ခိုလမ်မြို့တွင် တန်ဖိုးနည်းဖုန်းချပေးရာ ပွင့်လင်းမြင်သာမှုမရှိဟု ဒေသခံများဆို

ခွန်ရာဇာ (တောင်ကြီး) | စက်တင်ဘာ ၂၇၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

အစိုးရမှ တန်ဖိုးနည်းဖုန်းကို မြို့နယ်အလိုက် မဲနိုက်စနစ်ဖြင့် ချပေးရာတွင် နမ်ဆန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ ခိုလမ်မြို့တွင် စက်တင်ဘာ ၂၅ ရက်က ဆက်သွယ်ရေးရုံးမှ ချပေးသော ဖုန်းများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူအပေါ်ပွင့်လင်းမြင်သာမှုမရှိကြောင်း သိရသည်။

တန်ဖိုးနည်းဖုန်း CDMA အလုံးနှစ်ရာနှင့် GSM အလုံးနှစ်ရာကို ဆက်သွယ်ရေးရုံးမှ မဲနိုက်စနစ်ဖြင့် ခွဲတန်းချပေးရာ၌ ဘယ်အချိန်တွင် ခွဲတန်းချပေမည်၊ ဘယ်နေရာတွင် ချပေးမည်၊ ဘယ်လောက်ခွဲတန်း ချပေးမည်၊ ဘယ်လိုလျှောက်ရမည် စသည့် အကြောင်းအရာ အသေးစိတ်အား ပြည်သူလူထုအပေါ် ကြိုတင် အသိပေးခြင်းမရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဒေသခံပြည်သူလူထုအများစုမှာ တိုင်းရင်းသားများဖြစ်ကြပြီး ရိုးရိုးသားသား နေလေ့ရှိသည့်အလေ့အထကြောင့် ဤကဲ့သို့သောကိစ္စများဖြစ်ပွားသည့်အခါ သက်ဆိုင်ရာသို့ တိုင်တန်းဖို့အတွက် စိုးရိမ်ကြောက်ရွံ့စိတ်လည်း ရှိနေကြပြီး တိုင်တန်းမှုများ မပြုလုပ်ကြသည်မက တခါတရံ တာဝန်ရှိအာဏာပိုင်းများသို့ တိုင်ကြားသော်လည်း ပြဿနာဖြေရှင်းခြင်းမရှိပဲ ပြီးစီးသွားကြောင်း အမည်မဖေါ်လိုသည့် အသက် ၃၅ နှစ်ရှိ ဒေသခံတစ်ဦး ဆိုသည်။

အမှန်မှာ ဒီမိုကရေစီနိုင်ငံတွင် ပွင့်လင်းမြင်သာမှု ရှိသင့်ကြောင်း၊ လင်းခေးမှ ပြောင်းရွှေ့လာရာတွင် တစ်လမျှသာရှိသေးကြောင်း၊ ယခုပြောင်းလာသောမြို့နယ် အုပ်ချုပ်ရေးမှူးသည် အာကာမျိုးထက် ဖြစ်ကြောင်း၊ ထိုအုပ်ချုပ်ရေးမှူး၏ လုပ်ဆောင်ချက်သည် ပွင့်လင်းမြင်သာမှု မရှိသည်သာမက ဒေသဖွံဖြိုးရေးလည်း လုပ်ဆောင်ခြင်းမရှိကြောင်း၊ ၎င်းကို ပွင့်လင်းမြင်သာမှုရှိလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူက လုပ်ဆောင်းပေးရန် လိုအပ်ကြောင်း ၎င်းက ဆက်ဆိုသည်။

No comments: