်း၊ ထို့ကြောင့် ရဲဘော်စုဆောင်းရေးလုပ်ငန်းများ ပြုလုပ်နေရကြောင်း၊ ရဲစခန်းတွင် ရဲအဖွဲ့ဝင် ၁၃ ဦးသာ ကျန်ရှိနေကြောင်း သိရသည်။

No comments: