မောက်စံရွာရှိ NLD ရုံးတွင် PNO ပြည်သူ့စစ်များ ၀ိုင်းရံ

ခွန်နဂါးဗွာ (တောင်ကြီး) | မေလ ၁၆ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့ မောက်စံရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးအဖွဲ့မှ အကြောက်တရားမရှိအောင် အားပေးဟောပြောပြီးရာမှ မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အင်အား ၃၀ ခန့်ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) ပြည်သူ့စစ်များက မောင်စံရွာရှိ NLD ပါတီရုံးကို ၀ိုင်းရံထားလိုက်ကြောင်း သိရသည်။


၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် PNO ဦးဆောင်ကျင်းပသည့် ကျောက်တလုံးဘုရားပွဲကို
လုံခြုံရေးတာဝန်ယူနေသည့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ

မေလ ၁၄ ရက်နေ့တွင် ရွာသားများသိမ်းခံထားရသော မြေယာများကို ရွာသား ၅ ဦး ၀င်ရောက်လုပ်ကိုင် ရန်သွားရာတွင် ပြည်သူ့စစ်က ကြိုစောင့်ပြီး ၀င်ရောက်လုပ်ကိုင်လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သည့်အတွက် ရွာသားများ ပြန်သွားပြီး၊ နေ့ခင်း ၁ နာရီခွဲအချိန်တွင် ဦးဆောင်သူ NLD ပါတီအဖွဲ့ဝင် မောက်စံရွာနေ ဦးတဟန်ကို စစ်သား ၄ ယောက်က လက်နက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ညနေ ၄ နာရီခွဲ တွင်မောက်စံရွာနေ ဦးတကျော် ကိုလည်း ဗိုလ်လေးဗွိုနှင့် ဗိုလ်လေး အောင်ဆန်းတို့က ထပ်မံဖမ်းဆီးခဲ့ကြောင်း မောက်စံရွာနေ ဦးဆားက ပြောသည်။

၁၅ ရက်နေ့တွင် တောင်ကြီးမြို့ NLD ပါတီရုံးအဖွဲ့ဝင် ဦးထွန်းစိန်နှင့် ကိုမောင်မောင်က အကြောက်တရား လျှော့နည်းအောင် ဆင်းပြီးအားပေးစကားပြောပေးခဲ့ပြီး၊ ၎င်းအပြန်တွင် ဆတ်သေရွာသားသုံးဦး NLD ပါတီအဖွဲ့ဝင် မြေယာသိမ်းခံရသူ တယဲင်၊ ဦးကုလားနှင့် တမောင်ကို သရက်လေးပင် (ကောင်ထိုရွာ) တွင် ဗိုလ်လေးသိန်းဇော်နှင့်အဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ညနေ ၅ နာရီအချိန်တွင် မောက်စံရွာမှ NLD ပါတီရုံးကို ပြည်သူ့စစ်က ၀ိုင်းရံထားလိုက်ပြီး၊ NLD ပါတီရုံးအဖွဲ့ဝင်နှင့် ရုံးဥက္ကဌ ဦးထွက်မောင်အပါအ၀င် လေးယောက် ရုံးပေါ်မှ ဆင်းလို့မရကြောင်း၊ ဆင်းလျှင် ဖမ်းမည်ဖြစ်ကြောင်း မောက်စံရွာဒေသခံ NLD ပါတီအဖွဲ့ဝင် ဦးအောင်သာက ပြောသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO ပြည်သူ့စစ်
စစ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခန်းအနား ၂၀၁၁

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO ပြည်သူ့စစ်
စစ်လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခန်းအနား ၂၀၁၁

No comments: