၂၀၁၀ ရွေးကောက်ပွဲ ကန့်ကွက်သည့် အခမ်းအနား ဂျပန်တွင်ကျင်းပ


ခွန်ခမ်းတန်
၂၀၁၀ ခုနှစ် မတ်လ(၂၈)ရက်။


ဂျ
ပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)မှကြီးမှူး၍ နအဖစစ်အုပ်စု စစ်အာဏာတည်မြဲပြီး တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ(၅)ရပ်နှင့် နည်းဥပဒေများအား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားတရပ်အား တိုကျို Toshimaku မြို့ နယ် Minami Otsuka Da Ichi ခမ်းမ၌ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၀၈ အတင်းအဓမ္မ အတည်ပြုခဲ့သည့် နာဂစ်ဥပဒေကို အတည်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာပြည်သူ တရပ်လုံးအတွက် အကျိုးမပြုသည်သာမက တိုင်းရင်းသားလူမျိုးစုအသီးသီး၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးတိုကိုလည်း မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်။ တနည်းအားဖြစ်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲရလဒ်သည် နအဖစစ်အုပ်စု စစ်အာဏာတည်မြဲပြီး ဥပဒေအရ အခိုင်အမာ သက်သေထူရန်သာဖြစ်သည်။

ထိုကြောင့် ယနေ့  ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် ယနေ့ ပြည်သူများ ရင်ဆိုင်နေရသော အထွေထွေ အကျပ်အတည်းများကို ပြေလည်ဖြေရှင်းနိုင်မည့် အဖြေမဟုတ်သည့်အတွက် ၂၀၁၀ရွေးကောက်ပွဲအား ရှုတ်ချ ကန့်ကွက်သွားကြရန်နှင့် အတင်းအဓမ္မကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ ရလဒ်ကိုလည်း နိုင်ငံတကာမှ အသိအမှတ်မပြုကြရန် ရည်ရွယ် ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။


အခမ်းအနားအစီအစဉ်
် ဂျပန်နိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးတို့မှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုမည့် ၂၀၁၀ ရွေးကောက်ပွဲအား မိမိတို့၏ အမျိုးသားကိုယ်စားပြုကာ အသီးသီးရှုဒေါင့်အမျိုးမျိုးဖြင့် ဆွေးနွေးကာ ကန့်ကွက်သွားခဲ့ကြသည့်အပြင် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း ကန့်ကွက်ပြောကြားသွားခဲ့ပါသည်။

တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးတို့မှလည်း မိမိတို့၏ ဆန္ဒသဘောထားပါဝင်သည့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အများ၏ဆန္ဒသဘောထား ရယူကာ သဘောထားကြေညာချက်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဤအခမ်းအနားတွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသားအင်အားစုများ စုစုပေါင်း 100 ကျော်ခန့် တက်ရောက်ပါဝင်ခဲ့ကြပါသည်။

No comments: