အမေရိကန် ပြည်ထောင်စု မဲန်နီဆိုးတာပြည်နယ်ရှိ စိန့်ပေါလ်ကောလိပ်ကျောင်း မဂ္ဂဇင်းစာစောင် မျက်နှာဖုံးတွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြသည့် မြန်မာနိုင်ငံသားတစ်ဦး

ခွန်သောမတ်စ် (တောင်ကြီး) ၊ ၅ နိုဝင်ဘာလ ၂၀၁၂ ခုနှစ်၊ တောင်ကြီးတိုင်းမ်

အမေရိကန် ပြည်ထောင်စု မဲန်နီဆိုးတာပြည်နယ်ရှိ စိန့်ပေါလ်ကောလိပ်ကျောင်းမှ ထုတ်ဝေတဲ့ စိန့်ပေါလ်ကောလိပ် မဂ္ဂဇင်းစာစောင်တွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြသည့် မြန်မာနိုင်ငံသား မှာ ပအိုဝ်းအမျိုးသားတစ်ဦးဖြစ် ပန်းချီ ဒီဇိုင်းဆရာ ခွန်မျိုးငယ် ဖြစ်ကြောင်း သိရပါသည်။

စိန့်ပေါလ်ကောလိပ်ကျောင်းမှ ထုတ်ဝေတဲ့ စိန့်ပေါလ်ကောလိပ်ဂုဏ်ပြု မဂ္ဂဇင်း စာစောင်တွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြခံခဲ့ရသည့်အတွက် မြန်မာနိုင်ငံသား ပအိုဝ်းအမျိုးသားတစ်ယောက်အနေနှင့် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ခွန်မျိုးငယ်က သူရဲ့ ဖေစ့်ဘုတ်မှာ ရေးသား ဖော်ပြထားပါသည်။

ထိုအတူပဲ အမေရိကန်နိုင်ငံရှိ သီတဂူဓမ္မဝိဟာရကျောင်းတိုက်မှာလည်း အမြဲတမ်းဝေယျာဝေစ္စ ကုသိုလ်ရှင် ဒီဇိုင်နာကြီး ကိုခွန်မျိုးငယ်အား စိန့်ပေါလ်ကောလိပ် ဂုဏ်ပြု စာစောင်တွင် ဂုဏ်ပြုမှတ်တမ်းတင် ဖော်ပြခဲ့ရသည့်အတွက် ဒကာ ကိုခွန်မျိုးငယ်နှင့်အတူ သီတဂူဓမ္မဝိဟာရ တပည့် ဒကာ ဒကာမများမှ ထပ်တူ ဝမ်းမြောက်ပါသည်။

“ကျနော်တို့ ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ဝေတဲ့ စာစောင်တွေ့မှာ ကာတွန်းရေးပေးခဲ့ဖူးတယ်။ ပြီးတော့ ကျနော်တို့ ဘန်ကောက်မှ အရင်တုန်းက ကျင်းပခဲ့တဲ့ ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ်ပန်းချီတွေ့လဲ ရေးပေးခဲ့ဖူးတယ်။ အခုလို့ အမေရိကန်နိုင်ငံမှာ နာမည်ကြီး စိန့်ပေါလ်ကောလိပ်ကျောင်း စာစောင်မျက်နှာဖုံးမှာ ဖော်ပြတယ်ဆိုတော့ ကျနော်တို့လည်း ထပ်တူ ဂုဏ်ယူပါတယ်” ဟု ထိုင်းနိုင်ငံ ဘန်ကောက်ရောက် ပအိုဝ်းမဂ္ဂဇင်း နှင့် နီလိတ်စောင် ထုတ်ဝေသူ ခွန်မွေး(ဟိုပုံး) ကပြောပါသည်။


1 comment:

Mr. Koe said...

ကျနော်တို့ မြန်မာနိုင်ငံက ပအိုးဝ်တိုင်းရင်းသားတဦးရဲ့အောင်မြင်မှုဟာ ကျနော်တို့ နိုင်ငံရဲ့အောင်မြင်မှုပါဘဲ..ဒါကြောင့် ကျနော်တို့ မီနီဆိုးတာရောက်မြန်မာတိုင်းရင်းသားအားလုံးကလည်းဂုဏ်ယူဝမ်းမြောက်ပီတိဖြစ်ကြပါတယ်ခင်ဗျာ...။