စည်းလုံးညီညွတ်ရေး အတွက် ပအိုဝ်းခေါင်းဆောင် အလွတ်သဘောဆွေးနွေး

ခွန်စိမ်းမောင်(တောင်ကြီး) ၊ ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

ပအိုဝ်းတိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ပအိုဝ်း ခေါင်းဆောင်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (P.N.L.O) တွဲဘက် အထွေထွေအတွင်းရေးမှူး(၁) ခွန်သောမတ်စ် က တောင်ကြီးတိုင်းမ်ကို ပြောသည်။

တောင်ကြီးမြို့တွင် ပထမဆုံးအကြိမ် စာပေဟောပြောပွဲနှင့်ရံပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2013 | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံစာရေးဆရာအသင်း (တောင်ကြီး) မှစုစည်းကျင်းပမည့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲ နှင့်ရံပုံငွေဈေး ရောင်းပွဲတော်ကြီးကို ဇန်န၀ါရီ ၂ ရက်နေ့တွင်မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် တောင်ကြီးတွင် EITI နှင့်ပတ်သက်ပြီးဆွေးနွေးပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ 24, 2014 | တောင်ကြီးတိုင်းမ်

ပြည်နယ်၊ တိုင်းအလိုက် EITI (Extractive Industry Transparency Initiative) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် CSO များ၏ အခန်း ကဏ္ဍမြင့်တက်လာစေရန်၊ CSO များကEITI ကိုသိရှိလာနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံသဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံပွဲကိုဒီဇင်ဘာ ၂၂ ရက် တောင်ကြီးမြို့ Classic ခန့်မတွင် ကျင်းပ ကြောင်းသိရသည်။

Sea Game ဖွင့်ပွဲ အတွေး

ဆောင်းပါး | ရဝေသျှင်-မြိုင်နန်းမြေ | ဒီဇင်ဘာ ၂၂၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ကြုံတောင့်ကြုံခဲ အမိမြေမှာ ပြုလုပ်ကျင်းပခွင့် ရလိုက်တဲ့ Sea Game ပွဲတော်ကို ကိုယ်တိုင်ပါဝင် ဆင်နွဲလိုပေမယ့် ဘ၀ အခြေနေကြောင့် မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ဖြစ်နိုင်တဲ့ အထဲက Sea game ဖွင့်ပွဲကိုတော့ ကြည့်ဖြစ်အောင် ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဖွင့်ပွဲကို ကြည့်မယ်လို့ အားခဲထားပေမယ့် မှန်တာပြောရရင်တော့ သိပ်အထင် မကြီးလှပါဘူး။ ခမ်းခမ်းနားနား ရှိလိမ့်မယ်လို့လည်း မျော်လင့်မထားပါဘူး။ ခမ်းနားခဲ့ရင်တောင် ကြီးကျယ်အံ့သြဖွယ်ရာတော့ ရှိလိမ့်မယ် မဟုတ်ဘူးလို့ပဲ ယူဆထားမိပါတယ်။

ပအိုဝ်းအရေး တောင်ပေါ်-မြေပြန့်က ပအိုဝ်းလူငယ်များ တွေ့ဆုံဆွေးနွေး

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၂၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်အဖွဲအစည်းအသီးသီးမှ အချင်းချင်းပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် တောင်ပေါ် မြေပြန့် စည်းလုံးညီညွှတ်မှု ရှိစေရန်ရည်ရွယ်၍ လူငယ်တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီဇင်ဘာ ၁၇ ရက် ဂနိုင်ရေးရပ်ကွက်ရှိ တပေါင်းကွင်း ပအိုဝ်းဘက်စုံဖွံ့ဖြိုးရေးကွင်းရှိ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဆုံးအကြိမ် ဒီမိုကရေစီစကားဝိုင်းတောင်ကြီးတွင် ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၂၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဒါနရှေ့ဆောင်အဖွဲ့၊ PNO ပါတီနှင့် ကျားဖြူပါတီတို့ပူးပေါင်းကာ ပထမဆုံးအကြိမ် ဒီမိုကရေစီ စကားဝိုင်းဆွေးနွေးပွဲကို တောင်ကြီးမြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင်ဒီဇင်ဘာ ၁၉ရက်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

လေးကြိမ်မြောက် ကျောင်းသားလူငယ် Youth Exchange တောင်ကြီးတွင် ပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၆၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက် (Students and Youth Congress of Burma-SYCB) မှ ဦဆောင်ပြီး နယ်စပ်တွင်ရှိသော တိုင်းရင်းသားလူငယ်များနှင့် မြို့တွင်းတွင် ရှိကျောင်းသားလူငယ်များက ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို မည်ကဲ့သို့ အတူတကွ လက်တွဲပြီး တည်ဆောက်ကြမည်ကို အမြင်သဘောထားများ နှီးနောဖလှယ် တိုင်ပင်ရန် ဒီဇင်ဘာ ၁၄ ရက်နေ့ တောင်ကြီးမြို့ Classis ခန်းမတွင် ၄ ကြိမ်မြောက် လူငယ်နှီးနှောဖလှယ်ပွဲ Youth Exchange တရပ် ကျင်းပခဲ့ကြောင်း သိရသည်။

အမျိုးသားအကျိုးစီးပွားချိန်ခွင်အပေါ် တင်ကြည့်ခြင်း

ခိုင်လင်း (မေဃ၀တီ) | ဒီဇင်္ဘာ (၁၁) ၂၀၁၃ | တောင်ကြီးတိုင်းမ်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာပါဝင်တဲ့ နိုင်ငံသားသတ်မှတ်ချက်အား ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ၂၀၁၃ သြဂုတ် (၂၃) ရက်မှာ ဒေါက်တာအေးမောင်က အမျိုးသားလွှတ်တော်မှာ တင်သွင်းတာကို အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်ခဲ့တယ်။

A BURMESE PERSECTIVE: Uncle Sam, the Cold War is over

Kanbawza Win | December 10, 2013

Isn’t it ridiculous to remind that the Cold War is over when the Berlin Wall has fallen since 1989 and the USSR (Union of Soviet Socialist Republics) has ceased to exist on Christmas day of 1991?

ပအိုဝ်း PNLO ကိုယ်စားလှယ်များနှင့် အစိုးရဝန်ကြီးငါးဦး နေပြည်တော်တွင် တွေ့ဆုံ

ခွန်ရာဇာ (တောင်ကြီး) | ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ( PNLO) ဥက္ကဌနှင့် အဖွဲ့သည် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ် ဆွေးနွေးပွဲမှ သဘောတူထားသောအချက်များကို အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် ဝန်ကြီးငါးဦးနှင့် နေပြည်တော် သမ္မတရုံးဝန်းကြီးဌာနရုံးတွင် ဒီဇင်ဘာ ၅ ရက်နှင့် ၆ ရက်တွင် တွေ့ဆုံခဲ့ကြောင်း PNLO ဗဟိုကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းတင်က ပြောပြချက်အရ သိရသည်။

တန်ဖိုးနည်းဖုန်းကိုမဲစနစ်ဖြင့်လုပ်ပေးရန်ပြည်သူတောင်းဆို

ခွန်နဂါးဗွာ | ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုတွင် မြန်မာ့ဆက်သွယ်ရေးမှ ချပေးသော တန်ဖိုးနည်းဖုန်းကို ပွင့်လင်း မြင်သာမှုရှိအောင် ကျေးရွာအုပ်ချုပ်ရေးမှူးဥက္ကဌ ဦးစိုး (ဖြားဒုံစိုး) က ပြည်သူများကို မဲစနစ်ဖြင့် ပြုလုပ်ပေးခြင်း မရှိဘဲ၊ သူ့ဆန္ဒအတိုင်း သူပေးလိုသောသူကိုသာ ပေးနေကြောင်း အမည်မဖေါ်လိုတဲ့ နောင်ကျောကျေးရွာအုပ်စုနေ ရွာသားတစ်ဦးက ပြောသည်။

ဒါန-ရှေ့ ဆောင်မြန်မာ (COM) မှ နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ခွန်မေးလို့ (တောင်ကြီး) | ဒီဇင်ဘာ (၉) ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ဒါန ရှေ့ ဆောင် မြန်မာ (Charity-Oriented Myanmar) မှ ကြီးမှူးပြီး နိုင်ငံရေးပါတီများ စွမ်းရည်မြှင့် သင်တန်းတရပ်ကို ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) - ဗဟို အစည်းအဝေးခန်းမဆောင်တွင် ယခုလ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ 

ပအိုဝ်းတွေ ဘယ်ရောက်နေကြပါသလဲ? ဘာတွေ လုပ်နေပါသလဲ?

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ် | အမြင်ဆောင်းပါး | တောင်ကြီးတိုင်းမ်

၂၀၁၃- နိုဝင်ဘာလ ၁၂ မှ ၁၅ ရက်ထိ ချင်းပြည်နယ် ဟားခါး မြို့တော်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီး ခဲ့သော “ ချင်းအမျိုးသား ညီလာခံ“ သည် ချီးကျူးဂုဏ်ပြုဖွယ်ရာပင်ဖြစ်ပေသည်။ ယနေ့မြန်မာပြည်၏ “နိုင်ငံရေးယဉ်ကျေးမှု” ဖြစ်စဉ်အသစ်နှင့်လည်း သင့်မြတ်လျှော်ညီလှပေသည်။ ဒိန်းမတ်အစိုးရ ဘဏ္ဍာရေးအကူအညီရယူပြီး လူအင်အား (၅၀၀) ကျော် ပါဝင်တက်ေ၇ာက်သည့် “ချင်းအမျိုးသားညီလာခံကြီးသည်”။ ချင်းမျိုးနွယ်စုပေါင်း (၅၃) မျိုးနွယ်စုခွဲရှိသည်ဟု ဆိုလာခဲ့သော “ချင်းအမျိုးသား” တို့အကြား ဘုံအမျိုးသားရပ်တည်ချက်ကို ဖေါ်ပြနိုင်ခဲ့သော ညီလာခံကြီးလည်း ဖြစ်သည်ဟု ဆိုနိုင်ပေသည်။