ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်
တောင်ကြီးမြို့နယ် နောင်လေကျေးရွာအုပ်စုနှင့် ပန်းတင်ကျေးရွာအုပ်စု (၂) စုကြား နယ်နိမိတ်အငြင်း ပွားမှု ပဋိပက္ခဖြစ်နေခြင်းကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်သို့ အကြိမ်ကြိမ် တိုင်ကြားထားပြီး၊ ယခု ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းမှ ပြည်သူ့လွှတ်တော် မေးခွန်းဖြေကြားရန် ညွန်ကြားချက်အရ ပြန်ကြားခြင်း ရည်ညွှန်းစာဖြင့် အကြောင်းကြားစာ ထွက်လာသော်လည်း အောက်တိုဘာ ၁၀ ရက်အထိ ပြဿနာဖြေရှင်းပေးခြင်း မရှိကြောင်း သိရသည်။
၅၁၀ စစ်တပ်သိမ်းထားသောမြေယာ မှန်ကန်မှုရှိမရှိ အုပ်ချုပ်ရေးမှူး စစ်ဆေး
ခွန်ရာဇာ (တောင်ကြီး) | အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်
တောင်ကြီးမြို့နယ်ဘုရားဖြူရပ် နယ်မြေ (၄) လွယ်ခမ်းပါမိုးနဲရွာတွင် ၅၁၀ စစ်တပ်သိမ်းယူထားသော မြေယာဧက ၇၂၀ ကို လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဌ ဦးတင်ထွဋ်အမိန့်စာအရ သိမ်းဆည်းထားခြင်းဟုတ် မဟုတ် တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက အောက်တိုဘာ ၈ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အသိမ်းဆည်းခံရ ဘိုးဘွားပိုင်မြေကို မြို့နယ်အုပ်ချုပ်ရေးမှူး ကွင်းဆင်းစစ်ဆေး
ခွန်ရာဇာ (တောင်ကြီး)
| အောက်တိုဘာ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၇) အတွင်းရှိ ရေအေးကွင်းတိုးချဲ့နယ်မြေ ကုန်းမြင့်သာယာရပ်ဟု ရည်ညွှန်းဖော်ပြ၍ (၁၉၉၈) ခုနှစ် ရှမ်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ မြေမိန့်ပေးကာ နိုင်ငံတော်အကျိုး (သို့မဟုတ်) အများပြည်သူများ အကျိုးအတွက် သိမ်းဆည်းခြင်းမဟုတ်ပဲ ပုဂ္ဂလိက ပြည်နယ်အဆင့်/ခရိုင်ဝန်ထမ်းအချို့နှင့် ပြန်တမ်းဝင် တပ်မတော်အရာရှိ တစ်ချို့အား မြေပေးမိန့်ချမှတ်ပေးခဲ့သည့် မြေယာသိမ်းဆည်းခြင်းကို အဆင့်ဆင့် အသနားခံစာ တင်ပြီးမှ အောက်တိုဘာ ၈ ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့သူက ဒေသခံတွေပါ
ဆောင်းပါး | ခွန်သန်းအောင် (TGI) | အောက်တိုဘာ ၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်
သဘာဝရေ၊ လေ၊ တောတောင်ဖြင့် အေးမြကြည်လင်ခြင်းများစွာနဲ့လူသားတို့ လန်းဆန်းမှုကို အမြဲတမ်းလိုလို ဖန်ဆင်းပေးနေတဲ့ မကုန်မခမ်းနိုင် ရာသီဥတုမွန် သဘာဝသယံဇာတကို ထိန်းသိမ်းသွားမလား၊ ဒါမှမဟုတ် လူတစ်စုအကျိုး အလိုအတွက် တည်မြဲတဲ့သဘာဝသယံဇာတ၊ ဖန်တီးရယူ၍ မရတဲ့သဘာဝသယံဇာတကို စွန့်လွတ်ဖျက်ဆီးတော့မှာလား။ နယ်ခြားပြည်ခြားမှာနေသော ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကြွယ်ဝဖို့အရေး ဘိုးဘွားဘီဘင်မွေးသက် ခေတ်အဆက်ဆက်မှ ထိန်းသိမ်းနေထိုင်လာတဲ့ ကျွန်ုပ်တို့ဒေသ သဘာဝပတ်ဝန်းကျင်ကို ပေးဆပ်ရမှာလား။ ပုဂ္ဂိုလ်တစ်ဦးဦးက ချမ်းသာသွားပြီး လူအများ ဆင်းရဲဒုက္ခရောက်သွားမှာကို မငဲ့ညာတော့ဘူးလား။ လိုတာရပြီး မြို့ကြီးမှာ ပြန်ဇိမ်ခံတဲ့အချိန်မှာ ပတ်ဝန်းကျင်အပျက်အစီးနဲ့ကျန်နေခဲ့မှာက ကျွန်ုပ်တို့ ဒေသခံတွေပါ။

တောင်ကြီးမြို့တွင် မြေယာဥပဒေဆွေးနွေးပွဲနှင့် လယ်သမားများနှီးနှောဖလှယ်ပွဲ ကျင်းပ
ခိုလမ်မြို့တွင် တန်ဖိုးနည်းဖုန်းချပေးရာ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဆို
ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၇၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
အစိုးရမှ တန်ဖိုးနည်းဖုန်းကို မြို့နယ်အလိုက် မဲနိုက်စနစ်ဖြင့် ချပေးရာတွင် နမ်ဆန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ခိုလမ်မြို့တွင် စက်တင်ဘာ ၂၅ ရက်က ဆက်သွယ်ရေးရုံးမှ ချပေးသော ဖုန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူအပေါ်ပွင့်လင်းမြင်သာမှုမရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲအတွင်း RCSS/SSA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ အပြစ်မဲ့ပြည်သူများ ဒဏ်ရာရ
ခွန်ခမ်းမြတ် | စက်တင်ဘာလ (၂၄) ရက် ၊ ၂၀၁၃ ခုနှစ်
တောင်ကြီး။ ။ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ဟဲနန်းကျေးရွာအုပ်စု၊ ကျူပေါ်ကျေးရွာ၏ အနောက်ဘက် ၃ ဖာလုံခန့်အကွာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၊ မွန်းလွဲ ၂း၃၀ နာရီ အချိန်ခန့်၌ RCSS/SSASအဖွဲ့မှ ရွက်ဖ ဦးစီးသည့် (အင်အား (၃၀) ဦးခန့်) အဖွဲ့မှ ထောင်ထားသည့် တိုက်မိုင်းဟု ယူဆရသော မိုင်း (ဗုံး) တစ်လုံး ပေါက်ကွဲသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နားဘောင်စိုက်ကွင်း PNO အဖွဲ့အစည်းမှ သိမ်းယူထားသောမြေတစ်ချို့ ပြန်ပေး
ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၄ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
တောင်ကြီး-ကျောက်တလုံးလမ်းမဘေး နားဘောင်ဒေသတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO )မှ ဖွံ့ဖြိုးရေးစိုက်ကွင်းအဖြစ် သိမ်းယူထားသောမြေယာကို မြေသိမ်းခံရသည့်မြေယာပိုင်ရှင် လယ်သမားလေးဦးအတွက် ပေ ၈၀ x ၆၀ မြေကွက်နှစ်ကွက်စီကို အသွင်းပြောင်းပြည်သူ့စစ် (PNA) ကွပ်ကဲရေးမှူး ဒုတိယဗိုလ်မှူးကြီးခွန်လာမှ စက်တင်ဘာလ ၁၇ ရက်နေ့တွင် PNO ပအိုဝ်းအမျိုးသားရေးရုံးချုပ်၌ မြေကွက်စာချုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။

အချိန်တန်ပြီ ပအိုဝ်းတစ်မျိုးသားတို့ နှိုးထကြလော့
အမြင်ဆောင်းပါး | ခွန်ကျော်စွာ | စက်တင်ဘာ ၂၃၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်
ပုထုဇဉ်လူသားတိုင်းဖြစ်ကြတာမို့ အတိတ်ကာလကဖြစ်ပျက်ခဲ့သမျှ - အတ္တအကျိုး၊ လောကအကျိုး၊ မာန်မာဏအကျိုးများ ရှိခဲ့ကြသော်လည်း ယခုအချိန်မှာ - သင်ပုန်းချေသင့်ပါပြီ ကလာကာ - စီးခြားထားခဲ့ကြပါ တော့လို့ ဦးစွာအကြံပေးပါရစေခင်ဗျား။

တောင်ကြီးမြို့တရားရုံးမှ ထူးဆန်းသောအမှုကြီး (အပိုင်း-၃)
သြဂုတ်လ ၂၀၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
သက်ရှိထင်ရှားရှိနေသော ယောက္ခမပိုင်အိမ်ကို တရားရုံးမှတဆင့် ရအောင်ယူနည်း။
တောင်ကြီးမြို့။ ခရိုင်တရားရုံး။ တရားမကြီးမှုအမှတ် (၃၄/၂၀၁၁) အမှုမှာ သက်ရှိထင်ရှားရှိနေသော ယောက္ခထီး ဦးမြမောင် (၈၃-နှစ်) တရားဝင်ပိုင်ဆိုင်သော အမှတ် (၁၃၁)၊ စ၀်စံထွန်းလမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့ အိမ်ကို၊ တစ်အိမ်တည်းနေ ချွေးမဖြစ်သူ ဒေါ်ခင်လေး (ပတ္တမြားဆေးရုံပိုင်ရှင်) က "အိမ်မြေ လက်ရောက်ရလိုမှုနှင့် အမြဲတမ်းတားဝရမ်း ထုတ်ပေးစေလိုမှု" ခေါင်းစဉ်နဲ့ တရားမကြောင်း စွဲဆိုတဲ့ အမှုပါ။ အိမ်က ဦးမြမောင် ပိုင်တဲ့အိမ်ပါ။ ဂရန်မှာလဲ ဦးမြမောင်ရဲ့ဇနီး ဒေါ်ညွန့်ရီ နာမည်နဲ့။ ဦးမြမောင် ဒေါ်ညွန့်ရီတို့ လင်မယား ဒီမြေကွက် ၀ယ်စဉ် အိမ်ဆောက်စဉ်မှာ ဒေါ်ခင်လေးတောင် မမွေးသေးပါဘူး။ တောင်ကြီးမြို့တစ်မြို့လုံး သိကြပါတယ်။

ဖက်ဒရယ်စနစ်ကို ရှုမြင်သုံးသပ်ခြင်း
ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
တိုင်းရင်းသားနိုင်ငံရေး စိတ်ပါဝင်စားသူများခင်ဗျား ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နိုင်ငံ ကျင့်သုံးချင်တယ် လိုချင်တောင့်တကြတယ်။ ဒါပေမယ့် ဘယ်လိုစစ်မှန်တဲ့ ဖက်ဒရယ်ကို လိုချင်သလဲ။ ဖက်ဒရယ်ကို ဘယ်လိုသဘောရပါသလဲ။ ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုက ဒီလိုပါ။

ပအိုဝ်းခေါင်းဆောင်နဲ့ လူငယ်နိုင်ငံရေးသမားများ စဉ်းစားစေလို
အမြင်ဆောင်းပါး | ခွန်သန်းအောင် (TGI) | သြဂုတ်လ ၁၈ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
မတူသည့်ကြားကိုမှ တူအောင်ကြိုးစားကြဖို့လိုသလို၊ မခံချင်စိတ်ကို ရှေ့တန်းတင်ရင်တော့ ဘယ်အဆင့်အတန်းကလာတဲ့ နိုင်ငံရေးသမားတွေလဲဆိုတာ ရေးနေကြစာကို ဖတ်ရုံကြည်ရုံနဲ့ သိနိုင်သလို၊ တွေးခေါ်ကိုယ်ခံအားနည်းတဲ့လူက နိုင်ငံရေးစာကို ထရေးလာတော့ ကလေးကစား ကလေးစကားပြောသလို ဆဲဆိုနေကြတာ နိုင်ငံရေးစာကို ရေးသားရာမရောက်တော့ဘူး။

ပအိုဝ်း (PNA) ပြည်သူ့ စစ်မှ တောင်ကြီး-လွိုင်ကော် မော်တော်ယာဉ်လိုင်းသစ် ဖွင့်လှစ်
ခွန်မေးလို့ (တောင်ကြီး) | သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ပြည်သူ့စစ်-ဋ္ဌာနေမှ အရှေ့နေ၀န်းကုမ္ပဏီအမည်ဖြင့် တောင်ကြီး-ပင်လောင်း-ဖယ်ခုံ-လွိုင်ကော် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းသစ်ကို တောင်ကြီးမြို့ ၊ ကန်ကြီး (ဂနိုင်ရေး) ရက်ကွက် PNA ဋ္ဌာနချုပ်ရုံး၌ ယနေ့ နံနက် (၆း၃၀) နာရီခန့်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

IRI ဦးစီးပြီး တောင်ကြီးမြို့တွင် ထိရောက်သည့် မဲဆွယ်စည်းရုံးရေးသင်တန်း ပို့ချ
ခွန်မေးလို့ (တောင်ကြီး)၊ သြဂုတ်လ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်
International Republican Institute (IRI) မှ ဦးစီး၍ ပါတီစနစ်တကျ စုစည်းခြင်းနှင့် ထိရောက်အောင်မြင်သော မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ခြင်း ခေါင်းစဉ်ဖြင့် နိုင်ငံရေးသင်တန်းတရပ်ကို သြဂုတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ပြီး တောင်ကြီးမြို့ ချယ်ရီခွင်းတည်းခိုခန်းတွင် ပို့ချခဲ့ကြောင်း သိရသည်။ ယင်းသင်တန်းတွင် IRI ၏ ညှိနိုင်းရေးတာဝန်ခံ စတိဖ်စီမ (Steve Cima) မှ တာဝန်ယူပို့ချခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)