တောင်ကြီး တန်ဆောင်တိုင်ကို ကယ်တင်ပေးကြပါ

နိုဝင်ဘာ ၂၇၊ ၂၀၁၂

မြန်မာနိုင်ငံမှာ ထင်းရှားကျော်ကြားတဲ့ ဘာသာရေးအလှူအတန်း ပွဲတော်ဖြစ်တဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုင်ငံ့ဝန်ထမ်းအရာရှိများမှ မိမိကိုယ်ကျိုးစီးပွားအတွက် လှောင်းကစားဝိုင်းမှား ဖွင့်လှစ်ပြီး အခွန်ကောက်ခံနေတဲ့ကိစ္စကို အမြင်မတော်တဲ့ တောင်ကြီးမြို့ခံ တစ်ဦးမှ စာရေးပေးပို့ချက်ကို တင်ပြထားပါတယ်။

နိုင်ငံ့ခေါင်းဆောင်များ သိရှိစေရန်

၁။ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ပွဲတော်ကျင်းပရေးကော်မတီမှ ခွင့်ပြုထားတဲ့ လောင်းကစားနည်း (၇) မျိုးမှာ အောက်ပါ အတိုင်းဖြစ်တယ်။
- မြားပစ်ကစားနည်း
- ဘဲခေါင်းစွပ်ကစားနည်း
- ဘောလုံးအသင်းရွေးချယ်ကစားနည်း
-လေယာဉ်ပျံကစားနည်း
-မော်တော်ကားကစားနည်း
-သရေကွင်းပစ်ကစားနည်း
-ကံစမ်းမဲဖောက်ကစားနည်း

၂။ ပွဲခင်းအတွင်းမှာ လက်ရှိကစားနေလျှက်ရှိတဲ့ လောင်းကစားတွေကတော့
-ရွှေဘောလုံးလောင်းကစား (ဘောလုံးပစ်ဟုပြောဆို)
-၁၀ ဆ လောင်းကစား(မဲနှိုက်ဟု ပြောဆို)
-စက်ပန်းလောင်းကစား (ဘောလုံးအသင်းရွေးဟုပြောဆို)
-၃ ဆလောင်းကစား (လေယာဉ်ပျံကစားနည်းဟုပြော)
-မြားပစ်ကစားနည်း

၃။ လောင်းကစားလုပ်ငန်းတွေကို ကန်ထရိုက်အဖြစ် ဆောင်ရွက်နေသူ ဦးကျော်လင်း က ပွဲကော်မတီထံမှ ငွေကျပ် သိန်းပေါင်း(၈၂၀) ကျပ်နဲ့ လေလံရယူပြီး ပွဲတော်လုံခြုံရေးကော်မတီမှ ရဲအရာရှိကြီးရဲ့ ခွင့်ပြုချက်ရယူပြီးတော့ လောင်းကစားနည်းတွေကို ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

၎။ တောင်ကြီးတန်ဆောင်တိုင်မှာ လောင်းကစားဝိုင်းတွေမပါဘူးလို့ လူကြားကောင်းအောင်ပြောလို့ နယ်က မိဘများဟာ သူတို့ရဲ့သားသမီးတွေကို တန်ဆောင်တိုင်လည်ဖို့ စေလွှတ်လိုက်တာ တကယ်တမ်းပွဲမှာ လောင်းကစားဝိုင်းတွေပါတယ်လို့ သိရတဲ့ အတွက်သူတို့ရဲ့ သားသမီးတွေကို ဖုန်းဆက်ပြီးပြန်ခေါ်နေတယ်လို့ သိရပါတယ်။

၅။ နိုင်ငံအကြီးအကဲ ခေါင်းဆောင်များအနေနဲ့ မြို့တော် တောင်ကြီးရဲ့တန်ဆောင်တိုင် ပွဲတော်ကြီးကို ကယ်တင်ပေးပါအုန်းလို့ တင်ပြလိုက်ရပါတယ် ။

တောင်ကြီးမြို့ခံ

No comments: