ကျောင်းသားများအပေါ်ရိုက်နက်မှုကြောင့် ဒဏ်ရာရရှိပြီး မိဘများမကျေနပ်ဖြစ်

ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့နယ် ဘုရားဖြူရပ် ထီသိမ်အလယ်တန်းကျောင်းတွင် ကျောင်းသန့်ရှင်းရေးလုပ်ရန် ကျောင်းသားများ ပေါက်ပြားမပါလာသောကြောင့် ကျောင်းအုပ်ဆရာမကြီးက ကြိမ်လုံးဖြင့် ကျောင်းသား/သူ များကို ရိုက်နက်ရာ ဒဏ်ရာကိုယ်စီရရှိပြီး မိဘများက မကျေမနပ်ဖြစ်ကြကြောင်း အောက်တိုဘာ ၂၄ ရက်တွင် စုံစမ်းသိရှိရသည်။

“ကျွန်တော့်သားက ရန်ကုန်မှပြောင်လာတာ၊ ဒီကျောင်းဟာ ကျွန်တော်တို့ ကိုယ်ထူကိုယ်ထနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်။ ဒီကျောင်းကြောင့် မိသားစုကွဲသွားတဲ့သူတောင်ရှိတယ်။ ကျောင်းအောင်မြင်တော့ ကျွန်တော်တို့ကလေးစာသင်ဖို့၊ ဘာဖြစ်လို့ကောင်းကောင်းမသင်ရတာလဲ့၊ အခုကျွန်တော့သားက ကျောင်းအုပ်စာသင်ချိန် မဟုတ်ဘူး၊ ကျောင်းခိုးလစ်တာမဟုတ်ဘူး။ ဘာအပြစ်ကြောင့်မသိဘဲ စာသင်ချိန် စာဖတ်နေတာကို ရိုက်နက်တဲ့အတွက် လက်မောင်းမှာသွေးထွက်တာ ရေနွေးစွတ်ပြီး အိင်္ကျီချွတ်ရတယ်။ ကျွန်တော့်သားအငယ် ပထမတန်းလည်း ထမင်းမထုတ်ခိုင်းဘူး။ ထုတ်လာလျှင် ကျောင်းတွင်းမှာ ပေးမစားဘူး အပြင်မှာစားခိုင်းတယ်။ ရေအတွက်လည်း တလကို နှစ်ရာကျပ်ထည့်ရသေးတယ်။ အချိန်ပိုဖိုး တမြက်စီးဖိုးတို့လည်း လစဉ်ကောက်ခံတယ်၊ ဒါကိုစီစစ်ရေးလာလျှင် ဘာမှမကောက်ဘူးလို့ ကျောင်းသားကိုမိန့်ထားတယ်။ ကျောင်းသားတွေကို အသဲးပန်းတစ်အိုးစီကိုလည်း ယူလာခိုင်းသေးတယ်၊ ဘယ်လိုလုပ်မလဲ၊ ကျွန်တော့သားက ဆရာမကြီးမထွက်ရင် ကျောင်းမသွားတော့ဘူးလို့ ပြောနေတယ်။“ ဟု အရိုက်ခံရသော ၈ တန်းကျောင်းသား အောင်ဟိန်း၏အဖေ ခွန်သိန်းဆွေက ပြောသည်။



“ဆရာမကြီးက ခွင့်လွတ်တတ်ပါတယ်။ ကလေးတွေက တစ်ယောက်ပါလာ၊ တယောက်က ပါမလာလျှင် အချင်းချင်းတွက်ကြတယ်။ ဆရာမအချင်းချင်းလည်း တွက်ကြတယ်၊ စာမသင်ဘူးထိုင်နေကြတယ်။ ဆရာမတွေလည်း တစ်ယောက်နောက်ကျပြီး ခွင့်လွတ်လျှင် နောက်တယောက်က မနာလိုပြီးလိုက်တုတယ်။ ဒါကြောင့် ဆရာမတွေက အချင်းချင်းတွက်လို့ ကလေးတွေလည်းတွက်ကြတယ်၊ အရင်ဆရာမတွေက မျိုးစေ့ချပေးလို့ ဒီလိုဖြစ်တာ၊ ပေါက်ပြားဝယ်ခိုင်းထားတယ်လေ။ ဒီကျောင်းက ရံပုံငွေနည်းလို့ မဝယ်ပေးနိုင်ဘူး။ ကျောင်းမှာ ပေါက်ပြား ၅ လက်ဘဲရှိတယ်၊ ပေးပြန်ရင်လည်း စည်းကမ်းမရှိဘူး။“ ဟု ကျောင်အုပ်ဆရာမကြီးက ပြောသည်။

“အရင်က စာမတတ်လို့ အသုံးလုံးတောင် သင်ပေးသေးတယ်။ အခုခေတ်မှာ ဆရာမက ဘာလို့ကျောင်းသားကို ဒီလိုလုပ်ရတာလဲ။ ကျွန်မသားက နှစ်ယောက်လုံးအရိုက်ခံရတယ်။ အငယ်တစ်ယောက်က ၆ တန်း ပေါက်ပြားယူလာခိုင်းတာ မပါလာလို့ တခန်းလုံးရိုက်တယ်“ ဟု အရိုက်ခံရသော ကျောင်းသားမိဘဖြစ်သူ နန်းမဌေးက ပြောသည်။

“ကလေးတွေအပြစ်မရှိဘူး။ နေမကောင်းတဲ့ကလေးကို အိမ်ပြန်လိုက်ပို့တဲ့ ကလေးက အရိုက်ခံရတယ်။ ဆရာမတွေက မြင်နေရပေမဲ့ မကြည့်ချင်ဘူး။ ကလေးတွေကို ရိုက်တာ ဆရာမအငယ်တွေက ပညာရေးကိုသာ ဦးစားပေးလုပ်ချင်ကြတာ၊ ကိုယ့်အလုပ်နဲ့ကိုပေါ့၊ နေကြတယ်၊ ဆရာမကြီးနဲ့တော့ တစ်ယောက်မှ မတည့်ကြဘူး“ ဟု ဆရာမများထံ၏ ပြောကြားချက်အရ သိရသည်။

ဘုန်းကြီးကျောင်းတွင် လာနေသော နယ်ဝေးကလေးများကိုလည်း ကျောင်းထုတ်လိုက်ခြင်း၊ ကျောင်းအပ်ချိန်တွင် အလူငွေဆိုပြီး ထည့်ခိုင်းခြင်းများလည်း ပြုလုပ်ကြောင်း၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျောင်းသားများ ၆၀ ဝန်းကျင်ခန့် အရိုက်ခံရကြောင်း၊ ဆရာမအငယ်များကိုလည်း နေ့တိုင်းဆူပူဆဲဆိုနေကြောင်းကို ကျောင်းသားများ၏ ပြောပြချက်အရ သိရသည်။

No comments: