ပုလဲရတု ပအိုဝ်းစာပေပြန့်ပွားရေးနှင့် ဆရာဖြစ်သင်တန်းဆင်းပွဲပြုလုပ်

နန်းခမ်းဟွမ်နွိုး (တောင်ကြီး) မေလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ဟိုပုံးမြို့နယ် ရန်ကင်းဇေတိကာရာမကျောင်းတိုက်တွင် ယဉ်ကျေးလိမ္မာနှင့်ပအိုဝ်းစာပေဆရာများ ပေါ်ထွက်လာရေးအတွက် ပအိုဝ်းစာပေပြန့်ပွားရေးဗဟိုသံဃာအဖွဲ့ ဦးဆောင်ကာ ပုလဲရတု ပအိုဝ်းစာပေပြန့်ပွားရေးနှင့် ဆရာဖြစ်သင်တန်းကို မေလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မေလ ၆ ရက်နေ့ညတွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်

''ကျွန်မ ဒီသင်တန်းတက်တာ ကိုယ့်လူမျိုးကိုယ့်စာပေကို ချစ်လို့တက်တာပါ'' ဟု သင်တန်းကျောင်းသူ နန်းနင်းနင်းထွေးက ပြောသည်။

ပအိုဝ်းစာပေ ဆရာဖြစ်သင်တန်းကို နှစ်စဉ်နှစ်တိုင်း ကျင်းပလျှက်ရှိသည်။ ယခုသင်တန်းတွင် အကြိမ်သုံး ဆယ် (၃၀) မြောက် ရှိနေပြီဖြစ်သည်။ ယမန်နှစ် သင်တန်းများထက် ယခုနှစ်တွင် သင်တန်းသူသင်တန်းသား ပိုနည်းကြောင်း၊ ယခုနစ်တွင် သင်တန်းသူသင်တန်းသားနှင့် သံဃာတော်များစုစုပေါင်း ၁၉၇၉ ဦး ရှိပြီး၊ ကထိက ဆရာတော်ကြီး ၇ ပါးနှင့် အုပ်ချုပ်ဆရာတော် ၁၀ ပါး ရှိပြီး ရုံးတာဝန်ခံ ဆရာတော် ၄၁ ပါး နှင့်အတူ စုစုပေါင်း ၂၀၃၇ ရှိကြောင်း သိရသည်။

ယခင်နှစ်တွင် ပင်လောင်းမြို့နယ် ပင်ခွန်ဌာနတွင် သင်တန်းသား သုံးထောင်နီးပါး တက်ရောက် လေ့လာသင်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို မေလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မေလ ၆ ရက်နေ့ ညခြောက်နာရီတွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲအခန်းအနားကို ကျောင်းသားကျောင်းသူများက ”ပအိုဝ်းသွီး” သီချင်းဖြင့် ဖွင့်လှစ်ခဲ့သည်။ သင်တန်းဆင်းပွဲသို့ သင်တန်းသူ သင်တန်းသားမိဘများနှင့်အတူ ပရိတ်သတ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု ပိုမိုထွန်းကားအောင် ပအိုဝ်းအမျိုးသားဗဟိုသံင်္ဃာအဖွဲ့မှ နှစ်စဉ်နှစ်တိုင်း ဦးဆောင်ကျင့်ပကာ ယခုတွင် ပုလဲရတုအကြိမ်မြောက် ပအိုဝ်းစာပေပြန့်ပွားရေးနှင့် ယဉ်ကျေးလိမ္မာပအိုဝ်းစာပေ ဆရာပေါ်ထွက်ရေးသင်တန်းကို ဆက်လက်ပြုလုပ်သွားကြောင်း သိရသည်။

နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ဌာနဖြင့် နေရာဌာနပြောင်းရွေ့ ပြုလုပ်ကြောင်း၊ နောက်နှစ် (၃၁) ကြိမ်မြောက်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာသို့ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments: