အေးသာယာမြို့တွင် ရေခဲရိုက်အမဲသားများ ဖမ်းဆီးရမိ

By ဖိုးဇေ | မတ်ခ်ျလ ၃၀၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့ ထုံးဖိုဂိတ်တွင် မတ်လ ၂၈ ရက်နေ့က တာဝန်ရှိသူများမှ တရားမ၀င် ရေခဲရိုက် အမဲသားများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အေးသာယာရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် သက်သေများပါဝင်သော အဖွဲ့သည် မတ်လ ၂၈ ရက်နေ့ ညပိုင်း ထုံးဖိုဂိတ်တွင် သတင်းပေးချက်များအရ စောင့်ဆိုင်းနေစဉ် ရွှေညောင်မြို့ဘက်မှ ယာဉ်မောင်း စိုင်းအောင်ကျော် မောင်းနှင်လာသော နစ်ဆန်း ၁၀ ဘီး အဖြူရောင်ယာဉ်နှင့် ယာဉ်မောင်း ဦးမရ က မောင်းနှင်လာသော နစ်ဆန်း ၁၀ ဘီး အပြာရောင်ယာဉ်များအား စစ်ဆေးရှာဖွေရာမှ ရေခဲရိုက်ထားသော အမဲသား ၂၈၀ အိတ်၊ အလေးချိန် ၄၃၂၀ ပိဿာခန့်နှင့် ကာလတန်ဖိုး ငွေကျပ် သိန်း ၂၀၀
ကျော်ဖိုး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် ရေခဲရိုက်အမဲသားများအား အေးသာယာရဲတပ်ဖွဲ့မှ တောင်ကြီးမြို့နယ် စည်ပင်ဦးစီး အရာရှိ ဦးမျိုးနိုင်ဦးထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရပြီး၊ ရှမ်းပြည်နယ်အတွင်း ၂၀၁၃ ခုနှစ် အစမှ ယနေ့အထိ ဖမ်းဆီးရမိသော ရေခဲရိုက် အေးခဲအမဲသားများ စုစုပေါင်း ကျပ်သိန်း ၂၀၀၀ ကျော် သွားပြီဖြစ်ကြောင်း တောင်ကြီးမြို့ စည်ပင်သာယာရေးဦးစီးရုံးမှ သိရသည်။

No comments: