ငြိမ်းချမ်းရေးဆွေးနွေးမည့် PNLO သထုံမြို့ပအိုဝ်းလူထုများ နွေးထွေးစွာကြိုဆို

ခွန်စိမ်းမောင်(တောင်ကြီး)၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်၊ တောင်ကြီးတိုင်းမ်

ထိုင်းမြန်မာနယ်စပ်အခြေစိုက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ မဲဆောက်မှ ရန်ကုန်သို့ စတင်ထွက်ခွါပြီး လမ်းခရီးစဉ် သထုံဒေသရှိ ပအိုဝ်းလူထုများ နွေးထွေးစွာ ကြိုဆိုခဲ့ကြောင့် သိရပါသည်။ 


PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဦးခွန်ဥက္ကာ ဦးဆောင်သောငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ သထုံဒေသ ပအိုဝ်းအမျိုးသားများ ကြိုဆို။ ဓာတ်ပုံ ခွန်တန်နွယ်(သထုံ)

သထုံဒေသရှိ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ခွန်တန်နွယ် ပအိုဝ်းလူငယ်များကွန်ယက်အဖွဲ့နှင့် ဒေသတွင်းရှိ ပအိုဝ်းလူထုများနှင့် တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကိုလည်း ကျင်းပရာ၌ “ပအိုဝ်း အမျိုးသားရေးကို အခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် တိုင်းပြည်အကျိုးပြု အမျိုးသားရေးအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်သွားရန်” ဟု ပုပ္ပာရုံကျောင်း ကျောင်းထိုင်ဆရာတော်ကြီးမှ သြ၀ါဒစကား ချီးမြင့်ခဲ့ပါသည်။


သထုံမြို့ ပုပ္ပာရုံကျောင်းတိုက်တွင် သထုံဒသရှိပအိုဝ်းအမျိုးသားများနှင့် တွေ့ဆုံဆွေးနွေးပုံ။
ဓာတ်ပုံ ခွန်တန်နွယ် (သထုံ)

သထုံမြို့ဒေသခံနှင့် တွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် PNLO မှ တင်ပြမည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမည့် ဖြစ်စဉ်များ၊ ပအိုဝ်းအမျိုးသားများအတွက် အပစ်အခတ် ရပ်စဲမှုခိုင်မာရေး၊ နှစ်ဖက် တပ်ဖွဲ့ဝင်များ လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်နိုင်ရေး၊ ဆက်ဆံရေး ရုံးလုပ်ငန်း လည်ပတ်နိုင်ရန်အတွက် ကူညီပံ့ပိုးရေး၊ PNLO/PNLA တပ်ဖွဲ့ဝင်များ၏ တပ်တည်နေရာ ညှိနှိုင်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ၎င်းအနေဖြင့် အမျိုးသားရေးအကျိုးလုပ်ငန်းအတွက် မိမိ၏မွေးရပ်မြေ ဇာတိဖြစ်သည့် သထုံဒေသကို ခွဲခွာနေခဲ့ရသည်မှာ နှစ်ပေါင်း (၄၀) ကျော် ကြာမြှင့်ခဲ့ပြီဖြစ်ကြောင်းလည်း သိရပါသည်။

No comments: