အရှေ့ရိုးမဂျာနယ် အယ်ဒီတာနှင့် သတင်းထောက်များ အပြောင်းအလဲဖြစ်

ဖိုးဇေ (တောင်ကြီး) | မတ်(ခ်ျ)လ ၂၀၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ အခြေစိုက် အရှေ့ရိုးမဂျာနယ်ဟာ ယခုအခါ တောင်ကြီးမြို့သတင်းများ ပါဝင်နေမှုကြောင့် တောင်ကြီးမြို့အပါအ၀င် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် နာမည်ရလာပြီး ပြည်သူကြား ရေပန်းစားနေသော ဂျာနယ်တစ်စောင်အဖြစ် ရပ်တည် နေလျှက်ရှိပါတယ်။


ယခုအပတ်ထုတ် အရှေ့ရိုးမဂျာနယ် ၂၀၁၃ ခုနှစ် ၊ မတ်လ ၂၀ ရက်နေ့ထုတ် အတွဲ (၁) အမှတ် (၁၉) နောက်ဆုံးစာမျက်နှာမှာ "အရှေ့ရိုးမဂျာနယ်နှင့် လုံးဝမသက်ဆိုင်ပါ" ဟူသော ခေါင်းစဉ်ဖြင့် “အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာအဖွဲ့ဝင်များ၊ ရုံးအဖွဲ့ဝင်များစာရင်းတွင် လုံးဝမပါဝင်သောသူများမှ အရှေ့ရိုးမဂျာနယ်အမည် အလွဲသုံးစား မပြုလုပ်ကြရန်၊ ပြုလုပ်နေသူများရှိပါက အရှေ့ရိုးမဂျာနယ်နှင့် မည်သို့မျှ မသက်ဆိုင်ပါကြောင်း” ဆိုပြီး ပါဝင်ဖေါ်ပြထားပါတယ်။

ထို့အပြင် ဂျာနယ်ရဲ့ အယ်ဒီတာနေရာမှာ ယခင်က အမှုဆောင်အယ်ဒီတာ မိုးသိမ်း၊ အယ်ဒီတာ ဆက်နိုင် ဆိုပြီး ပါရှိရာကနေ ယခုအခါ အယ်ဒီတာ အေးသီရိဟန်၊ ရှင်မင်း၊ ဘာသာပြန်အယ်ဒီတာ ဇာဏီထွဏ်း ဆိုပြီး အပြောင်းအလဲတွေ တွေ့မြင်ရသလို၊ သတင်းထောက်များအဖြစ် မာယာထွေးလှိုင်၊ စိုင်းညီ၊ မမ (လားရှိုး)၊ TLM ၊ ဂျွန်ချစ်ငြိမ်း (တောင်ကြီး)၊ ခွန်ရာဇာ တို့သာ ပါဝင်လာတာကို တွေ့မြင်ရပြီး ကျန်သတင်းထောက်များအမည်တွေ ဖေါ်ပြထားတာ မရှိတော့ပေ။

ဤကဲ့သို့ အရှေ့ရိုးမဂျာနယ်၏ အယ်ဒီတာနှင့် သတင်းထောက်များ အပြောင်းအလဲ အသေးစိတ်ကို သိရှိရခြင်းမရှိသော်လည်း အဆိုပါအပြောင်းအလဲကို တောင်ကြီးမြို့ခံ လူထုမှ အထူးစိတ်စားလျှက်ရှိနေကြောင်း သိရှိရပါတယ်။


No comments: