ရခိုင်အရေးအခင်းမှသည် ဗမာပြည်အရေးအခင်းနိဒါန်း

ခိုင်လင်း (မေဃ၀တီ) | မေလ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ရိုဟင်ဂျာနာမည်ကို ဆုပ်ကိုင်ပြီး မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေဖြစ်တယ် ဆိုတဲ့အပေါ်မှာ ရပ်နေခြင်းဟာ ပြဿနာရဲ့ အဖြေမဟုတ်ဘူး။ ပြဿနာရဲ့ ”ရင်းမြစ်” ဖြစ်တယ်ဆိုတာ ထောက်ပြခဲ့ဖူးတယ်။ ရိုဟင်ဂျာနာမည်ကို စွန့်လွှတ်ပြီး ဘင်္ဂလီအဖြစ် ရပ်တည်ကာ နိုင်ငံသားဖြစ်ရေး၊ ထိုမှတဆင့် နိုင်ငံသားတယောက်ရဲ့ လွတ်လပ်ခွင့်တွေအပေါ်မှာ
ရပ်နေကြမယ်ဆိုရင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားစရာ မရှိဘူးလို့မြင်တယ်။

တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ ရပ်တည်ချက်ကို အခြားပြည်နယ်တွေ၊ တိုင်းတွေမှာ ရှိတဲ့ မွတ်ဆလင်တွေက ပြတ်သားစွာဆန့်ကျင်ခြင်း မပြုခြင်းဟာလည်း ထောက်ခံသလို၊ အားပေးသလို ဖြစ်စေခဲ့တဲ့အပြင် ရန်ကုန်၊ မန္တလေး စတဲ့ နေရာဒေသက ပညာတတ်မွတ်ဆလင်အချို့နဲ့ ငွေကြေးချမ်းသာတဲ့ မွတ်ဆလင်အချို့ဟာ မထင်မရှားနဲ့ တမျိုး ထင်ထင် ရှားရှားတဖုံ ရပ်တည်နေတဲ့ အထောက်အထားတွေရှိတယ်။ ဆိုတော့ ဒီအခင်းအကျင်းတွေဟာ ပြဿနာတွေ ဆက်လက် ဖြစ်ပေါ်အောင်၊ မီးတောက်တွေ ဆက်လက်တောက်လောင်အောင် လုပ်သလိုဖြစ်စေခဲ့တယ်။

”နိုင်ငံမဲ့၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ဘာသာရေးပဋိပက္ခ“ စတဲ့ စကားလုံးတွေနဲ့ နိုင်ငံတကာအား အထူးသဖြင့် မွတ်ဆလင်ကမ္ဘာရဲ့အင်အားကိုယူပြီး ရိုဟင်ဂျာသမိုင်းလိမ်၊ သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေးလုပ်ဆောင်မှုတွေဟာ ပဋိပက္ခဖြေရှင်းရေးမူ မဟုတ်ဘဲ ပဋိပက္ခကို ပိုမိုတောက်လောက်အောင်၊ ပိုမိုဖြစ်ပွားအောင် လုပ်ဆောင်သလိုဖြစ်စေခဲ့ပါတယ်။ ဒီသမိုင်းလိမ်၊ သမိုင်းတုတွေကြောင့်ဘဲ မိတ္ထိလာ၊ ဥက္ကံ ပဋိပက္ခတွေထိ ပြန့်ပွားခဲ့တယ်။ ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်စေချင်တယ်ဆိုရင် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ သမိုင်းလိမ်၊ သမိုင်းတုတွေကို စွန့်လွှတ်ခြင်းနဲ့အတူ မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေးမူကိုပါ ခ၀ါချသင့်တယ်။

မြန်မာနိုင်ငံတိုင်းရင်းသားအုပ်စုတွေထဲမှာ ရိုဟင်ဂျာမရှိဘူးလို့ နိုင်ငံတော်က အတိအလင်း ပြောထားခြင်းဟာ သမိုင်းအစစ်အမှန်တွေကို အခြေခံပြီး ပြောနေခြင်းဖြစ်တယ်။ မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံကလည်းရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံတိုင်းရင်းသားမဟုတ်ဘူး ခေတ်အဆက်ဆက်က ခိုးဝင် အခြေချလာတဲ့ သူတွေအဖြစ် ကွဲကွဲပြားပြားသိထားတယ်။

ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေကလည်း မဟုတ်ဘူးလို့ ငြင်းပယ်ရင်း ရခိုင်၊ မွန်၊ ဗမာတွေထက်စောပြီး ယခုလက်ရှိ မြန်မာနိုင်ငံ ဧရိယာထဲမှာ သူတို့နေခဲ့ကြောင်း၊ ပျူကျောက်စာ၊ ရခိုင်ကျောက်စာ၊ မွန်ကျောက်စာ၊ ပုဂံကျောက်စာတွေဟာ ကုလားဘာသာနဲ့ရေးထိုးထားခြင်းကို သက်သေထူပြီး အထောက်အထားမဲ့ အိပ်ရာဝင်ပုံပြင်တွေကို သမိုင်းမှန်လို့ပြောရင်း၊ ရေးရင်း မြန်မာနိုင်ငံရဲ့ သမိုင်းမှန်တွေကို ပျက်ရယ်ပြု လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေဆဲဖြစ်တယ်။

ဒီလုပ်ဆောင်ချက်တွေကို အခြားမွတ်ဆလင်ဘာသာဝင်တွေက ကန့်ကွက်ခြင်းမပြုဘဲ နောက်ကွယ်က ရပ်ပေးခဲ့ကြသလို ပေါ်ပေါ်ထင်ထင် ရပ်တည်ခဲ့ကြတာတွေရှိတယ်။ တဖက်မှာလည်း ရိုဟင်ဂျာအမည်ခံဘင်္ဂလီခေါင်းဆောင်တွေရဲ့ မဟာဗျူဟာအဖြစ် အောင်မြင်အောင်လုပ်ဆောင်ချင်တဲ့ “ဘာသာရေးပဋိပက္ခ“ ကို ပုံဖော်ချင်ကြတယ်။

ဆိုတော့ ဒီအခင်းအကျင်းတွေဟာ မိတ္ထိလာ ၊ ဥက္ကံ စတဲ့ဒေသတွေကို ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားအောင် လက်ဆက်ကမ်းသလိုဖြစ်စေခဲ့တယ်။ မိတ္ထိလာ အရေးအခင်းမဖြစ်ခင်ကပင် ကျနော့်ဆောင်းပါးတွေမှာ သမိုင်းလိမ်၊ သမိုင်းတုတွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားအဖြစ် ပုံဖော်နေခြင်းဟာ မြန်မာနိုင်ငံတိုင်းရင်း သားပေါင်းစုံရဲ့ အမျက်ဒေါသကို ဆွပေးသလိုဖြစ်စေမယ်လို့ ထောက်ပြခဲ့ဖူးတယ်။ တဖက်မှာလည်း ဘာသာရေးပဋိပက္ခမဖြစ် ဖြစ်အောင် အစွန်းရောက် ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ လုပ်ဆောင်လိမ့်မယ်လို့ ပြောခဲ့တယ်။

ရိုဟင်ဂျာသမိုင်းလိမ်၊ သမိုင်းတုတွေကို ထပ်ပြီးရှေ့ဆက်တိုးနေရင် ပြဿနာတွေ၊ ပဋိပက္ခတွေ ဆက်ဖြစ်နေအုံးမယ်လို့ မြင်တယ်။ သူတို့ရဲ့ သမိုင်းလိမ်တွေနဲ့ မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရေး ရပ်တည်ချက်ဟာ မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ ဒေါသကို ဆွပေးနေသလို ဖြစ်လို့ပါဘဲ။ မကြာခင်က စစ်တွေမြို့နယ် သက်ကေပြင်ကျေးရွာအဖြစ်အပျက်ဟာ ရိုဟင်ဂျာနာမည်ကို မစွန့်လွှတ်ခြင်းနဲ့ ရိုဟင်ဂျာသမိုင်းလိမ်၊ သမိုင်းတုကို ဆုပ်ကိုင်ထားခြင်းရဲ့ သာဓကဖြစ်တယ်။ ၀န်ထမ်းတွေတောင် ဒဏ်ရာအနာတရနဲ့ နောက်ဆုပ်ခဲ့ရသလို အချုပ်အခြာ အာဏာကိုလည်း ထိပါးခြင်းရဲ့ သင်္ကေတဖြစ်ပြန်တယ်။

ဒါကြောင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုပါတယ်ဆိုတဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါင်းဆောင်တွေနဲ့ နောက်ကွယ်က ရပ်ပေးနေတဲ့ အနယ်နယ်အရပ်ရပ်က မွတ်ဆလင်ဘာသာဝင်တွေရဲ့ “အပြော“ နဲ့ “ အလုပ်” ဟာ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။

တကယ်တမ်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ချင်တဲ့ ဆန္ဒအစစ်အမှန်ရှိခဲ့ရင် သမိုင်းမှန်မှာ မရှိတဲ့ ရိုဟင်ဂျာလူမျိုးဆိုတာကို စွန့်လွှတ်ရမှာဖြစ်သလို လုပ်ကြံထားတဲ့ အိပ်ရာဝင်ပုံပြင် သမိုင်းလိမ်တွေကိုလည်း မြေမြှုပ်ပစ်ရမှာ ဖြစ်တယ်။ တဆက်တည်း နိုင်ငံသားဖြစ်ရေး၊ နိုင်ငံသားတယောက်ရဲ့ လွတ်လပ်စွာသွားလာခွင့်၊ ပြောင်းရွေ့ခွင့်၊ ကိုးကွယ်ခွင့်စတဲ့ အခွင့်အရေးတွေအပေါ်မှာ ရပ်တည်ပြီး လုပ်ဆောင်သင့်တယ်။

ဒီလို နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေးကို လုပ်ဆောင်လာမယ်ဆိုရင် မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံရဲ့ စာနာမှုကို ရရှိနိုင်မယ်။ နိုင်ငံသား၊ နိုင်ငံသားအခွင့်အရေးကို ကျော်လွန်ပြီး တိုင်းရင်းသားဖြစ်ရေး ရပ်တည်ချက်ကို မသွားခြင်းဟာ ပြဿနာရဲ့အဖြေဖြစ်တယ်။ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့မူနဲ့ မြန်မာနိုင်ငံတော်ရဲ့သမိုင်းမှန်တွေကို စော်ကားပြီး ဆက်လက် လိမ်ညာဝါဒဖြန့်နေခြင်းတွေကို မရပ်တန့် သေးသ၍ ပြဿနာတွေ၊ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပေါ်နေအုံးမှာ သေချာတယ်။

အထူးသဖြင့် ကင်တားနားနဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ဟာ ပြဿနာတွေ၊ ပဋိပက္ခတွေ ဆက်လက်မဖြစ်အောင် လုပ်ဆောင်မယ့်အစား ပြဿနာတွေ၊ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားအောင် လှုံ့ဆော်သလို ဖြစ်စေတဲ့ ထုတ်ပြန်ကြေညာချက်တွေကို မထုတ် ပြန်ဖို့လိုအပ်တယ်။

ကုလသမဂ္ဂလိုအဖွဲ့က ကင်တားနားရဲ့ထုတ်ပြန်ချက် သုံးသပ်ချက်တွေ၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် သုံးသပ်ချက်တွေဟာ ဘင်္ဂလီနဲ့ဘင်္ဂလီလော်ဘီတွေရဲ့ သတင်းအမှားတွေကို အခြေခံပြီး လုပ်ဆောင်ခြင်းဖြစ်သလို ဘင်္ဂလီဘက် တဘက်တည်းကိုသာ အခြေခံတဲ့ ထုတ်ပြန်ချက် သုံးသပ်ချက်တွေဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

OIC ၊ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နဲ့ ကင်တားနားတို့ဟာ လက်ရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံဧရိယာထဲက မွတ်ဆလင်ပြည်နယ် (သို့မဟုတ်) မွတ်ဆလင်နိုင်ငံတခု ပေါ်ပေါက်ရေးကို ဖော်ဆောင်နေသလားဆိုတာ သံသယဖြစ်စေပါတယ်။ လူ့အခွင့်အရေးအတွက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးခံတဲ့နိုင်ငံတော် ကမ္ဘာမှာ မပေါ်ပေါက်သေးဘူးဆိုတာ ပြောချင်တယ်။

ဆိုတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်လို့မြင်ရတဲ့အမြင်တွေအတိုင်း နိုင်ငံတော်က လိုက်လျောပေးရမယ်ဆိုပေမယ့် အဲဒီလိုက်လျောပေးခြင်းကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးမယ်ဆိုရင် ဘယ်နိုင်ငံတော်မှ လိုက်လျောပေးမှာ မဟုတ်ဘူးဆိုတာ လူ့အခွင့်အရေး လုပ်ဆောင်သူတွေ နားလည်ထားဖို့လိုပါတယ်။

လူ့အခွင့်အရေးချိန်ခွင်လျှာနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာချိန်ခွင်လျှာဆိုတာ ဘယ်ဘက်မှာ အလေးသာနေသလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီမိုကရေစီစနစ် ခိုင်မာစွာ တည်ဆောက်ထားတဲ့ နိုင်ငံတွေ တောင်မှ အချုပ်အခြာအာဏာကို ထိပါးရင် လူ့အခွင့်အရေးမျက်နှာကို မကြည့်တဲ့ အဖြစ်အပျက်တွေအများကြီးရှိပါတယ်။

လူ့အခွင့် အရေးအရေခြုံပြီး ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးကို ဇောင်းပေးလုပ်ဆောင်မှုတိုင်းရဲ့ သက်ရောက်မှုကတော့ မြန်မာတိုင်းရင်းရင်းသားပေါင်းစုံရဲ့ အမျက်ဒေါသသာ ဖြစ်တယ်ဆိုတာ ပြောချင်တယ်။

နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူကို ကိုင်စွဲပြီး ပြည်တွင်း ပြည်ပ ခေါင်းဆောင်ပိုင်းလုပ်သူတွေက ငွေကြေးထောက်ပံ့မှုတွေရပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ပေမယ့် ဘင်္ဂလီအုပ်စုတွေကတော့ မြေဇာပင်ဖြစ်နေတယ်ဆိုတာကို ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီခေါင်းဆောင်တွေ သိထားဖို့လိုအပ်တယ်။ မိမိဘ၀ရပ်တည်ရေးအတွက် ဘင်္ဂလီအုပ်စုတွေကို ချနင်းခံရတာဖြစ်သလို ဘင်္ဂလီအုပ်စုတွေအနေနဲ့လည်း ဒီကိစ္စကို ဆန့်ကျင်ဖို့လိုအပ်တယ်။

ရိုဟင်ဂျာတိုင်းရင်း သားဖြစ်ခဲ့ရင် --- ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရန်ကုန်၊ မန္တလေး အစရှိတဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ မော်လ၀ီတွေ၊ ပညာတတ် မွတ်ဆလင် ဘာသာဝင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေပါ နောက်ကွယ်ကအခိုင်အမာရပ်ပေးနေတာ သေချာသလို
ပေါ်ပေါ်ထင်ထင်ရပ်ပေးတာတွေလည်း ရှိတယ်။ (ဥပမာ ရန်ကုန်က တရားလွှတ်တော်ရှေ့နေ မွတ်ဆလင်ဦးခင်မောင်ချိုရဲ့ နိုင်ငံတော်သို့ တင်ပြချက်စာတမ်းမှာ နိုင်ငံသားလို့မသုံးဘဲ တိုင်းရင်းသားအဖြစ် သုံးစွဲခြင်းမျိုးနဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ သမိုင်းလိမ်တွေကို သက်ဝင်ယုံကြည်ချက်တွေဖြစ်တယ်။)

ဆိုတော့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မြန်မာတိုင်းရင်းသားဖြစ်ရေးဘက်က မရပ်ဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ရင် ပြဿနာတွေ၊ ပဋိပက္ခတွေ ဆက်လက်တောက်လောင်စရာ မမြင်ပါဘူး။

ရခိုင်ပြည်ရဲ့ အခြားတဘက်မှာရှိတဲ့ မွတ်ဆလင်တွေဟာ နိုင်ငံသားဖြစ်ရေး ၊ နိုင်ငံသားတွေရဲ့ တန်းတူအခွင့်အရေးတွေပေါ်မှာသာ ရပ်တည်သင့်ကြောင်း၊ ရိုဟင်ဂျာတိုင်းရင်းသားမူကို စွန့်သင့်ကြောင်း ပြောဖို့လိုအပ်သလို ဆန့်ကျင်ဖို့လဲလိုအပ်တယ်။ အဲဒီလို မဟုတ်ဘဲ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးမူနဲ့ ရိုဟင်ဂျာသမိုင်း လိမ်တွေကိုသာ ဆက်ပြီးကိုင်စွဲနေရင် ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အမုန်းမီးတောက်တွေ ဆက်ဖြစ်လာပြီး မြန်မာတိုင်းရင်းသားတွေ လက်မခံနိုင်တဲ့ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေ တိုင်းရင်းသားဖြစ်ရေးမူကို ဆန့်ကျင်ရေးမှတဆင့် မွတ်ဆလင် မုန်းတီးရေးကို ရောက်သွားနိုင်ပါတယ်။

တဘက်မှာလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေရဲ့ မဟာဗျူဟာဖြစ်တဲ့ “ဘာသာရေးပဋိပက္ခ“ အသွင်မျိုးကို မရောက်သွားဖို့၊ မဖြစ်ဖို့ ရခိုင်ပြည်ရဲ့ အခြားတဘက်မှာရှိတဲ့ မွတ်ဆလင်အဖွဲ့ အစည်းတွေမှာလည်း တာဝန်ရှိတယ်ဆိုတာ ပြောချင်တယ်။ ဘာသာရေး ပဋိပက္ခဖြစ်ရေးကို ရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေရဲ့ မဟာဗျူဟာဆိုတာ ယခင်ဆောင်းပါးအချို့မှာ ထောက်ပြခဲ့ဖူးတယ်။

နိုင်ငံသားဖြစ်ရေး၊ နိုင်ငံသားတွေရဲ့ တန်းတူအခွင့်အရေးတွေပေါ်မှာ ရပ်တည်ခြင်းဟာ မြန်မာတိုင်းရင်းသားပေါင်းစုံရဲ့ နားလည်စာနာမှုကို ရရှိနိုင်မှာဖြစ်သလို ပဋိပက္ခတွေ၊ ပြဿနာတွေကိုလည်း ငြိမ်းသတ်ရာရောက်ပါလိမ့်မယ်။ သမိုင်းလိမ်၊ သမိုင်းတုတွေနဲ့ ရိုဟင်ဂျာတိုင်းရင်းသားဖြစ်ရေးကို ဆက်လက်ဆုပ်ကိုင်ထားသမျှ ကာလပတ်လုံး ပဋိပက္ခတွေ၊ ပြဿနာတွေလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာကတော့ သေချာပါတယ်။

လူ့အခွင့်အရေးအတွက် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာနဲ့ အပေးအယူလုပ်တဲ့ အစိုးရဆိုတာ ကမ္ဘာမှာ မရှိသလို တကယ်လို့ရှိလာခဲ့ရင်လည်း လူထုက လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး ။ ။

ခိုင်လင်း (မေဃ၀တီ)
မေ(၁၂)၂၀၁၃ ။ ညး ၉း ၁၆

No comments: