အမျိုးသားခေါင်းဆောင် - National Leader

အမြင်ဆောင်းပါး | စါင်ဖါအောင် နှင့် ဗွေးစါင်ပေ | မေလ ၈ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

လွန်ခဲ့သောလပိုင်းမှ စ၍ ပအိုဝ်းလူကြီး၊ လူငယ်၊ နိုင်ငံရေး အသိုင်းအ၀ိုင်းများအကြားတွင်အမျိုးသားခေါင်းဆောင်ဟူသော အပြောအဆို သုံးနှုန်းမှုများ ရှိလာခဲ့သည်ကို တွေ့ရှိရသည်။ အထူးသဖြင့် ကျန်းမာရေး မကောင်းသော်လည်း ဇွဲကောင်းကောင်းဖြင့် PNO နာယကကြီး ဦးအောင်ခမ်းထီ ကိုယ်တိုင် သန်းခေါင်စာရင်း အကြို လူထုတွေ့ဆုံပွဲများတွင် ပို၍ သုံးစွဲလာသည်ကို တွေ့မြင်ရသည်။ 

ဆီဆိုင် နှင့် တောင်ကြီးမြို့များတွင် အကြီးအကဲ သြ၀ါဒခံယူပွဲစတိုင် ပြုလုပ်သော လူထုဆွေးနွေးပွဲများ၌ နာယကကြီး အနေနှင့် (Monologue) ဆန်ဆန်  ဟောကြားမှုများတွင်လည်း ပအိုဝ်း၌ခေါင်းဆောင်မရှိသေးဟူ၍ PNLO ခေါင်းဆောင်တဦး ပြောခြင်းကို ထောက်ပြခဲ့လေသည်။ ဤသို့ အကြောင်းကြောင်းကို ထောက်ရှု၍ စာရေးသူနှင့် ဗွေးစါင်ပေ တို့သည် အချက်အလက် ရှာဖွေရန် ဇင်းမယ်မြို့သို့ သွားရောက်ခဲ့ကြပြီး လက်လှမ်းမီရာ ပအိုဝ်းခေါင်းဆောင်များကို တွေ့ဆုံမေးမြန်း ခဲ့ရသည်။

ရန်ကုန်မြို့၌ ကျင်းပသောတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း ညှိနှိုင်းဆွေး နွေးပွဲအပြီး ပြန်ရောက်လာသော NCCT အဖွဲ့ဝင် တဦးဖြစ်သူ PNLO နာယက ဦးခွန်ဥက္ကာ ကိုလည်း သူ အလုပ်များသည့် ကြားက သွားရောက်တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့သည်။ ဦးခွန်ဥက္ကာ ကလည်း ၀မ်းသာအားရပင်      “ စါင်ဖါအောင် တို့ အခုလို စာရေးဖို့ ကုန်ကြမ်းရှာတာ သိပ်ကောင်းတယ် ကျနော်တို့ ပအိုဝ်းတွေမှာ လူငယ်ပိုင်းက စာရေးတာ နည်းနည်းပါးပါး ရှိပေမဲ့ လူကြီးပိုင်းတွေက သိပ်မရေးကြဘူး၊ အလုပ်ကလည်း သိပ်မအားကြဘူး ဟုတ်လား ဟု နှုတ်ဆက်ပြီး အခု ကျနော် လေ့လာထားတာ ရှင်းပြပါ့မယ် ဟူ၍ အောက်ပါအတိုင်း ရှင်းလင်း ဆွေးနွေးပါသည်။

ကျနော်တို့ မဒတ တပ်ပေါင်းစုတခေတ်၊ ၁၉၈၈ ခုနှစ်နောက်ပိုင်း၊ ၁၉၉၀ - ခု ရွေးကောက်ပွဲ ကာလ တွေမှာလဲ ဒီအမျိုးသားခေါင်းဆောင်ကိစပေါ်ဘူးပါတယ်၊ အဲဒီတုန်းကတော့ဒေါ်အောင်ဆန်းစုကြည်ပေါ့၊ မီဒီယာတွေမှာ အမျိုးမျိုး ရေးကြပေမဲ့လည်း တပ်ပေါင်းစုဖြစ်တဲ့ NDF / DAB နဲ့ NCUB ကတော့ ဒေါ်အောင်ဆန်းစုကြည် ကိုအမျိုးသားခေါင်းဆောင်အဆင့် မသတ်မှတ်ခဲ့ပါဘူး။ ပြည့်သူ့ခေါင်းဆောင်၊ဒီမိုကရေစီခေါင်းဆောင်စသည် ဖြင့် တရားဝင်ခေါ်ခဲ့ပါတယ်။

မြန်မာခေတ်သမိုင်းမှာအမျိုးသားခေါင်းဆောင်အဆင့် ရရှိတာလွတ်လပ်ရေး ပိသုကာ - ဗိုလ်ချုပ် အောင်ဆန်းတဦးထဲ ရှိပါသေးတယ်။ ဒီနေရာမှာအမျိုးသားဆိုတဲ့ဝေါဟာရသတ်မှတ်ချက်ကို အရင် အဓိ ပ္ပါယ် ဖွင့်ရပါလိမ့်မယ်။ ပထမကတော့ နိုင်ငံတနိုင်ငံ အတွင်းမှာ ရှိတဲ့ တိုင်းသူပြည်သားအားလုံး / နိုင်ငံသား အားလုံးကို ခြုံပြီးအမျိုးသားလို့ ခေါ်တာရှိပါတယ်၊ ပြည်ထောင်စုနိုင်ငံဆိုရင်လဲ ပြည်ထောင်စု တ၀ှမ်းလုံးကို လွှမ်းခြုံတဲ့ အဓိပ္ပါယ်ပဲပေါ့။ ဒီ အခြေခံ အယူအဆအရ ဆိုလျှင် မြန်မာပြည်ကို ကိုလိုနီ လက်အောက်က လွတ်မြောက်ရေး၊ ပင်လုံမှာ ညီညွတ်ရေးစာချုပ် ချုပ်ဆိုနိုင်ခြင်းမှ လွတ်လပ်ရေး ကြိုးပမ်းနိုင်မှုတွေကိုလဲ တနိုင်ငံလုံးအတိုင်းအတာ ဆောင်တဲ့ ဦးဆောင်မှုကို လုပ်နိုင်တဲ့ ခေါင်းဆောင်ဟာနိုင်ငံခေါင်းဆောင် (၀ါ) အမျိုးသားခေါင်းဆောင်ဖြစ်ပါ တယ်။

ထို့ကြောင့် အဖေဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသားခေါင်းဆောင်ဖြစ်ပြီးတော့ သူ့သမီး ဒေါ် အောင်ဆန်းစုကြည် ဟာ အမျိုးသားခေါင်းဆောင် အဆင့် မရောက်သေးတာ ဖြစ်ပါတယ် လို့ ယူဆကြပါတယ်။

နောက် ဒုတိယတချက်အနေနှင့်အမျိုးသားကိုလူမျိုးလို့ အဓိပ္ပါယ်ဖွင့်ဆိုတာလဲ ရှိပါတယ်။ ဥပမာအမျိုးသားဒီမိုကရေစီတပ်ပေါင်းစုဆိုရာ ၁၉၇၆ - က စပြီး ယ္ခုအချိန်အထိ ရှိနေခဲ့တာအမျိုးသားဆိုတာကိုလူမျိုးလို့ အဓိပ္ပါယ်ဖွင့်တဲ့ တပ်ပေါင်းစုလည်း ဖြစ်ပါတယ်။ လူမျိုးကိုအခြေခံတဲ့ နိုင်ငံရေး/စစ်ရေး အဖွဲ့အစည်း တွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ရည်မှန်းချက်နဲ့တပ်ပေါင်းစုတည်ဆောက်တဲ့နေရာမှာ ပအိုဝ်းလူမျိုး အဖွဲ့အစည်းများ အနေနဲ့လည်း စဉ်ဆက်မပြတ် ပါဝင်ခဲ့ပါတယ်။ ထားပါတော့ ဒီနေရာမှာ ခေါင်းဆောင်ကိစ္စ ပြောတာဖြစ်တော့ကရင်လူမျိုးခေါင်းဆောင်ဟာ - စောဘဦးကြီး ဖြစ်ပါတယ်သူ့ကိုကရင်အမျိုးသားခေါင်းဆောင်လို့ ခေါ်ပါတယ်။ သို့သော် လူမျိုးရဲ့ နာမည်ကို ရှေ့ကနေ ဖြည့်ရပါမယ်။ (ဥပမာ) ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး၊ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖါဖြားဗွာ ဦးလှဖေ၊ - စသဖြင့်ပေါ့။

ဒီနေရာမှာ လူမျိုးရဲ့ အမျိုးသားခေါင်းဆောင်ဖြစ်ဖို့ ဆိုတာဟာလည်း မူလလူမျိုး တမျိုးသားလုံးက / ပြည် သူများက သတ်မှတ်ပေး အသိအမှတ်ပြုရမည့် အမည် / ဘ၀တူ တိုင်းရင်းသား ညီနောင် အသီးသီးကလည်း သတ်မှတ်ပေး / အသိအမှတ် ပြုပေးရမဲ့ အဆင့် ဖြစ်ပါတယ်။ ဒေသတခု၊ လူတစုကသာ အသိအမှတ် ပြုပေးလို့ မရသလို မိမိဖါသာ ဖန်တီးယူလို့လည်း မရပါဘူး။ နိုင်ငံရေးမှာခေါ်တဲ့ ပေါ်ပြူလစ် ပေါ်လစီနဲ့လဲ မတူပါဘူး၊ နောက်ပြီး လျော့တွက်လို့ မရတဲ့ အခြေခံကြမ်းခင်းဈေး အရည်အချင်းများကလည်း ရှိရပါဦးမယ်။ လေ့လာထား သမျှ ပြောရရင် အရည်အချင်းတွေကတော့ -

           ၁။       ကိုယ်ကျိုးစွန့်ခြင်း၊ အနစ်နာခံခြင်း၊ လူမျိုးအကျိုးစီးပွားကို ဦးထိပ်ထားခြင်း။
           ၂။       နာယကဂုဏ် () ပါး (ထကြွ၊ နိုးကြား၊ သနား၊ သီးခံ၊ ဝေဘန်၊ ထောက်ရှု - ပြည့်စုံခြင်း)
၃။       မိမိလူမျိုးကို နေရာဒေသမရွေး၊ ပါတီအယူဝါဒမရွေး၊ ကိုးကွယ်ရာဘာသာမရွေး၊ အသက် အရွယ် နှင့် ကျား/ မရွေး၊ ဆင်းရဲချမ်းသာ အယုတ်အလတ် အမြတ် မရွေးဘဲ တန်းတူရည်တူ ဆက်ဆံခြင်း၊ တပြေးညီ ဆက်ဆံခြင်း၊ ခွဲခြားဆက်ဆံမှု မရှိခြင်း။
၎။       မိမိ၏ မူလလူမျိုး ဖြစ်ခြင်းကို လူမျိုးလက္ခဏာ ထိန်းသိမ်းမြှင့်တင်ခြင်းနှင့် အခြားလူမျိုးများနှင့် ရင်ဘောင်တန်း ဆက်ဆံနိုင်သော အရည်အချင်းရှိခြင်း။
၅။       ကိုယ်စားပြုမှု တပြေးညီရှိခြင်း၊ အသိအမှတ်ပြုမှု ရရှိခြင်း၊ မိမိ၏ မူလပြည်သူများ၏ အသိအမှတ် ပြုမှု အပြင် ဘ၀တူများ၏ အသိအမှတ်ပြုမှုကိုပါ ရရှိခြင်း။
၆။       အမျှော်အမြင်ရှိခြင်း၊ လူမျိုး၏ ရှေ့ရေးကံကြမ္မာကို နောက် ()နှစ်၊ (၁၀)နှစ်၊ အနှစ်(၂၀) စသည်ဖြင့် တင်ကြိုမျှော်မှန်းပြီး အမျိုးသားနိုင်ငံရေး၊ အမျိုးသားကျန်းမာရေး / ပညာရေး / စီးပွားရေး စသော စီမံချက်များကို လွှမ်းခြုံ လမ်းညွှန် ချမှတ်ပေးနိုင်သူ ဖြစ်ခြင်း။
၇။       အမျိုးသားညီညွတ်ရေးကို မူအရရော၊ လုပ်ငန်းအရပါ ကြိုးပမ်းဆောင်ရွက်နိုင်သူ ဖြစ်ခြင်း။ - စသည် တို့ဘဲ ဖြစ်ပါတယ်။

အဲ့သလို ဗိုလ်မှူးကြီး ခွန်ဥက္ကာ က သူ့လေ့လာချက်တွေကို ရှင်းပြပေးပြီးတဲ့နောက်မှာကျနော်တို့ ပအိုဝ်းမှာ ဖါဖြားဗွာ ဦးလှဖေ ပြီးရင် နောက်ထပ် အမျိုးသားခေါင်းဆောင် အဆင့် ရှိသူကို မတွေ့ရှိရသေးပါဘူးလို့ မှတ်ချက်ချသွားပါတယ်။ခင်ဗျားကိုယ်တိုင်ကောလို့ စာရေးသူကပြီး မေးကြည့်တော့ကျနော်လားဗျာ၊ ဝေးပါသေးတယ်၊ အမျိုးသားခေါင်းဆောင်ဆိုတာရဲ့ ခြေဖ၀ါးက ဖုံမှုန့် တမှုန့်လောက်ပဲ ရှိပါသေးတယ်ဗျာ - ဟဲ ဟဲ ဟဲဟု ရယ်ကျဲကျဲ နှင့် ပြန်ဖြေခဲ့ပါသည်။

ထို့နောက် စာရေးသူ နှင့် ဗွေးစါင်ပေ တို့သည် ဇင်းမယ်မြို့၊ ၀ပ်နောင်ခမ်း ဘုန်းတော်ကြီးကျောင်းသို့ လည်ပတ်ပြီး ရှေ့မီနောက်မီ ဦးဇင်းတပါး နှင့် ထပ်မံ၍ ဆွေးနွေးခဲ့ရပေသည်။ ယင်း ဦးဇင်း ကလည်း ပအိုဝ်းအမျိုး သားခေါင်းဆောင် အနေနှင့် ဦးလှဖေကြီး ကိုသာ သတ်မှတ်ပြီးနောက်၊ ဦးလှဖေ ပအိုဝ်းလူမျိုးတို့ အပေါ် မျက်စိ၊ နား ဖွင့်ပေးခဲ့သူ၊ အလင်းရောင်ကို ဆောင်ကျဉ်းပေးခဲ့သူ၊ တမျိုးသားလုံး ပဒေသရာဇ်စံနစ် လက်အောက် မှ လွတ်မြောက်ပြီး နိုင်ငံရေး၊ လူမှုရေး(ပညာ၊ကျန်းမာ) စီးပွားရေး ဘက်စုံ ဖွံ့ဖြိုးတိုးတက်ခဲ့ခြင်းကို ကိုယ်ကျိုးစွန့် အနစ်နာခံ သွားခဲ့ကြောင်းကို ပြန်လည် ပြေားကြာခဲ့ပါသည်။ ဦးလှဖေ ကွယ်လွန်ချိန်တွင် ပိုင်ဆိုင်မှု ဘာမျှ မရှိခဲ့ပါ။ စီးစရာ ကား၊ နေစရာတိုက်အိမ်ကြီး၊ အခြွေအရံများ လုံးဝ မရှိဘဲ အမျိုးသားခေါင်းဆောင် ပီသစွာ အာဇာနည် စိတ်ဓါတ်ဖြင့် အမျိုးသားအကျိုးကို ဆောင်ရွက်သူဟုလည်း တင်စားပြောဆိုခဲ့သည်။

ထို့အတွက်ကြောင့် ပအိုဝ်းလူမျိုးများ၏ အခြေအနေ နှင့် အချိန်အခါအတွက် စာရေးသူ၏ တွဲဘက် ဗွေးစါင်ပေ ၏ စဉ်းစားသုံးသပ်ချက်များမှာ

)       ပအိုဝ်းလူမျိုးတို့မှာ ဖါဖြားဗွာ ဦးလှဖေ ကွယ်လွန်ပြီးနောက်ပိုင်း အမျိုးသားခေါင်းဆောင် မရှိသေးသော ကြောင့် ပအိုဝ်းအမျိုးသားခေါင်းဆောင် ရှိရန် ယခု နိုင်ငံရေးအခြေအနေတောင်းဆိုချက် နှင့် ရေရှည် ပအိုဝ်းအမျိုးသားစီးပွား စည်းလုံးငြိမ်းချမ်းရေး အတွက် သာ၍ လိုအပ်သည်။

)       အမျိုးသားခေါင်းဆောင် ဦးဆောင်မှု ရှိမှသာ နောက်နောင်လာမည့် လူငယ်ခေါင်းဆောင်များ အတုယူ နိုင်ပြီး အမျိုးသားခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်မှသာ ရေရှည်ငြိမ်းချမ်း စည်းလုံးမှု ဖန်တီးနိုင်ခွင့် ပိုရှိမည်။ 

)       အမျိုးသားခေါင်းဆောင် တစ်ဦးဦး ရှိရန် လိုအပ်သည်။ တစ်ဦးထက်ပိုသော အမျိုးသားခေါင်းဆောင် ကောင်းများ ရှိရန် သာ၍ လိုအပ်သည်။ အမျိုးသားခေါင်းဆောင် တစ်ဦးဦးဖြစ်စေ တစ်ဦးထက် ပိုသော ခေါင်းဆောင်ကောင်းများဖြစ်စေ စည်းလုံးငြိမ်းချမ်းရေးကို အတူတကွ ရှေးရှုနိုင်ရေးကို ပိုဦးစိုက်စေပြီး တစ်ဦးတစ်ယောက်ကောင်း ခေါင်းဆောင်နိုင်မှု မရှိပါက ပူးပေါင်း ဦးဆောင်မှုဖြင့် လေးစား အသိအမှတ် ပြု ရိုင်းပင်းသွားကြခြင်း။

)       ရှေ့ထွက်၍ ဦးဆောင်သော အမျိုးသားခေါင်းဆောင် (visible leader) နှင့် နောက်ကွယ်မှ ဦးဆောင် ပံ့ပိုးပြီး လူထုများအား ခေါင်းဆောင်အဖြစ် နေရာပေး လုပ်ခိုင်း ဖြစ်ခိုင်းစေသော နောက်မှာနေသော ခေါင်းဆောင် (invisible leader)  များလည်း လိုအပ်သည်။

ထိုကဲ့သို့ တွဲဘက်စာရေးသူ ဗွေးစါင်ပေ က သူ့အမြင်ကို ထည့်သွင်း ဖေါ်ပြပြီးနောက် ဤဆောင်းပါး နိဂုံးမချုပ်မီ အင်တာနက် စာမျက်နှာပေါ်တွင် ဂန္ဒီကြီး နိုင်ငံရေးသမားများ အတွက် အဟန့်အတား () ချက် စာကို ဖတ်ရှုရသဖြင့် လွန်စွာသဘောကျမိ၍ စာဖတ်သူများ ဝေဖန်ချင့်ချိန်နိုင်ရန် ကူးယူ ဖေါ်ပြအပ်ပါသည်။ ဂန္ဒီကြီး ဆိုသည်မှာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဘခင်ကြီး ဖြစ်သည့်အပြင်အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်သည်ကို သတိမူရမည် ဖြစ်ပေသည်။

Seven Dangers of Politicians
နိုင်ငံရေးသမားများ အတွက် အန္တရာယ်ကြီး () ရပ်

၁။       Wealth without Work.
          အလုပ်မလုပ်ဘဲ (သို့မဟုတ်) ဟုတ်တိပတ်တိ အလုပ် မရှိဘဲ ချမ်းသာကြွယ်ဝနေခြင်း။
၂။       Pleasure without Conscience.
          ယုံကြည်ခံစားမှု မရှိဘဲ သာယာပျော်ရွှင်မှု ရယူခြင်း။
၃။       Knowledge without Character.
          ကိုယ်ကျင့်တရား မရှိဘဲ ဗဟုသုတ ကြွယ်ဝနေခြင်း။
၎။       Business without Ethics.
          ကိုယ်ကျင့်သိက္ခာ မရှိဘဲ စီးပွားရေးလုပ်ငန်း လုပ်နေခြင်း။
၅။       Science without Humanity.
          လူသားဝါဒကို နားမလည်ဘဲ သိပ္ပံနည်းပညာ တိုးတက်နေခြင်း။
၆။       Religion without Sacrifice.
          ကိုယ်ကျိုးစွန့် အနစ်နာခံမှု မရှိဘဲ ဘာသာရေးလိုက်စားခြင်း။
၇။       Politic without Principles.
          “မူမရှိဘဲ နိုင်ငံရေးလုပ်နေခြင်း။

ဒီ တပတ်တော့ အမျိုးသားခေါင်းဆောင် အကြောင်းကို ဤမျှနဲ့ဘဲ နိဂုံးချုပ်ခွင့် ပြုပါရန် - နောင်အလျဉ်း သင့်လျှင် ထပ်မံ ဖေါ်ပြပါမည်။

2 comments:

Unknown said...

ကျွန်တော်ကတော့ ဘဘကြီးဦးအောင်ခမ်းထီကို ကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်အဖြစ်မှတ်ယူပါသည်။ အမြင်ရှင်းပြသော ဆရာသမားတို့ကိုကျေးဇူးတင်သော်လည်း ဘဘကြီးကဲ့သို့ လေးစားကြည်ညိုလောက်စရာ စံနှုန်း တင်ပြသည့်ဆရာတို့တွင်ရှိမရှိမသိပါသောကြောင့် အဖေမရှိသော ကလေးဖြစ်မည့်အစား ပအိုဝ်းတစ်မျိုးသားလုံးအတွက် ဖခင်အဖြစ် ခေါင်းဆောင်အဖြစ် ဘဘကြီး ဦးအောင်ခမ်းထီ သာရှိသည့်ခံယူချက်ကို စွဲကိုင်သွားမည်ဖြစ်ပါသည်။ လေးစားစွာအမြင်တင်ပြအပ် ပါသည်ခင်ဗျာ။

Unknown said...

ကျွန်တော်ကတော့ ဘဘကြီးဦးအောင်ခမ်းထီကို ကျွန်တော်တို့ ပအိုဝ်းတစ်မျိုးသားလုံး၏ အမျိုးသားခေါင်းဆောင်အဖြစ်မှတ်ယူပါသည်။ အမြင်ရှင်းပြသော ဆရာသမားတို့ကိုကျေးဇူးတင်သော်လည်း ဘဘကြီးကဲ့သို့ လေးစားကြည်ညိုလောက်စရာ စံနှုန်း တင်ပြသည့်ဆရာတို့တွင်ရှိမရှိမသိပါသောကြောင့် အဖေမရှိသော ကလေးဖြစ်မည့်အစား ပအိုဝ်းတစ်မျိုးသားလုံးအတွက် ဖခင်အဖြစ် ခေါင်းဆောင်အဖြစ် ဘဘကြီး ဦးအောင်ခမ်းထီ သာရှိသည့်ခံယူချက်ကို စွဲကိုင်သွားမည်ဖြစ်ပါသည်။ လေးစားစွာအမြင်တင်ပြအပ် ပါသည်ခင်ဗျာ။