လူထုအကျိုးပြု ဆွေးနွေးလှုပ်ရှားမှုများ ခွန်တန်နွယ် လူငယ်မောင်မယ်များ ဦးဆောင်

ခွန်စိမ်းမောင် (တောင်ကြီး)၊ နိုဝင်ဘာလ ၃ ၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

မွန်ပြည်နယ်အတွင်းရှိ ခွန်တန်နွယ် ကွန်ယက် ပအိုဝ်းတိုင်းရင်းသား လူငယ်မောင်မယ်များ ဦးဆောင်မှုမှ အားရစရာကောင်းသော လူထုအကျိုးပြု ဆွေးနွေးနှီးနှော်ဖလှယ် လှူပ်ရှားမှုများကို သထုံမြို့၊ ကျိုက်ထိုမြို့၊ ပေါင်မြို့၊ ဘီးလင်းမြို့နယ်အသီးသီး စည်းလုံးညီညွတ် အောင်မြင်စွာဖြင့် ကျင်းပနိုင်ကြောင်း သိရပါသည်။



ပေါင်မြို့နယ်အုန်းတပင်ကျေးရွာ ခွန်တန်နွယ် လူငယ်မောင်မယ် တွေ့ဆုံဆွေးနွေးပွဲ။
( ၂၈ .၁၀ .၂၀၁၂ )
ခွန်တန်နွယ်ကွန်ယက် ဦးဆောင်မှုဖြင့် ပထမဆုံးအနေဖြင့် ပြည့်သူနီတိပညာရပ် Civic Education သင်တန်းကို ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များနဲ့ ပေါင်မြို့နယ် အုန်းတပင်ကျေးရွာ၊ ကျောက်ေ၇တွင်းကျေး၇ွာ နှင့် ဘီးလင်းမြို့နယ် ဒေါက်ရပ်ခဲမောက်ကျေးရွာ မှာ ပူးပေါင်းမှုတွေ အားကောင်းစွာနဲ့ ပွင့်လင်းလူအဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက်တွေ့ဆုံပွဲများ လှည့်လည်ပြုလုပ်လျက် ရှိသည်။

“ဟုတ်ကဲ့ ပြီးခဲ့တဲ့အပတ်တုန်းက ကျမတို့ လူငယ်တွေကြားမှာ ပြည့်သူနီတိပညာရပ် (Civic Dducation)၊ လူထုစည်းရုံး လှုံဆော်ရေးလုပ်ငန်းနဲ့ လူငယ်စွမ်းရည်မြင့်တင်ရေးအခန်း ကဏ္ကများကို အဓိကလုပ်ဆောင်နေပါတယ် “ ဟု ခွန်တန်နွယ်ကွန်ယက် လူငယ်ခေါင်းဆောင် အမျိုးသမီး တစ်ဦးက ပြောပါသည်။


သထုံမြို့နယ် ကျိုက်က္ကော်ကျေးရွာအုပ်စု၊ ၇ွာကြားကျေးရွာ စုပေါင်းဘုံကထိန်
လည့်လည်ပွဲတွင်ခွန်တန်နွယ်ကွန်ယက် လူငယ်မောင်မယ်များ
စုပေါင်းပါဝင် လည့်လည်ပုံ။ ( ၂.၁၁.၂၀၁၂ )

မွန်ပြည်နယ်ရှိ ပအိုဝ်းတိုင်းရင်းသားတို့၏ အမျိုးသားရေးရာနဲ့ပတ်သက်ပြီး ၁။ ပညာရေး မြင့်တင်ရန်၊ ၂။ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ရန်၊ ၃။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးရန် စသည့် အကြောင်းအရာများကို လွတ်လပ်ပွင့်လင်းစွာနဲ့ သထုံဒေသ ခွန်တန်နွယ်ကွန်ယက် ပအိုဝ်းတိုင်းရင်းသားလူငယ်မောင်မယ်များမှ ပြီးခဲ့သည် အောက်တိုဘာလတွင် သထုံမြို့ မဟာအောင်မြေ ရွှေဘုံကျောင်းတိုက်တွင် ဖွဲ့စည်းခဲ့ပါသည်။

No comments: